သံလြင္ျမစ္ကူး တာဆန္းႀကိဳးတံတားတြင္ ၿပိဳက်ေနသည့္ ေျမထိန္းနံရံအား ျပန္လည္တည္ေဆာက္မႈ ၿပီးစီး

သံလြင္ျမစ္ကူး တာဆန္းႀကိဳးတံတားတြင္ ၿပိဳက်ေနသည့္ ေျမထိန္းနံရံအား ျပန္လည္တည္ေဆာက္မႈ ၿပီးစီး
အောက်တိုဘာ 3, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ အေရွ႕ပိုင္းႏွင့္ ေတာင္ပိုင္းကို ဆက္သြယ္ထားသည့္ မိုင္းတုံ - မိုင္းပန္- ေတာင္ႀကီး ကားလမ္းမေပၚရိွ သံလြင္ျမစ္ကူး(တာဆန္း)ႀကိဳးတံတား၏ ေျမထိန္းနံရံ ျပန္လည္ တည္ေဆာက္ ၿပီးစီးသြားၿပီျဖစ္ရာ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ(၂)ရက္ေန႔တြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕တို႔က သြားေရာက္ စစ္ေဆးထားေၾကာင္း သိရသည္။

အဆိုပါ ႀကိဳးတံတား၏ တံတားဆိုင္းႀကိဳးခံုကို ထိန္းထားသည့္ ေက်ာက္စီနံရံမွာ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ (၁၁)ရက္ေန႔က မိုးေရတုိက္စားမႈေၾကာင့္ ၿပိဳက်ခဲ့သျဖင့္ ျပန္လည္ တည္ေဆာက္ထားျခင္းအား မိုင္းတံုၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ဦး၊ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္ႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေနေအာင္တို႔က သြားေရာက္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မႏွစ္က ၿပိဳက်ၿပီးေတာ့ ဘတ္ဂ်က္တင္ထားတာ မီနီဘတ္ဂ်က္မွာက်တာ။ အခု တည္ေဆာက္ ၿပီးစီးသြားၿပီဆိုေတာ့ သြားစစ္ေဆးတာပါ။ တံတားသစ္ေဆာက္မယ့္ လ်ာထားေနရာမွာလည္း လုပ္ငန္းေဆာင္ရြက္ဖို႔ ျပင္ဆင္ေနပါတယ္”ဟု မိုင္းတံုၿမိဳ႕မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာဆန္းတံတား၏ အုတ္စီနံရံၿပိဳက်ခဲ့ၿပီး တံတားႀကံ႕ခုိင္မႈအေျခအေနအရ ယာဥ္ႏွင့္ကုန္တန္ခ်ိန္ကို ယခင္က တန္ခ်ိန္ (၂၀) ခြင့္ျပဳေနရာမွ (၁၆)တန္သို႔ ေလွ်ာ့ခ်ျဖတ္သန္းခြင့္ျပဳထားေၾကာင္း သိရသည္။
အဆိုပါတံတားေဟာင္းအနီးတြင္ သံလြင္ျမစ္ကူးတံတားသစ္ကို က်ပ္သန္းေပါင္း (၅၄၀၀)အကုန္က်ခံ တည္ေဆာက္ရန္ ခြင့္ျပဳထားၿပီး လက္ရိွတြင္ က်ပ္သန္းေပါင္း(၁,၀၀၀) ဘတ္ဂ်က္ခ်ထားေပးၿပီးျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တာဆန္းႀကိဳးတံတားသည္ အရွည္(၉၀၀)ေပ၊ အက်ယ္(၂၉)ေပရိွၿပီး ၁၉၉၉ခုႏွစ္၊ ေဖေဖၚ၀ါရီ (၂၀) ရက္ေန႔က ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းကို ဆက်သွယ်ထားသည့် မိုင်းတုံ - မိုင်းပန်- တောင်ကြီး ကားလမ်းမပေါ်ရှိ သံလွင်မြစ်ကူး(တာဆန်း)ကြိုးတံတား၏ မြေထိန်းနံရံ ပြန်လည် တည်ဆောက် ပြီးစီးသွားပြီဖြစ်ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အုပ်ချုပ်ရေးအဖွဲ့တို့က သွားရောက် စစ်ဆေးထားကြောင်း သိရသည်။

အဆိုပါ ကြိုးတံတား၏ တံတားဆိုင်းကြိုးခုံကို ထိန်းထားသည့် ကျောက်စီနံရံမှာ ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၁၁)ရက်နေ့က မိုးရေတိုက်စားမှုကြောင့် ပြိုကျခဲ့သဖြင့် ပြန်လည် တည်ဆောက်ထားခြင်းအား မိုင်းတုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်တို့က သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနှစ်က ပြိုကျပြီးတော့ ဘတ်ဂျက်တင်ထားတာ မီနီဘတ်ဂျက်မှာကျတာ။ အခု တည်ဆောက် ပြီးစီးသွားပြီဆိုတော့ သွားစစ်ဆေးတာပါ။ တံတားသစ်ဆောက်မယ့် လျာထားနေရာမှာလည်း လုပ်ငန်းဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်”ဟု မိုင်းတုံမြို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာဆန်းတံတား၏ အုတ်စီနံရံပြိုကျခဲ့ပြီး တံတားကြံ့ခိုင်မှုအခြေအနေအရ ယာဉ်နှင့်ကုန်တန်ချိန်ကို ယခင်က တန်ချိန် (၂၀) ခွင့်ပြုနေရာမှ (၁၆)တန်သို့ လျှော့ချဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။
အဆိုပါတံတားဟောင်းအနီးတွင် သံလွင်မြစ်ကူးတံတားသစ်ကို ကျပ်သန်းပေါင်း (၅၄၀၀)အကုန်ကျခံ တည်ဆောက်ရန် ခွင့်ပြုထားပြီး လက်ရှိတွင် ကျပ်သန်းပေါင်း(၁,ဝဝဝ) ဘတ်ဂျက်ချထားပေးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ တာဆန်းကြိုးတံတားသည် အရှည်(၉၀၀)ပေ၊ အကျယ်(၂၉)ပေရှိပြီး ၁၉၉၉ခုနှစ်၊ ဖေဖော်ဝါရီ (၂၀) ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~