ဆက်သွယ်ရေးအော်ပရေတာများ၏ ဝန်ဆောင်မှုများကြောင့် သုံးစွဲသူများ နစ်နာနေမှုကို ပြင်ဆင်ရန် ခေါ်ယူ အသိပေး ဆွေးနွေးထား

ဆက်သွယ်ရေးအော်ပရေတာများ၏ ဝန်ဆောင်မှုများကြောင့် သုံးစွဲသူများ နစ်နာနေမှုကို ပြင်ဆင်ရန် ခေါ်ယူ အသိပေး ဆွေးနွေးထား
အောကျတိုဘာ 6, 2018
By Tachileik News Agency

ဆက်သွယ်ရေး အော်ပရေတာများ အနေဖြင့် ဝန်ဆောင်မှုများကို ရှင်းလင်းစွာ ဖေါ်ပြမှု အားနည်းခြင်း၊ သုံးစွဲသူများ၏ မကျေနပ်မှုများကို ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု မရှိခြင်း၊ ဝန်ဆောင်မှု ပေးရာတွင် ဥပဒေနှင့် ညီညွတ်မှု မရှိသည့် ကိစ္စများကို ပြင်ဆင်ရန် ဆက်သွယ်ရေး အော်ပရေတာများအား နေပြည်တော်တွင် သက်ဆိုင်ရာ ဌာနများက ခေါ်ယူတွေ့ဆုံဆွေးနွေးထားကြောင်း သိရသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုပေးလျက်ရှိသော အော်ပရေတာများအနေဖြင့် မိမိတို့၏ ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အများပြည်သူသို့ အသိပေး ဖော်ပြရာတွင် ရှင်းလင်းမှန်ကန်သည့် သတင်း အချက်အလက်များ ဖြစ်စေရန်၊ ဝန်ဆောင်မှုများ၊ သတင်း အချက်အလက်များ ပေးပို့ရာတွင် မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြရန်၊ သုံးစွဲသူများ နစ်နာမှု မရှိစေရေး အထူးဂရုပြု ဆောင်ရွက်ရန်၊ သုံးစွဲသူများထံသို့ ဝန်ဆောင်မှု အဆိုပြုချက်များ ပေးပို့ရာတွင် သုံးစွဲသူထံမှ ဝန်ဆောင်မှုကို ရယူလိုကြောင်း ခိုင်မာသော အထောက် အထား မရှိဘဲ ဝန်ဆောင်မှု ရယူသည်ကဲ့သို့ ဖြစ်ပေါ်နေသည့် ကိစ္စရပ်များမှာ ဥပဒေနှင့် ညီညွတ်မှု မရှိသဖြင့် အမြန်ဆုံး ရပ်ဆိုင်းသွားရန်တို့ကို အဆိုပါ အစည်းအဝေးတွင် ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သုံးစွဲသူများအနေဖြင့် လူမှုကွန်ယက်စာမျက်နှာများ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်သို့ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး တိုင်ကြားနေရသဖြင့် အဆိုပါအားနည်းချက်များကို ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် ပြင်ဆင်ဆောင်ရွက်သွားရန်၊ ဈေးနှုန်း ပြင်ဆင် ပြောင်းလဲမှုများကို သုံးစွဲသူများသို့ ကြိုတင်အသိပေးရန်တို့ကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဆက်သွယ်ရေး အော်ပရေတာများ ဆွေးနွေး ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေး အော်ပရေတာများ၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတွင် မကြာခဏ တိုင်ကြားစာများလက်ခံရရှိနေပြီး စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် အဆိုပါတိုင်ကြားချက်များအပေါ် လက်ခံဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရုံးခွဲများဖွင့်လှစ်ထားရှိ ဆောင်ရွက်ပေးနေရာ အဆိုပါ အငြင်းပွားမှုဖြေရှင်းရေးစင်တာများတွင် အော်ပရေတာအလိုက် ဆက်သွယ်ရမယ့်တာဝန်ရှိသူများ ထားရှိ ပေးရန်ကိုလည်း ဆွေးနွေးထားကြောင်းသိရသည်။

Tachileik News Agency
ဓါတ်ပုံ - PTD


~~~~~~~~⊰❂ unicode ~~~~~~~~

ဆက်သွယ်ရေး အော်ပရေတာများ အနဖြေင့် ဝန်ဆောင်မှုများကို ရှင်းလင်းစွာ ဖော်ပြမှုအားနည်းခြင်း၊ သုံးစွဲသူများ၏ မကျေနပ်မှုများကို ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု မရှိခြင်း၊ ဝန်ဆောင်မှု ပေးရာတွင် ဥပဒေနှင့် ညီညွတ်မှု မရှိသည့်ကိစ္စများကို ပြင်ဆင်ရန် ဆက်သွယ်ရေး အော်ပရေတာများအား နပြေည်တော်တွင် သက်ဆိုင်ရာ ဌာနများက ခေါ်ယူတွေ့ဆုံဆွေးနွေးထားကြောင်း သိရသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုပေးလျက်ရှိသော အော်ပရေတာများအနဖြေင့် မိမိတို့၏ ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အများပြည်သူသို့ အသိပေး ဖော်ပြရာတွင် ရှင်းလင်းမှန်ကန်သည့် သတင်း အချက်အလက်များ ဖြစ်စေရန်၊ ဝန်ဆောင်မှုများ၊ သတင်း အချက်အလက်များ ပေးပို့ရာတွင် မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြရန်၊ သုံးစွဲသူများ နစ်နာမှု မရှိစေရေး အထူးဂရုပြု ဆောင်ရွက်ရန်၊ သုံးစွဲသူများထံသို့ ဝန်ဆောင်မှု အဆိုပြုချက်များ ပေးပို့ရာတွင် သုံးစွဲသူထံမှ ဝန်ဆောင်မှုကို ရယူလိုကြောင်း ခိုင်မာသော အထောက် အထား မရှိဘဲ ဝန်ဆောင်မှု ရယူသည်ကဲ့သို့ ဖြစ်ပေါ်နေသည့် ကိစ္စရပ်များမှာ ဥပဒေနှင့် ညီညွတ်မှု မရှိသဖြင့် အမြန်ဆုံး ရပ်ဆိုင်းသွားရန်တို့ကို အဆိုပါ အစည်းအဝေးတွင် ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့က နပြေည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သုံးစွဲသူများအနဖြေင့် လူမှုကွန်ယက်စာမျက်နှာများအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်သို့ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး တိုင်ကြားနေရသဖြင့် အဆိုပါအားနည်းချက်များကို ဆက်သွယ်ရေး အော်ပရေတာများအနဖြေင့် ပြင်ဆင်ဆောင်ရွက်သွားရန်၊ ဈေးနှုန်း ပြင်ဆင် ပြောင်းလဲမှုများကို သုံးစွဲသူများသို့ ကြိုတင်အသိပေးရန်တို့ကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဆက်သွယ်ရေး အော်ပရေတာများ ဆွေးနွေး ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေး အော်ပရေတာများ၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတွင် မကြာခဏ တိုင်ကြားစာများလက်ခံရရှိနပြေီး စားသုံးသူရေးရာ ဦးစီးဌာနအနဖြေင့် အဆိုပါတိုင်ကြားချက်များအပေါ် လက်ခံဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရုံးခွဲများဖွင့်လှစ်ထားရှိ ဆောင်ရွက်ပေးနေရာ အဆိုပါ အငြင်းပွားမှုဖြေရှင်းရေးစင်တာများတွင် အော်ပရေတာအလိုက် ဆက်သွယ်ရမယ့်တာဝန်ရှိသူများ ထားရှိ ပေးရန်ကိုလည်း ဆွေးနွေးထားကြောင်းသိရသည်။

Tachileik News Agency
ဓာတ်ပုံ - PTD

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~