ယာဥ္တိုက္မႈေလ်ာ့ပါးေရးအတြက္ ေရာင္ျပန္စေတကာမ်ားကပ္ေပးမႈႏွင့္အတူ ယာဥ္/လမ္း အသိပညာေပးမႈအျဖစ္ က်ဳိင္းတံုတြင္ စုေပါင္းလုပ္ေဆာင္

ယာဥ္တိုက္မႈေလ်ာ့ပါးေရးအတြက္ ေရာင္ျပန္စေတကာမ်ားကပ္ေပးမႈႏွင့္အတူ ယာဥ္/လမ္း အသိပညာေပးမႈအျဖစ္ က်ဳိင္းတံုတြင္ စုေပါင္းလုပ္ေဆာင္
အောက်တိုဘာ 13, 2018
By Tachileik News Agency

ညမီးမပါျခင္းႏွင့္ ေရာင္ျပန္ မပါျခင္းမွာ ေမာ္ေတာ္ဆိုင္ကယ္ မေတာ္တဆမႈ ျဖစ္ပြားရသည့္ အေၾကာင္းရင္းမ်ားတြင္ ပါဝင္ေနရာ က်ိဳင္းတံုၿမိဳ႕ ဌာနဆိုင္ရာမ်ားႏွင့္ လူမႈကူညီေရးအဖြဲ႔တို႔ ပူးေပါင္း၍ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၃)ရက္ေန႔ နံနက္ပိုင္းက ဆုိင္ကယ္ႏွင့္ ဆုိင္ကယ္ဦးထုပ္မ်ားတြင္ ေရာင္ျပန္စေတကာ ကပ္ေပးျခင္းကို စုေပါင္း လုပ္ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။

က်ဳိင္းတံုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးတင့္ျမင့္ ႏွင့္ တာ၀န္ရွိသူမ်ား၊ အမွတ္(၁၁၈) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(က်ိဳင္းတုံ)မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴးေက်ာ္ေဇာေအာင္ ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာန၏ က်ဳိင္းတံု တြဲဖက္ ျပည္နယ္ဦးစီးမွဴး ဦးေက်ာ္ေရႊ ႏွင့္ ကညနမွ တာ၀န္ရွိသူမ်ား၊  ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးမ်ဳိးျမင့္ေအာင္ႏွင့္ စည္ပင္၀န္ထမ္းမ်ား၊ လမ္းတံတားဦးစီးဌာန၊ ႏွလံုးလွလူမႈကူညီေရးအသင္း၊ မီးသတ္တပ္ဖြဲ႕၊ ရဲတပ္ဖြဲ႕ႏွင့္ တိုင္းေနစာေပႏွင့္ ယဥ္ေက်းမႈအဖြဲ႔တို႔က ပူးေပါင္း၍ ေရာင္ျပန္စေတကာ တစ္ေသာင္းေက်ာ္ကပ္ေပးခဲ့ၾကျခင္း ျဖစ္သည္။

အဆိုပါ စုေပါင္းလုပ္ေဆာင္မႈအျဖစ္ က်ဳိင္းတံုၿမိဳ႕မေစ်းအနီး ျဖတ္သန္းသြားလာသည့္ ေမာ္ေတာ္ ဆုိင္ကယ္မ်ားကို ကပ္ေပးခဲ့ျခင္းျဖစ္ၿပီး ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း အသိပညာေပး လက္ကမ္း စာေစာင္မ်ားကိုလည္း ျဖန္႔ေဝေပးထားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလမွ ဇြန္လအထိ ယာဥ္မေတာ္တဆထိခိုက္မႈေပါင္း (၉,၂၆၅) မႈ ရွိခဲ့သည့္ အနက္ ေမာ္ေတာ္ဆိုင္ကယ္မ်ားေၾကာင့္ ျဖစ္ပြားရသည့္ ယာဥ္တိုက္မႈမွာ (၄,၄၈၂)မႈ ပါဝင္ခဲ့ၿပီး ဆိုင္ကယ္မေတာ္တဆမႈ အမ်ားစုမွာ ညအခ်ိန္ မီးမပါ ေရာင္ျပန္ မပါျခင္းမွာလည္း အေၾကာင္းရင္း တစ္ရပ္အျဖစ္ ပါဝင္္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - KZA

 


~~~~~~~~⊰❂ unicode ~~~~~~~~

ညမီးမပါခြင်းနှင့် ရောင်ပြန် မပါခြင်းမှာ မော်တော်ဆိုင်ကယ် မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းများတွင် ပါဝင်နေရာ ကျိုင်းတုံမြို့ ဌာနဆိုင်ရာများနှင့် လူမှုကူညီရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းက ဆိုင်ကယ်နှင့် ဆိုင်ကယ်ဦးထုပ်များတွင် ရောင်ပြန်စတေကာ ကပ်ပေးခြင်းကို စုပေါင်း လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်မြင့် နှင့် တာဝန်ရှိသူများ၊ အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင် နှင့် တပ်ဖွဲ့ဝင်များ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ကျိုင်းတုံ တွဲဖက် ပြည်နယ်ဦးစီးမှူး ဦးကျော်ရွှေ နှင့် ကညနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်နှင့် စည်ပင်ဝန်ထမ်းများ၊ လမ်းတံတားဦးစီးဌာန၊ နှလုံးလှလူမှုကူညီရေးအသင်း၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် တိုင်းနေစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့က ပူးပေါင်း၍ ရောင်ပြန်စတေကာ တစ်သောင်းကျော်ကပ်ပေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ စုပေါင်းလုပ်ဆောင်မှုအဖြစ် ကျိုင်းတုံမြို့မဈေးအနီး ဖြတ်သန်းသွားလာသည့် မော်တော် ဆိုင်ကယ်များကို ကပ်ပေးခဲ့ခြင်းဖြစ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ယာဉ်မတော်တဆထိခိုက်မှုပေါင်း (၉,၂၆၅) မှု ရှိခဲ့သည့် အနက် မော်တော်ဆိုင်ကယ်များကြောင့် ဖြစ်ပွားရသည့် ယာဉ်တိုက်မှုမှာ (၄,၄၈၂)မှု ပါဝင်ခဲ့ပြီး ဆိုင်ကယ်မတော်တဆမှု အများစုမှာ ညအချိန် မီးမပါ ရောင်ပြန် မပါခြင်းမှာလည်း အကြောင်းရင်း တစ်ရပ်အဖြစ် ပါဝင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - KZA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~