အထူးေဒသ(၄)အတြင္း ခြင့္ျပဳခ်က္မယူဘဲ အလုပ္ လုပ္ရန္လာသည့္ (၁၆)ဦးအဖြဲ႔ကို တာခ်ီလိတ္ခရိုင္ မုိင္းယုၿမိဳ႕သို႔ ဖမ္းဆီးလႊဲေျပာင္း

အထူးေဒသ(၄)အတြင္း ခြင့္ျပဳခ်က္မယူဘဲ အလုပ္ လုပ္ရန္လာသည့္ (၁၆)ဦးအဖြဲ႔ကို တာခ်ီလိတ္ခရိုင္ မုိင္းယုၿမိဳ႕သို႔ ဖမ္းဆီးလႊဲေျပာင္း
အောက်တိုဘာ 9, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) အထူး(၄) နမ့္ပန္းေဒသသို႔ အလုပ္ လုပ္ကိုင္ရန္သြားေရာက္သည့္ အမ်ိဳးသား၊ အမ်ိဳးသမီး (၁၆)ဦးကို အထူးေဒသ(၄)အတြင္း ခြင့္ျပဳခ်က္မရိွဘဲ ဝင္လာမႈျဖင့္ ဖမ္းဆီးကာ မုိင္းယုၿမိဳ႕မွ တာဝန္ရိွသူမ်ားထံ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ(၉)ရက္ေန႔ ည(၇)နာရီက လႊဲေျပာင္းေပးလုိက္သည္။

အမ်ိဳးသား(၁၄)ႏွင့္ အမ်ိဳးသမီး(၂)ဦးတို႔ ပါဝင္သည့္ အဖြဲ႕သည္ ေအာက္တိုဘာ (၈) ရက္ေန႔ နံနက္ပိုင္းက က်ဳိင္းတုံၿမိဳ႕နယ္မွ တစ္ဆင့္ မိုင္းယုၿမိဳ႕၊ ဝမ္တာၾကန္႔ေက်းရြာအုပ္စု၊ ဝမ္တာၾကန္႔ေက်းရြာအနီးရွိ ငွက္ေပ်ာၿခံသို႔ ေမာ္ေတာ္ယာဥ္ျဖင့္ ေရာက္ရွိလာၿပီး အဝတ္အစား အသုံးအေဆာင္ပစၥည္းမ်ားအား ငွက္ေပ်ာၿခံမွ တစ္ဆင့္ ေမာ္ေတာ္ယာဥ္လိုင္းကားျဖင့္ အထူး(၄) က်ိန္းယဲန္းေဒသသို႔ ႀကိဳတင္ ပို႔ေဆာင္ ခဲ့ၾကေၾကာင္း သိရသည္။

ယင္းေနာက္ အဆိုပါ (၁၆) ဦးသည္ မိုင္းယုေဒသရွိ ဒြန္းႏြဲ႔၊ ဝမ္ဆလီ၊ မိုင္းေလြေက်းရြာမ်ားဖက္မွ (၂) နာရီေက်ာ္ၾကာ လမ္းေလွ်ာက္သြားကာ မိုင္းယုႏွင့္ အထူး(၄)နမ့္ပန္းေဒသကို ဆက္သြယ္ထားေသာ နမ့္ေတာင္းႀကိဳးတံတား ေပၚသို႔ ျဖတ္ကူးေနစဥ္ မိုင္းလားအဖြဲ႔ နမ့္ပန္းေဒသမွ ရဲတပ္ဖြဲ႔မ်ားက စစ္ေဆး ေတြ႕ရွိရသျဖင့္ ဖမ္းဆီးထိန္းသိမ္းထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မိ္ုင္းလားအဖြဲ႔ အထူး(၄)၊ နမ့္ပန္းေဒသမွ ဒု-ဆက္ဆံေရးတာဝန္ခံ ေစာန၊ နမ့္ပန္းေဒသရဲတပ္ဖြဲ႔မွ ဒုတိယရဲမွဴး ရဲေအာင္ ဦးေဆာင္ေသာ အဖြဲ႔ဝင္မ်ားက မိုင္းယုစရဖအဖြဲ႔မွ တပ္ၾကပ္ ေဇယ်ာစိုး၊ မိုင္းယုနယ္ေျမ ရဲစခန္းမွ ရဲတပ္ဖြဲ႔ဝင္မ်ား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနေရွ႕တန္း႐ုံးမွ လက္ေထာက္ဦးစီးမွဴး ဦးေကာင္းဟိန္းတို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႔မ်ားထံသို႔ တာခ်ီလိတ္ခရုိင္၊ မိုင္းယုၿမိဳ႕ မိုင္းယု - က်ိန္းယဲန္း တံတားေပၚတြင္ ျပန္လည္လႊဲေျပာင္းလုိက္ျခင္း ျဖစ္သည္။

အထူးေဒသ(၄)တြင္ သြားေရာက္ လည္ပတ္သူမ်ား အေနျဖင့္ ခြင့္ျပဳခ်က္ယူရန္ မလိုအပ္ေသာ္လည္း အလုပ္လာေရာက္လုပ္ကိုင္လိုသူမ်ားအေနျဖင့္ ခြင့္ျပဳခ်က္ရယူရန္လိုအပ္ေၾကာင္း သိရသည္။

သတင္း - ကိုနိုင္(MYu)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူး(၄) နမ့်ပန်းဒေသသို့ အလုပ် လုပ်ကိုင်ရန်သွားရောက်သည့် အမျိုးသား၊ အမျိုးသမီး (၁၆)ဦးကို အထူးဒေသ(၄)အတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်လာမှုဖြင့် ဖမ်းဆီးကာ မိုင်းယုမြို့မှ တာဝန်ရှိသူများထံ ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၉)ရက်နေ့ ည(၇)နာရီက လွှဲပြောင်းပေးလိုက်သည်။

အမျိုးသား(၁၄)နှင့် အမျိုးသမီး(၂)ဦးတို့ ပါဝင်သည့် အဖွဲ့သည် အောက်တိုဘာ (၈) ရက်နေ့ နံနက်ပိုင်းက ကျိုင်းတုံမြို့နယ်မှ တစ်ဆင့် မိုင်းယုမြို့၊ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာအနီးရှိ ငှက်ပျောခြံသို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး အဝတ်အစား အသုံးအဆောင်ပစ္စည်းများအား ငှက်ပျောခြံမှ တစ်ဆင့် မော်တော်ယာဉ်လိုင်းကားဖြင့် အထူး(၄) ကျိန်းယဲန်းဒေသသို့ ကြိုတင် ပို့ဆောင် ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် အဆိုပါ (၁၆) ဦးသည် မိုင်းယုဒေသရှိ ဒွန်းနွဲ့၊ ဝမ်ဆလီ၊ မိုင်းလွေကျေးရွာများဖက်မှ (၂) နာရီကျော်ကြာ လမ်းလျှောက်သွားကာ မိုင်းယုနှင့် အထူး(၄)နမ့်ပန်းဒေသကို ဆက်သွယ်ထားသော နမ့်တောင်းကြိုးတံတား ပေါ်သို့ ဖြတ်ကူးနေစဉ် မိုင်းလားအဖွဲ့ နမ့်ပန်းဒေသမှ ရဲတပ်ဖွဲ့များက စစ်ဆေး တွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မို်င်းလားအဖွဲ့ အထူး(၄)၊ နမ့်ပန်းဒေသမှ ဒု-ဆက်ဆံရေးတာဝန်ခံ စောန၊ နမ့်ပန်းဒေသရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ရဲအောင် ဦးဆောင်သော အဖွဲ့ဝင်များက မိုင်းယုစရဖအဖွဲ့မှ တပ်ကြပ် ဇေယျာစိုး၊ မိုင်းယုနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရှေ့တန်းရုံးမှ လက်ထောက်ဦးစီးမှူး ဦးကောင်းဟိန်းတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့များထံသို့ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ မိုင်းယု - ကျိန်းယဲန်း တံတားပေါ်တွင် ပြန်လည်လွှဲပြောင်းလိုက်ခြင်း ဖြစ်သည်။

အထူးဒေသ(၄)တွင် သွားရောက် လည်ပတ်သူများ အနဖြေင့် ခွင့်ပြုချက်ယူရန် မလိုအပ်သော်လည်း အလုပ်လာရောက်လုပ်ကိုင်လိုသူများအနဖြေင့် ခွင့်ပြုချက်ရယူရန်လိုအပ်ကြောင်း သိရသည်။

သတင်း - ကိုနိုင်(MYu)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~