က်ိဳင္းတံုၿမိဳ႕ ေနာင္တံုကန္ေဘးရွိ စားေသာက္ဆုိင္မ်ားမွ စြန္႔ပစ္အညစ္အေၾကးႏွင့္ ဆီမ်ားေၾကာင့္ ငါးမ်ားေသဆံုးရျခင္း ျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရွိ

က်ိဳင္းတံုၿမိဳ႕ ေနာင္တံုကန္ေဘးရွိ စားေသာက္ဆုိင္မ်ားမွ စြန္႔ပစ္အညစ္အေၾကးႏွင့္ ဆီမ်ားေၾကာင့္ ငါးမ်ားေသဆံုးရျခင္း ျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရွိ
အောက်တိုဘာ 10, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ ေနာင္တုံကန္ေဘးရိွ စားေသာက္ဆုိင္မ်ားမွ စြန္႔ပစ္ဆီ၊ အညစ္ အေၾကးမ်ား ကန္အတြင္းသို႔ မိုးေရႏွင့္အတူ စီးဝင္သျဖင့္ ငါးမ်ား ေသဆံုးရျခင္းျဖစ္ေၾကာင္း ငါးလုပ္ငန္း ဦးစီးဌာနက စစ္ေဆးေတြ႔ရိွရသျဖင့္ ဆီမ်ားစုပ္ယူႏုိင္ရန္ ငွက္ေပ်ာတံုးႏွင့္ ထံုးရည္မ်ား ကန္အတြင္း ထည့္ထားေၾကာင္း သိရသည္။

ငါးလုပ္ငန္းဦးစီးဌာန၏ စမ္းသပ္ခ်က္အရ ငါးမ်ား ေသဆံုးရျခင္း အေၾကာင္းမွာ ကန္ေဘးပတ္လည္႐ွိ
စားေသာက္ဆိုင္မွ ထြက္႐ွိေသာ အညစ္အေၾကး(ဆီ)မ်ားမွာ မိုးရြာသြန္းမႈႏွင့္အတူ ကန္ထဲသို႔ ဝင္ေရာက္ခဲ့ၿပီး ေအာက္ဆ္ီဂ်င္ ျပတ္ေတာက္၍ ငါးမ်ား ေသဆံုးျခင္းျဖစ္ေၾကာင္းႏွင့္ ေရာဂါပိုးေၾကာင့္ ေသဆံုးရျခင္းမဟုတ္ေၾကာင္း သိရသျဖင့္  ကန္တြင္းသို႔ ဝင္ေရာက္ေနေသာ ဆီမ်ားစုပ္ယူႏိုင္ရန္ ကန္ထဲသို႔ ငွက္ေပ်ာတံုးမ်ား ထည့္ျခင္းႏွင့္ ထံုးရည္ပက္ဖ်န္းျခင္းမ်ားကို ေအာက္တိုဘာလ (၈)ရက္ေန႔က ေဆာင္ရြက္ ခဲ့ေၾကာင္း သိရသည္။

ေနာင္တံုကန္အတြင္း ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၄)ရက္ေန႔မွစ၍ ငါးမ်ား ေသဆံုးသျဖင့္ ေအာက္တိုဘာလ (၅)ရက္နံနက္မွစ၍ ေသဆုံးငါးမ်ားကို ဆယ္ယူျခင္း၊ အမိႈက္မ်ားဆယ္ယူျခင္း၊ ေရသန္႔႐ွင္းမႈတိုင္းတာျခင္း၊ ငါးမ်ားေသဆုံးရသည့္အေၾကာင္း သိ႐ွိရန္ ဓာတ္ခြဲစစ္ေဆးျခင္းႏွင့္ ငါးမ်ား ေအာက္စီဂ်င္ အျပည့္အဝ ရ႐ွိေစရန္ Speed Boat ေမာင္းႏွင္ျခင္းမ်ား၊ ေရမ်ားေဖာက္ထုတ္ျခင္းမ်ားအား ျပည္နယ္ဒုတိယအေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ခ႐ိုင္ငါးဦးစီးဌာန၊ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႔၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန ဝန္ထမ္းမ်ား ပူးေပါင္းၿပီး ေဆာင္ရြက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ကန္အတြင္းငါးမ်ားေသဆံုးမႈကို ေအာက္တိုဘာလ (၈)ရက္ေန႔တြင္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာစိုင္းဆိုင္ေက်ာက္ဆမ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစတီဖန္၊  ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာဝဏၰစိုး၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ခ႐ိုင္ငါးလုပ္ငန္းဦးစီးမွဴး၊ ၿမိဳ႕နယ္
စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ႏွင့္ ေကာ္မတီဝင္မ်ား၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန
အမႈေဆာင္အရာ႐ွိႏွင့္ ဝန္ထမ္းမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ ႏွင့္ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႔မွတာဝန္ ႐ွိသူမ်ားသည္ က်ဳိင္းတံုၿမိဳ႕ေနာင္တံုကန္ အတြင္း႐ွိ ငါးမ်ားေသဆံုးမႈ အေျခအေနအား ကြင္းဆင္း ၾကည့္႐ႈခဲ့ၾကေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ နောင်တုံကန်ဘေးရှိ စားသောက်ဆိုင်များမှ စွန့်ပစ်ဆီ၊ အညစ် အကြေးများ ကန်အတွင်းသို့ မိုးရေနှင့်အတူ စီးဝင်သဖြင့် ငါးများ သေဆုံးရခြင်းဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနက စစ်ဆေးတွေ့ရှိရသဖြင့် ဆီများစုပ်ယူနိုင်ရန် ငှက်ပျောတုံးနှင့် ထုံးရည်များ ကန်အတွင်း ထည့်ထားကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာန၏ စမ်းသပ်ချက်အရ ငါးများ သေဆုံးရခြင်း အကြောင်းမှာ ကန်ဘေးပတ်လည်ရှိ
စားသောက်ဆိုင်မှ ထွက်ရှိသော အညစ်အကြေး(ဆီ)များမှာ မိုးရွာသွန်းမှုနှင့်အတူ ကန်ထဲသို့ ဝင်ရောက်ခဲ့ပြီး အောက်ဆီ်ဂျင် ပြတ်တောက်၍ ငါးများ သေဆုံးခြင်းဖြစ်ကြောင်းနှင့် ရောဂါပိုးကြောင့် သေဆုံးရခြင်းမဟုတ်ကြောင်း သိရသဖြင့် ကန်တွင်းသို့ ဝင်ရောက်နေသော ဆီများစုပ်ယူနိုင်ရန် ကန်ထဲသို့ ငှက်ပျောတုံးများ ထည့်ခြင်းနှင့် ထုံးရည်ပက်ဖျန်းခြင်းများကို အောက်တိုဘာလ (၈)ရက်နေ့က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

နောင်တုံကန်အတွင်း ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့မှစ၍ ငါးများ သေဆုံးသဖြင့် အောက်တိုဘာလ (၅)ရက်နံနက်မှစ၍ သေဆုံးငါးများကို ဆယ်ယူခြင်း၊ အမှိုက်များဆယ်ယူခြင်း၊ ရေသန့်ရှင်းမှုတိုင်းတာခြင်း၊ ငါးများသေဆုံးရသည့်အကြောင်း သိရှိရန် ဓာတ်ခွဲစစ်ဆေးခြင်းနှင့် ငါးများ အောက်စီဂျင် အပြည့်အဝ ရရှိစေရန် Speed Boat မောင်းနှင်ခြင်းများ၊ ရေများဖောက်ထုတ်ခြင်းများအား ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ငါးဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာန ဝန်ထမ်းများ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကန်အတွင်းငါးများသေဆုံးမှုကို အောက်တိုဘာလ (၈)ရက်နေ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစတီဖန်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး၊ မြို့နယ်
စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန
အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှတာဝန် ရှိသူများသည် ကျိုင်းတုံမြို့နောင်တုံကန် အတွင်းရှိ ငါးများသေဆုံးမှု အခြေအနေအား ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~