ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (SNLD)၏ ႏွစ္(၃၀)ျပည့္ အထိမ္းအမွတ္ အႀကိဳဂုဏ္ျပဳ ညစာ စားပြဲ တာခ်ီလိတ္တြင္ က်င္းပ

ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (SNLD)၏ ႏွစ္(၃၀)ျပည့္ အထိမ္းအမွတ္ အႀကိဳဂုဏ္ျပဳ ညစာ စားပြဲ တာခ်ီလိတ္တြင္ က်င္းပ
အောက်တိုဘာ 14, 2018
By Tachileik News Agency

ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (SNLD)၏ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၂၆)ရက္ေန႔တြင္ က်ေရာက္မည့္ ႏွစ္(၃၀)ျပည့္ ပုလဲရတု အခမ္းအနားကို ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပ သြားမည္ျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္ SNLD က ပါတီႏွစ္(၃၀)ျပည့္ အႀကိဳ ဂုဏ္ျပဳညစာ စားပြဲ အခမ္းအနားကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၄)ရက္ေန႔ညတြင္ တာခ်ီလိတ္ၿမိဳ႕၌ က်င္းပသည္။

“ဂုဏ္ျပဳညစာ စားပြဲက်င္းပရတဲ့ ရည္ရြယ္ခ်က္ကေတာ့ တာခ်ီလိတ္ၿမိဳ႕နယ္နဲ႔ ျပည္ေထာင္စုျမန္မာ တစ္ႏုိင္ငံလံုး ေအးခ်မ္းၿပီး တိုးတက္မႈ ပိုမိုလ်င္ျမန္စြာ ေကာင္းမြန္သြားႏိုင္ေရးအတြက္ တာခ်ီလိတ္ၿမိဳ႕နယ္ အတြင္း မိဘျပည္သူမ်ား၊ ဌာနဆုိင္ရာမ်ား၊ လူမႈကူညီေရးအသင္းမ်ား၊ သတင္းမီဒီယာမ်ား၊ မိတ္ေဆြ ပါတီမ်ား၊ တုိင္းရင္းသားေပါင္းစံုႏွင့္ ရင္းရင္းႏွီးႏွီး ျဖစ္ေစလိုၿပီး မိမိပါတီႏွင့္ တူညီသည့္ေရွ႕လုပ္ငန္းစဥ္မ်ား ပူးေပါင္းလက္တြဲ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဆႏၵျပဳပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဥကၠဌ ဦးစိုင္းႏြံတြီက အခမ္းအနားတြင္ ေျပာသည္။

အဆိုပါ အခမ္းအနားတြင္ တာခ်ီလိတ္ၿမိဳ႕နယ္ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (SNLD) ရံုးခန္း ေျမေနရာ လွဴဒါန္းသူ အပါအဝင္ ပါတီအား ပံ့ပိုးကူညီသူမ်ားကို ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ခ်ီးျမႇင့္ခဲ့ၿပီး အခမ္းအနားသို႔ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဖိတ္ၾကားထားသည့္ ဌာနဆိုင္ရာ အႀကီးအကဲမ်ား၊ အလွဴရွင္မ်ား၊ ေရြးေကာက္ပြဲေကာ္မရွင္မ်ား၊ ပါတီအသင္းအဖြဲ႕မ်ား၊ တုိင္းရင္းသား စာေပႏွင့္ ယဥ္ေက်းမႈအသင္းမ်ား၊ SNLD ပါတီအဖြဲ႕ဝင္မ်ား၊ လူမႈကူညီေရးအသင္းမ်ား၊ TYO ရွမ္းလူငယ္အသင္းမ်ား တက္ေရာက္ၾကသည္။

SNLD ပါတီကို ၁၉၈၈ ခုႏွစ္ ေအာက္တိုဘာလ (၂၆)ရက္ေန႔တြင္ စတင္ တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပမည့္ ႏွစ္(၃၀)ျပည့္ ပုလဲရတုအခမ္းအနားတြင္ ၿမိဳ႕နယ္အသီးသီးမွ စုေပါင္း က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ဇြဲျမတ္၊ ေအာင္ေက်ာ္၀င္းစိန္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၏ ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့တွင် ကျရောက်မည့် နှစ်(၃၀)ပြည့် ပုလဲရတု အခမ်းအနားကို တောင်ကြီးမြို့တွင် ကျင်းပ သွားမည်ဖြစ်ပြီး တာချီလိတ်မြို့နယ် SNLD က ပါတီနှစ်(၃၀)ပြည့် အကြို ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့ညတွင် တာချီလိတ်မြို့၌ ကျင်းပသည်။

“ဂုဏ်ပြုညစာ စားပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ တာချီလိတ်မြို့နယ်နဲ့ ပြည်ထောင်စုမြန်မာ တစ်နိုင်ငံလုံး အေးချမ်းပြီး တိုးတက်မှု ပိုမိုလျင်မြန်စွာ ကောင်းမွန်သွားနိုင်ရေးအတွက် တာချီလိတ်မြို့နယ် အတွင်း မိဘပြည်သူများ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းများ၊ သတင်းမီဒီယာများ၊ မိတ်ဆွေ ပါတီများ၊ တိုင်းရင်းသားပေါင်းစုံနှင့် ရင်းရင်းနှီးနှီး ဖြစ်စေလိုပြီး မိမိပါတီနှင့် တူညီသည့်ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းလက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆန္ဒပြုပါတယ်”ဟု တာချီလိတ်မြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးစိုင်းနွံတွီက အခမ်းအနားတွင် ပြောသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်မြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ရုံးခန်း မြေနေရာ လှူဒါန်းသူ အပါအဝင် ပါတီအား ပံ့ပိုးကူညီသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ မြို့မိမြို့ဖများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များ၊ ရွေးကောက်ပွဲကော်မရှင်များ၊ ပါတီအသင်းအဖွဲ့များ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းများ၊ SNLD ပါတီအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများ၊ TYO ရှမ်းလူငယ်အသင်းများ တက်ရောက်ကြသည်။

SNLD ပါတီကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့တွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး တောင်ကြီးမြို့တွင် ကျင်းပမည့် နှစ်(၃၀)ပြည့် ပုလဲရတုအခမ်းအနားတွင် မြို့နယ်အသီးသီးမှ စုပေါင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဇွဲမြတ်၊ အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~