ျမန္မာ ႏွင့္ ထိုင္း နာမည္ႀကီး အဆိုေတာ္မ်ား ေဖ်ာ္ေျဖၾကမည့္ ၂၀၁၈ တာခ်ီလိတ္ေဆာင္းရာသီပြဲေတာ္ ႏို၀င္ဘာလ(၅)ရက္ေန႔တြင္ က်င္းပမည္

ျမန္မာ ႏွင့္ ထိုင္း နာမည္ႀကီး အဆိုေတာ္မ်ား ေဖ်ာ္ေျဖၾကမည့္ ၂၀၁၈ တာခ်ီလိတ္ေဆာင္းရာသီပြဲေတာ္ ႏို၀င္ဘာလ(၅)ရက္ေန႔တြင္ က်င္းပမည္
အောက်တိုဘာ 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ ျမန္မာႏွင့္ ထုိင္း နာမည္ႀကီး အဆိုေတာ္မ်ား ပါဝင္ေဖ်ာ္ေျဖမည့္ ၂၀၁၈ တာခ်ီလိတ္ေဆာင္းရာသီပြဲေတာ္ကို ႏိုဝင္ဘာလ (၅)ရက္ေန႔မွ (၉)ရက္ေန႔အထိ က်င္းပ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာအဆိုေတာ္မ်ားျဖစ္သည့္ ဝန၊ ေဝလ၊ နီနီခင္ေဇာ္၊ အိုက္ထြန္း၊ ဟန္ထြန္း အပါအ၀င္ အာခါ၊ ရွမ္း၊ လားဟူနာမည္ႀကီး တုိင္းရင္းသား အဆိုေတာ္မ်ားႏွင့္အတူ နာမည္ေက်ာ္ ထိုင္းအဆိုေတာ္ျဖစ္သည့္ Carabao အဖြဲ႔ ႏွင့္ နာမည္ႀကီးအဆိုေတာ္ ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

ပြဲေတာ္ကာလအတြင္း ရွမ္းရိုးမကြင္းတြင္ ညေန (၆)နာရီမွ နံနက္ (၂)နာရီအထိ သီဆိုေဖ်ာ္ေျဖမႈမ်ားအျပင္
MSX ဆုိင္ကယ္၊ Iphone X၊ ေရႊသားဆုမ်ား ပါဝင္မည့္ ကံစမ္းမဲ အစီအစဥ္မ်ားလည္း ထည့္သြင္းထားေၾကာင္း သိရသည္။

ႀကိဳတင္လက္မွတ္မ်ားကို တာခ်ီလိတ္ၿမိဳ႕ရိွ Tachileik Beer Chang တြင္ စတင္ေရာင္းခ်ေပးေနၿပီး ထိုင္းဖုန္း  095 410 9691 ႏွင့္ ျမန္မာဖုန္း 09 402206166 တို႔ကိုလည္း ဆက္သြယ္ဝယ္ယူႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် မြန်မာနှင့် ထိုင်း နာမည်ကြီး အဆိုတော်များ ပါဝင်ဖျော်ဖြေမည့် ၂၀၁၈ တာချီလိတ်ဆောင်းရာသီပွဲတော်ကို နိုဝင်ဘာလ (၅)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအဆိုတော်များဖြစ်သည့် ဝန၊ ဝေလ၊ နီနီခင်ဇော်၊ အိုက်ထွန်း၊ ဟန်ထွန်း အပါအဝင် အာခါ၊ ရှမ်း၊ လားဟူနာမည်ကြီး တိုင်းရင်းသား အဆိုတော်များနှင့်အတူ နာမည်ကျော် ထိုင်းအဆိုတော်ဖြစ်သည့် Carabao အဖွဲ့ နှင့် နာမည်ကြီးအဆိုတော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကာလအတွင်း ရှမ်းရိုးမကွင်းတွင် ညနေ (၆)နာရီမှ နံနက် (၂)နာရီအထိ သီဆိုဖျော်ဖြေမှုများအပြင်
MSX ဆိုင်ကယ်၊ Iphone X၊ ရွှေသားဆုများ ပါဝင်မည့် ကံစမ်းမဲ အစီအစဉ်များလည်း ထည့်သွင်းထားကြောင်း သိရသည်။

ကြိုတင်လက်မှတ်များကို တာချီလိတ်မြို့ရှိ Tachileik Beer Chang တွင် စတင်ရောင်းချပေးနပြေီး ထိုင်းဖုန်း 095 410 9691 နှင့် မြန်မာဖုန်း 09 402206166 တို့ကိုလည်း ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~