တာလေမြို့ နားယောင်းကျေးရွာမှ စံပြရွာတောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းပညာနှင့် သွင်းအားစုများ ပံ့ပိုး

တာလေမြို့ နားယောင်းကျေးရွာမှ စံပြရွာတောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းပညာနှင့် သွင်းအားစုများ ပံ့ပိုး
အောကျတိုဘာ 30, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့ နားယောင်းကျေးရွာအုပ်စုတွင် ဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာရှိ တောင်သူများအား စိုက်ပျိုးရေး နည်းပညာသင်တန်းနှင့် စိုက်ပျိုးရေး သွင်းအားစုများကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့နံနက်က ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနက ပံ့ပိုးပေးကြောင်း သိရသည်။



တာလေမြို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူကလည်း ဒေသတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး ဒေသတွင်း ဌာနဆိုင်ရာအကြီးအကဲများလည်း တက်ရောက်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလမြေို့ နားယောင်းကျေးရွာအုပ်စုတွင် ဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာရှိ တောင်သူများအား စိုက်ပျိုးရေး နည်းပညာသင်တန်းနှင့် စိုက်ပျိုးရေး သွင်းအားစုများကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့နံနက်က ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနက ပံ့ပိုးပေးကြောင်း သိရသည်။

တောင်သူများအား မိုးစပါးအပြင် နွေစပါးနှင့် ဆောင်းသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာသင်တန်းပေးခြင်းနှင့် သီးနှံမျိုးစေ့၊ အပင်အားတိုးဆေး၊ ပိုးသတ်ဆေးများ ပံ့ပိုး ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက သင်တန်းပေးခဲ့ပြီး စိုက်ပျိုးရေးဝန်ထမ်းများက ဒေသခံများအား ဗမာ၊ ရှမ်း၊ လားဟူ၊ အာခါတိုင်းရင်းသားဘာသာစကားများဖြင့် ရေးထားသည့် စိုက်ပျိုးနည်းစနစ် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြောင်း သိရသည်။

တာလမြေို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူကလည်း ဒေသတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး ဒေသတွင်း ဌာနဆို်င်ရာအကြီးအကဲများလည်း တက်ရောက်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - စိုက်ပျိုးရေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~