ထုိင္းႏုိင္ငံေရာက္ ျမန္မာလုပ္သားမ်ားအတြက္ Date Collecting စင္တာတစ္ခုကို စမုစခြန္ခရို္င္တြင္ ဖြင့္လွစ္မည္

ထုိင္းႏုိင္ငံေရာက္ ျမန္မာလုပ္သားမ်ားအတြက္ Date Collecting စင္တာတစ္ခုကို စမုစခြန္ခရို္င္တြင္ ဖြင့္လွစ္မည္
အောက်တိုဘာ 13, 2018
By 🌸
ထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားမ်ား ယာယီႏုိင္ငံကူးလက္မွတ္သက္တမ္းတိုးျခင္းကို ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံရံုးတြင္ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးဌာနစိတ္(မနလ)ဖြင့္လွစ္၍ အထူးကိစၥရပ္အေနျဖင့္ ေဆာင္ရြက္ေပးေနၿပီး ျမန္မာလုပ္သားအမ်ားစုရိွသည့္ စမုစခြန္ခရိုင္တြင္လည္း ႏုိင္ငံကူးလက္မွတ္ ထုတ္ယူႏုိင္မည့္ Data Collection Center ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံေရာက္ ျမန္မာလုပ္သားမ်ားအား ၂၀၁၄ ခုႏွစ္ကထုတ္ေပးထားသည့္ ယာယီႏုိင္ငံကူးလက္မွတ္ (Temporary Passport) မ်ားမွာ မၾကာမီသက္တမ္းကုန္ဆံုးေတာ့မည္ျဖစ္ရာ သက္တမ္းတိုးျခင္းကို ျမန္မာသံရံုးတြင္ လုပ္ေပးမည္ျဖစ္ေသာ္လည္း လဲလွယ္ရမည့္ အလုပ္သမားအေရအတြက္မ်ားျပားၿပီး အလုပ္သမားမ်ား ႏုိင္ငံကူးလက္မွတ္ ပိုမိုအဆင္ေျပစြာထုတ္ယူရန္အတြက္ Data Collection Center ကို ထိုင္းႏိုင္ငံ၊ စမုစခြန္ခရိုင္တြင္ ဖြင့္လွစ္နိုင္ေရး ျမန္မာ၊ ထုိင္း ႏွစ္ႏုိင္ငံတာဝန္ရိွသူမ်ားက စီစဥ္ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါစင္တာဖြင့္လွစ္မည့္ရက္ကို သက္ဆုိင္ရာတာဝန္ရိွသူမ်ားက အတိအက်ေျပာၾကားထားျခင္း မရိွေသးေသာ္လည္း အဆိုပါစင္တာတြင္ ယာယီႏုိင္ငံကူးလက္မွတ္ (ခရမ္းေရာင္)မ်ား သက္တမ္းတိုးျခင္း၊ MOU ျဖင့္လာေရာက္ၿပီး (၄) နွစ္ျပည့္ၿပီးေနာက္ ႏုိင္ငံကူးလက္မွတ္သက္တမ္းတိုးျခင္းမ်ားကို လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံ ရေနာင္းၿမိဳ႕တြင္လည္း ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂၃)ရက္ေန႔က ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံညိႇႏိႈင္းမႈျဖင့္ ဆိုက္ေရာက္ျခင္းႏွင့္ ျပန္လည္ေပါင္းစည္းေရးစင္တာအား ဖြင့္လွစ္ထားၿပီး အဆိုပါစင္တာတြင္ ထိုင္းႏိုင္ငံေတာင္ပိုင္းသို႔လာေရာက္ အလုပ္လုပ္ကိုင္ၾကမည့္ ျမန္မာလုပ္သားမ်ားႏွင့္ ျမန္မာႏုိင္ငံသို႔ ျပန္လည္ထြက္ခြာၾကမည့္ ျမန္မာလုပ္သားမ်ား ဗီဇာတံုးထုျခင္း၊ workpermit ေဆာင္ရြက္ေပးျခင္း၊ အေထာက္အထားမျပည့္စံု၍ တရားမဝင္လုပ္သားျဖစ္ေနသူမ်ား ေနရပ္ျပန္ႏုိင္ေရး ေဆာင္ရြက္ေပးျခင္း၊ ထုိင္းႏုိင္ငံတြင္း ေရလုပ္ငန္းခြင္မွ ျမန္မာလုပ္သားမ်ား ေနထိုင္ခြင့္သက္တမ္း မကုန္မီ ျပန္လည္ထြက္ခြာျခင္း၊ passport ႏွင့္ စာရြက္စာတမ္းမ်ား ေဆာင္ရြက္ျခင္း ႏွင့္ MOU စနစ္ျဖင့္ျပန္လည္ ဝင္ေရာက္ ျခင္းမ်ားအား  ေဆာင္ရြက္ေပးေနေၾကင္း သိရသည္။

ယင္းအျပင္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား အကူအညီေတာင္းခံႏုိင္ရန္ႏွင့္ သက္ဆုိင္ရာ ႏုိင္ငံ၏ဥပေဒအတုိင္း ေဆြးေႏြးတုိင္ပင္ႏုိင္ရန္ အလုပ္သမားသံအရာ႐ွိ( ရေနာင္း ) ၏ ရံုးခန္းခြဲကိုလည္း အဆိုပါစခန္းအတြင္း ဖြင့္လွစ္သြားရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

photo: LA 
~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအတွက် Date Collecting စင်တာတစ်ခုကို စမုစခွန်ခရိုင်တွင် ဖွင့်လှစ်မည်
************
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ယာယီနိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်(မနလ)ဖွင့်လှစ်၍ အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက်ပေးနေပြီး မြန်မာလုပ်သားအများစုရှိသည့် စမုစခွန်ခရိုင်တွင်လည်း နိုင်ငံကူးလက်မှတ် ထုတ်ယူနိုင်မည့် Data Collection Center ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား ၂၀၁၄ ခုနှစ်ကထုတ်ပေးထားသည့် ယာယီနိုင်ငံကူးလက်မှတ် (Temporary Passport) များမှာ မကြာမီသက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ သက်တမ်းတိုးခြင်းကို မြန်မာသံရုံးတွင် လုပ်ပေးမည်ဖြစ်သော်လည်း လဲလှယ်ရမည့် အလုပ်သမားအရေအတွက်များပြားပြီး အလုပ်သမားများ နိုင်ငံကူးလက်မှတ် ပိုမိုအဆင်ပြေစွာထုတ်ယူရန်အတွက် Data Collection Center ကို ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင်တွင် ဖွင့်လှစ်နိုင်ရေး မြန်မာ၊ ထိုင်း နှစ်နိုင်ငံတာဝန်ရှိသူများက စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစင်တာဖွင့်လှစ်မည့်ရက်ကို သက်ဆိုင်ရာတာဝန်ရှိသူများက အတိအကျပြောကြားထားခြင်း မရှိသေးသော်လည်း အဆိုပါစင်တာတွင် ယာယီနိုင်ငံကူးလက်မှတ် (ခရမ်းရောင်)များ သက်တမ်းတိုးခြင်း၊ MOU ဖြင့်လာရောက်ပြီး (၄) နှစ်ပြည့်ပြီးနောက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းများကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ရနောင်းမြို့တွင်လည်း ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၃)ရက်နေ့က မြန်မာ - ထိုင်းနှစ်နိုင်ငံညှိနှိုင်းမှုဖြင့် ဆိုက်ရောက်ခြင်းနှင့် ပြန်လည်ပေါင်းစည်းရေးစင်တာအား ဖွင့်လှစ်ထားပြီး အဆိုပါစင်တာတွင် ထိုင်းနိုင်ငံတောင်ပိုင်းသို့လာရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာလုပ်သားများနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာကြမည့် မြန်မာလုပ်သားများ ဗီဇာတုံးထုခြင်း၊ workpermit ဆောင်ရွက်ပေးခြင်း၊ အထောက်အထားမပြည့်စုံ၍ တရားမဝင်လုပ်သားဖြစ်နေသူများ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ထိုင်းနိုင်ငံတွင်း ရေလုပ်ငန်းခွင်မှ မြန်မာလုပ်သားများ နေထိုင်ခွင့်သက်တမ်း မကုန်မီ ပြန်လည်ထွက်ခွာခြင်း၊ passport နှင့် စာရွက်စာတမ်းများ ဆောင်ရွက်ခြင်း နှင့် MOU စနစ်ဖြင့်ပြန်လည် ဝင်ရောက် ခြင်းများအား  ဆောင်ရွက်ပေးနေကြေင်း သိရသည်။

ယင်းအပြင် ရွှေ့ပြောင်းမြန်မာလုပ်သားများ အကူအညီတောင်းခံနိုင်ရန်နှင့် သက်ဆိုင်ရာ နိုင်ငံ၏ဥပဒေအတိုင်း ဆွေးနွေးတိုင်ပင်နိုင်ရန် အလုပ်သမားသံအရာရှိ( ရနောင်း ) ၏ ရုံးခန်းခွဲကိုလည်း အဆိုပါစခန်းအတွင်း ဖွင့်လှစ်သွားရန် ဆောင်ရွက်နေကြောင်း သိရသည်။
photo: LA 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~