တစ္ႏုိင္တစ္ပိုင္ ေရနံခ်က္ဖိုမ်ားအေနျဖင့္ အရည္အေသြးမီ ဆီထုတ္လုပ္ႏုိင္ပါက မေကြးတုိင္းေဒသႀကီးအစိုးရက လုပ္ကိုင္ခြင့္ျပဳမည္

တစ္ႏုိင္တစ္ပိုင္ ေရနံခ်က္ဖိုမ်ားအေနျဖင့္ အရည္အေသြးမီ ဆီထုတ္လုပ္ႏုိင္ပါက မေကြးတုိင္းေဒသႀကီးအစိုးရက လုပ္ကိုင္ခြင့္ျပဳမည္
အောက်တိုဘာ 3, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးတြင္ တည္ေထာင္မည့္ ေရနံခ်က္စက္ရံုဇုန္တြင္ ရင္းႏွီးျမဳပ္ႏွံရမည့္ ပမာဏမွာ ေဒသခံမ်ား လက္လွမ္းမမီသျဖင့္ တစ္ႏုိင္တစ္ပိုင္ ေရနံခ်က္ဖိုလုပ္ကိုင္ခြင့္ျပဳရန္ ေတာင္းဆိုေနၾကရာ အရည္အေသြးမီ ဆီထုတ္လုပ္ႏုိင္သည့္ ေရနံခ်က္ဖိုမ်ားျဖစ္ပါက ခြင့္ျပဳေပးသြားမည္ျဖစ္ေၾကာင္း တုိင္းေဒသႀကီး အစိုးရအဖြဲ႔ထံမွ သိရသည္။

တိုင္းေဒသႀကီးအတြင္း ေရနံေမွာ္မ်ားရိွေနရာ ေရနံခ်က္စက္ရံုဇုန္တည္ေထာင္ရန္ တုိင္းေဒသႀကီးအစိုးရက စီစဥ္ေနရာ ေရနံခ်က္စက္ရံုတစ္ခု တည္ေဆာက္ရန္ က်ပ္သိန္းေပါင္း (၅၀,၀၀၀) မွ (၇၀,၀၀၀)အထိ ရင္းႏွီးျမဳပ္ႏွံ ရမည္ျဖစ္ရာ ေဒသတြင္း လုပ္ငန္းရွင္မ်ား လက္လွမ္းမမီသည့္အေနအထားတြင္ ရိွေနသျဖင့္ တစ္ႏုိင္တစ္ပိုင္ ေရနံခ်က္ဖိုမ်ား လုပ္ကိုင္ခြင့္ျပဳရန္ ေဒသတြင္း ေရနံေမွာ္လုပ္ငန္းရွင္မ်ားက ေတာင္းဆိုေနၾကျခင္းျဖစ္သည္။

“ေဒသတြင္း လိုအပ္ၾကတာက တစ္ႏိုင္တစ္ပိုင္ ခ်က္ဖိုလုပ္ကိုင္ခြင့္ေတြ ရခ်င္ေနၾကတာ သိပါတယ္။ တစ္ႏိုင္တစ္ပိုင္ဆိုတဲ့ေနရာမွာ အဆင့္မီထြက္ရိွမယ့္လုပ္ငန္းမ်ိဳးဆိုရင္ေတာ့ ခြင့္ျပဳႏိုင္ပါတယ္။ အခု ကၽြန္ေတာ္တို႔ဆီကို တင္လာတာမွာ ကြန္တိန္နာ တစ္လံုးစာပဲရိွတဲ့ စက္ရံုအေသးစားေတြ ႏိုင္ငံျခားကတင္ သြင္းၿပီးေတာ့မွ ခ်က္ႏိုင္တဲ့အေနအထားေတြ ေတြ႔ရပါတယ္။ ဒါ့အျပင္ သိန္း(၃,၀၀၀)ေက်ာ္ေလာက္သာ ကုန္က်မယ့္ အဆင့္မီဆီထြက္ရိွႏိုင္တဲ့စက္ရံုတည္ႏိုင္မယ့္ အေနအထားမ်ိဳးေတြ တင္လာတာလည္းရိွပါ တယ္”ဟု မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ သယံဇာတ၊ သဘာဝပတ္ဝန္းက်င္၊ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီး ဦးျမင့္ေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တစ္ႏုိင္တစ္ပုိင္ေရနံခ်က္ဖိုမ်ားမွ ထြက္ရိွမည့္ဆီမွာ အရည္အေသြးမမီသျဖင့္ ယင္းဆီမ်ားအား အသံုးျပဳသည့္ အင္ဂ်င္မ်ားမွာ သတ္မွတ္ထားေသာ သက္တမ္းကာလကုန္ဆံုးသည္အထိ သံုးႏိုင္ျခင္း မရိွေတာ့ဘဲ ျပည္သူ႔ ေငြဆံုးရံွဴးမႈႏွင့္ ႀကံဳေတြ႔ရမည္ျဖစ္၍  အဆင့္မီဆီထြက္ရိွႏိုင္မည့္ ေရနံခ်က္စက္ရံု ဇံုတည္ေထာင္ရန္ ျပည္ ေထာင္စုအစိုးရအဖဲြ႔ႏွင့္ ညိွႏိွဳင္းဆံုးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ဝန္ႀကီးက ေျပာသည္။

"ေရနံလက္ယက္တြင္းတိမ္လုပ္ငန္းျဖစ္တာေၾကာင့္ ထြက္ရိွတဲ့ေရနံအဆင့္ကိုက အဆင့္မီ ဆီျဖစ္ေအာင္ ခ်က္လုပ္ႏိုင္ဖို႔က မလြယ္ကူပါဘူး။ ေလာေလာဆယ္မွာေတာ့ ကၽြန္ေတာ္တို႔ခ်က္ဖိုတည္ေထာင္ခြင့္ရခဲ့ရင္ ပရီမီယံတို႔၊ 92 တို႔လို အဆင့္ရိွတဲ့ဆီမ်ိဳးေတာ့ ထုတ္ႏိုင္မွာ မဟုတ္ေပမဲ့ မံုရြာ ခ်က္ဖိုေတြက ထြက္ရိွတဲ့ ဆီထက္ေတာ့ မညံ့ေစရပါဘူး။ ဒီလိုထြက္လာမယ့္ဆီကို အသံုးျပဳႏိုင္မယ့္ စက္ပစၥည္း အမ်ိဳးအစားကလည္း ရိွေနၿပီးသားပါ။ေဒသခံဆိုင္ကယ္ေတြ၊ တစ္လံုးထိုးအင္ဂ်င္ေတြ၊ စက္ေလွအင္ဂ်င္ေတြ၊ လယ္ယာ လုပ္ငန္းသံုးထြန္စက္ေတြ၊ ေထာ္လာဂ်ီေတြမွာ သံုးႏိုင္ပါတယ္။ ဒါေၾကာင့္ ေဒသခံ လုပ္ငန္း႐ွင္ေတြနဲ႔ လုပ္သားေတြ အလုပ္အကိုင္အခြင့္အလမ္း မဆံုးရံွဴးရေအာင္ တစ္ႏိုင္တစ္ပိုင္ ေရနံခ်က္ဖိုလုပ္ငန္း လုပ္ကိုင္ခြင့္ ျပဳေစခ်င္ပါတယ္။ ႏိုင္ငံေတာ္အစိုးရနဲ႔ တိုင္းေဒသႀကီးအစိုးရအတြက္ ေပးသြင္းရမယ့္ အခြန္အခေတြကိုလည္း သတ္မွတ္တဲ့ အတိုင္းေပးသြင္း သြားၾကမွာပါလို႔ပဲ ေျပာခ်င္ပါတယ္"ဟု ေရနံလက္ယက္တြင္းတိမ္ လုပ္ငန္း႐ွင္ ဦးသန္႔ဇင္က ေျပာသည္။

မေကြးတိုင္းအတြင္း ၂၀၁၈ ခုႏွစ္အတြက္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွခြင့္ျပဳထားသည့္ ေရနံလက္ယက္ တြင္းတိမ္မ်ားမွာ သက္တမ္းတိုးလုပ္ကြက္ (၂၀)ခုႏွင့္ လုပ္ကြက္သစ္(၁၃)ခု စုစုေပါင္း (၃၃) ကြက္ ရိွၿပီး ထြက္ရိွသည့္ေရနံစိမ္းမ်ားအား ခ်က္ဖိုမ်ားရိွသည့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ မံုရြာသို႔ သယ္ယူပို႔ေဆာင္ ခ်က္လုပ္ေနရျခင္းျဖစ္၍ ေစ်းကြက္ခ်ဳပ္ကိုင္ခံရျခင္း၊ ေစ်းႏိွမ္ခံရျခင္းတို႔ႏွင့္ ႀကံဳေတြ႔ေနရသျဖင့္ ေဒသတြင္းလုပ္ငန္းရွင္မ်ားက ေရနံခ်က္ဖိုလုပ္ငန္း လုပ္ကိုင္ခြင့္ ရရိွလိုၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးတွင် တည်ထောင်မည့် ရေနံချက်စက်ရုံဇုန်တွင် ရင်းနှီးမြုပ်နှံရမည့် ပမာဏမှာ ဒေသခံများ လက်လှမ်းမမီသဖြင့် တစ်နိုင်တစ်ပိုင် ရေနံချက်ဖိုလုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုနကြေရာ အရည်အသွေးမီ ဆီထုတ်လုပ်နိုင်သည့် ရေနံချက်ဖိုများဖြစ်ပါက ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

တိုင်းဒေသကြီးအတွင်း ရေနံမှော်များရှိနေရာ ရေနံချက်စက်ရုံဇုန်တည်ထောင်ရန် တိုင်းဒေသကြီးအစိုးရက စီစဉ်နေရာ ရေနံချက်စက်ရုံတစ်ခု တည်ဆောက်ရန် ကျပ်သိန်းပေါင်း (၅၀,ဝဝဝ) မှ (၇၀,ဝဝဝ)အထိ ရင်းနှီးမြုပ်နှံ ရမည်ဖြစ်ရာ ဒေသတွင်း လုပ်ငန်းရှင်များ လက်လှမ်းမမီသည့်အနေအထားတွင် ရှိနေသဖြင့် တစ်နိုင်တစ်ပိုင် ရေနံချက်ဖိုများ လုပ်ကိုင်ခွင့်ပြုရန် ဒေသတွင်း ရေနံမှော်လုပ်ငန်းရှင်များက တောင်းဆိုနကြခြေင်းဖြစ်သည်။

“ဒေသတွင်း လိုအပ်ကြတာက တစ်နိုင်တစ်ပိုင် ချက်ဖိုလုပ်ကိုင်ခွင့်တွေ ရချင်နကြေတာ သိပါတယ်။ တစ်နိုင်တစ်ပိုင်ဆိုတဲ့နေရာမှာ အဆင့်မီထွက်ရှိမယ့်လုပ်ငန်းမျိုးဆိုရင်တော့ ခွင့်ပြုနိုင်ပါတယ်။ အခု ကျွန်တော်တို့ဆီကို တင်လာတာမှာ ကွန်တိန်နာ တစ်လုံးစာပဲရှိတဲ့ စက်ရုံအသေးစားတွေ နိုင်ငံခြားကတင် သွင်းပြီးတော့မှ ချက်နိုင်တဲ့အနေအထားတွေ တွေ့ရပါတယ်။ ဒါ့အပြင် သိန်း(၃,ဝဝဝ)ကျော်လောက်သာ ကုန်ကျမယ့် အဆင့်မီဆီထွက်ရှိနိုင်တဲ့စက်ရုံတည်နိုင်မယ့် အနေအထားမျိုးတွေ တင်လာတာလည်းရှိပါ တယ်”ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တစ်နိုင်တစ်ပိုင်ရေနံချက်ဖိုများမှ ထွက်ရှိမည့်ဆီမှာ အရည်အသွေးမမီသဖြင့် ယင်းဆီများအား အသုံးပြုသည့် အင်ဂျင်များမှာ သတ်မှတ်ထားသော သက်တမ်းကာလကုန်ဆုံးသည်အထိ သုံးနိုင်ခြင်း မရှိတော့ဘဲ ပြည်သူ့ ငွေဆုံးရှူံးမှုနှင့် ကြုံတွေ့ရမည်ဖြစ်၍ အဆင့်မီဆီထွက်ရှိနိုင်မည့် ရေနံချက်စက်ရုံ ဇုံတည်ထောင်ရန် ပြည် ထောင်စုအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

"ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းဖြစ်တာကြောင့် ထွက်ရှိတဲ့ရေနံအဆင့်ကိုက အဆင့်မီ ဆီဖြစ်အောင် ချက်လုပ်နိုင်ဖို့က မလွယ်ကူပါဘူး။ လောလောဆယ်မှာတော့ ကျွန်တော်တို့ချက်ဖိုတည်ထောင်ခွင့်ရခဲ့ရင် ပရီမီယံတို့၊ 92 တို့လို အဆင့်ရှိတဲ့ဆီမျိုးတော့ ထုတ်နိုင်မှာ မဟုတ်ပေမဲ့ မုံရွာ ချက်ဖိုတွေက ထွက်ရှိတဲ့ ဆီထက်တော့ မညံ့စေရပါဘူး။ ဒီလိုထွက်လာမယ့်ဆီကို အသုံးပြုနိုင်မယ့် စက်ပစ္စည်း အမျိုးအစားကလည်း ရှိနပြေီးသားပါ။ဒေသခံဆိုင်ကယ်တွေ၊ တစ်လုံးထိုးအင်ဂျင်တွေ၊ စက်လှေအင်ဂျင်တွေ၊ လယ်ယာ လုပ်ငန်းသုံးထွန်စက်တွေ၊ ထော်လာဂျီတွေမှာ သုံးနိုင်ပါတယ်။ ဒါကြောင့် ဒေသခံ လုပ်ငန်းရှင်တွေနဲ့ လုပ်သားတွေ အလုပ်အကိုင်အခွင့်အလမ်း မဆုံးရှူံးရအောင် တစ်နိုင်တစ်ပိုင် ရေနံချက်ဖိုလုပ်ငန်း လုပ်ကိုင်ခွင့် ပြုစေချင်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ တိုင်းဒေသကြီးအစိုးရအတွက် ပေးသွင်းရမယ့် အခွန်အခတွေကိုလည်း သတ်မှတ်တဲ့ အတိုင်းပေးသွင်း သွားကြမှာပါလို့ပဲ ပြောချင်ပါတယ်"ဟု ရေနံလက်ယက်တွင်းတိမ် လုပ်ငန်းရှင် ဦးသန့်ဇင်က ပြောသည်။

မကွေးတိုင်းအတွင်း ၂၀၁၈ ခုနှစ်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှခွင့်ပြုထားသည့် ရေနံလက်ယက် တွင်းတိမ်များမှာ သက်တမ်းတိုးလုပ်ကွက် (၂၀)ခုနှင့် လုပ်ကွက်သစ်(၁၃)ခု စုစုပေါင်း (၃၃) ကွက် ရှိပြီး ထွက်ရှိသည့်ရေနံစိမ်းများအား ချက်ဖိုများရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာသို့ သယ်ယူပို့ဆောင် ချက်လုပ်နေရခြင်းဖြစ်၍ ဈေးကွက်ချုပ်ကိုင်ခံရခြင်း၊ ဈေးနှိမ်ခံရခြင်းတို့နှင့် ကြုံတွေ့နေရသဖြင့် ဒေသတွင်းလုပ်ငန်းရှင်များက ရေနံချက်ဖိုလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိလိုကြခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~