တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္းရပ္ကြက္အတြင္းရွိ ေနအိမ္လိုင္းခန္းတြင္ ဘုရားမီးပူေဇာ္ထားသည့္ ဖေယာင္းတိုင္မီးမွ တဆင့္ မီးေလာင္မႈျဖစ္ ဆံုးရႈံးမႈ အနည္းငယ္သာရွိ

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္းရပ္ကြက္အတြင္းရွိ ေနအိမ္လိုင္းခန္းတြင္ ဘုရားမီးပူေဇာ္ထားသည့္ ဖေယာင္းတိုင္မီးမွ တဆင့္ မီးေလာင္မႈျဖစ္ ဆံုးရႈံးမႈ အနည္းငယ္သာရွိ
အောက်တိုဘာ 28, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္အတြင္းရွိ ေနအိမ္လိုင္းခန္းတြင္ ဘုရားမီးပူေဇာ္ထားသည့္ ဖေယာင္းတိုင္မီးမွ တဆင့္ မီးေလာင္ကြ်မ္းမႈ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလ(၂၈)ရက္ေန႔ ညေနပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္းရပ္ကြက္(က)ႏွင့္(ခ)အတြင္းရွိ 1G1 အနီးတြင္ မီးေလာင္ကြ်မ္းမႈျဖစ္ေနေၾကာင္း ဖုန္းျဖင့္ သတင္းေပးခ်က္အရ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ႏွင့္ အရန္မီးသတ္တပ္ဖြဲ႔၀င္မ်ားမွ မီးသတ္ ယာဥ္မ်ားျဖင့္ သြားေရာက္ရာ မီးေလာင္ကြ်မ္းသည့္ ေနအိမ္အား မေတြ႔ရွိခဲ့ရေသာ္လည္း၊ ေနအိမ္လိုင္းခန္းတြင္ မီးအနည္းငယ္ ေလာင္ကြ်မ္းမႈျဖစ္ပြားခဲ့ေၾကာင္းကို စစ္ေဆးသိရွိရေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္၊ စကား၀ါလမ္းရွိ ေနအိမ္လိုင္းခန္းတြင္ ေနထိုင္သူ မရန္ၾကဴသည္ သံုးထပ္သားဘုရားစင္တြင္ ဖေယာင္းတိုင္မီး ပူေဇာ္ထားၿပီး အျပင္သို႔ ထြက္သြားရာမွ ဖေယာင္းတိုင္မီးသည္ မီးစာကုန္ကာ နံရံကပ္ သံုးထပ္သားဘုရားစင္ မီးေလာင္ကြ်မ္းကာ ဘုရားစင္ေအာက္ရွိ သံုးထပ္သား ဗီဒို(၁)လံုးအား မီးေလာင္ကြ်မ္းသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

၎ေနရာတြင္ အခန္းအတြင္းမွ မီးခိုးမ်ားထြက္လာသည္ကို သြားလာသူတစ္ဦးမွ ေတြ႔ရွိရ၍  ဖုန္းဆက္ သတင္းေပးေသာ္လည္း 1G1 အနီးဟုသာ တဆင့္သိရသည့္ အတြက္ မီးေလာင္သည္ဟု ဆိုသည့္ ေနအိမ္အား တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာ ႏွင့္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ႏွင့္ အရန္မီးသတ္တပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴးႏွင့္ တပ္ဖြဲ႔၀င္မ်ားမွ လိုက္ရွာေဖြခဲ့ရေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားသည့္ ကိစၥႏွင့္ ပတ္သက္၍ ေနအိမ္လိုင္းခန္းတြင္ ေနထုိင္သူ မရန္ၾကဴအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၃၃၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ မီးေပါ့ဆမႈျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ နေအိမ်လိုင်းခန်းတွင် ဘုရားမီးပူဇော်ထားသည့် ဖယောင်းတိုင်မီးမှ တဆင့် မီးလောင်ကျွမ်းမှု ၂၀၁၈ခုနှစ် အောက်တိုဘာလ(၂၈)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်(က)နှင့်(ခ)အတွင်းရှိ 1G1 အနီးတွင် မီးလောင်ကျွမ်းမှုဖြစ်နေကြောင်း ဖုန်းဖြင့် သတင်းပေးချက်အရ တာချီလိတ်ခရိုင်/မြို့နယ်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ် ယာဉ်များဖြင့် သွားရောက်ရာ မီးလောင်ကျွမ်းသည့် နေအိမ်အား မတွေ့ရှိခဲ့ရသော်လည်း၊ နေအိမ်လိုင်းခန်းတွင် မီးအနည်းငယ် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းကို စစ်ဆေးသိရှိရကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ စကားဝါလမ်းရှိ နေအိမ်လိုင်းခန်းတွင် နေထိုင်သူ မရန်ကြူသည် သုံးထပ်သားဘုရားစင်တွင် ဖယောင်းတိုင်မီး ပူဇော်ထားပြီး အပြင်သို့ ထွက်သွားရာမှ ဖယောင်းတိုင်မီးသည် မီးစာကုန်ကာ နံရံကပ် သုံးထပ်သားဘုရားစင် မီးလောင်ကျွမ်းကာ ဘုရားစင်အောက်ရှိ သုံးထပ်သား ဗီဒို(၁)လုံးအား မီးလောင်ကျွမ်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းနေရာတွင် အခန်းအတွင်းမှ မီးခိုးများထွက်လာသည်ကို သွားလာသူတစ်ဦးမှ တွေ့ရှိရ၍ ဖုန်းဆက် သတင်းပေးသော်လည်း 1G1 အနီးဟုသာ တဆင့်သိရသည့် အတွက် မီးလောင်သည်ဟု ဆိုသည့် နေအိမ်အား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် တာချီလိတ်ခရိုင်/မြို့နယ်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များမှ လိုက်ရှာဖွေခဲ့ရကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်၍ နေအိမ်လိုင်းခန်းတွင် နေထိုင်သူ မရန်ကြူအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၃၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ မီးပေါ့ဆမှုဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~