က်ိဳင္းတံုၿမိဳ႕ ေနာင္တံုကန္၏ ေရဝင္ေရထြက္စနစ္ လုပ္ေဆာင္ရန္ လႊတ္ေတာ္မ်ားတြင္ ဘတ္ဂ်က္ ေတာင္းခံမည္

က်ိဳင္းတံုၿမိဳ႕ ေနာင္တံုကန္၏ ေရဝင္ေရထြက္စနစ္ လုပ္ေဆာင္ရန္ လႊတ္ေတာ္မ်ားတြင္ ဘတ္ဂ်က္ ေတာင္းခံမည္
အောက်တိုဘာ 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕ရိွ (၃၅)ဧက နီးပါးက်ယ္ဝန္းသည့္ ေနာင္တံုကန္တြင္ ေရဝင္ေရထြက္ မရိွသျဖင့္ ကန္ေရညစ္ႏြမ္းၿပီး ယခုႏွစ္အတြင္ းငါးမ်ားေသေနရာ ကန္ေရဝင္ေရထြက္မ်ား လုပ္ေဆာင္ရန္ လႊတ္ေတာ္အသီးသီးတြင္ ဘတ္ဂ်က္ ေတာင္းခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေနာင္တုံကန္တြင္ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလ(၄)ရက္ေန႔မွစ၍ ငါးမ်ားအစုအၿပံဳလုိက္ေသဆံုးမႈမ်ား ျဖစ္ေနသျဖင့္ ငါးေသမ်ားအား ဆယ္ယူ ရွင္းလင္းျခင္း လုပ္ေဆာင္ေနရၿပီး ငါးမ်ားေသရသည့္ အေၾကာင္းရင္းကို စစ္ေဆးရာ ကန္ေရညစ္ႏြမ္းၿပီး ေအာက္ဆီဂ်င္ေလ်ာ့နည္းလာျခင္း၊ ကန္အတြင္း  Blue Green Algae မ်ားရိွေနျခင္းတို႔ေၾကာင့္ျဖစ္ေၾကာင္း ေတြ႔ရိွရသည့္အတြက္ ေအာက္စီဂ်င္ပိုမိုရရိွေစရန္ ကန္အတြင္း Speed Boat ျဖင့္ လွည့္လည္ေမာင္းႏွင္ျခင္းႏွင့္ Blue green Algaeမ်ား ေလ်ာ့နည္းသြားေစရန္ ကန္အတြင္း ထုံးထည့္ျခင္းမ်ားကို ေဆာင္ရြက္ေနရျခင္းျဖစ္သည္။

 “လက္ရိွ ေနာင္တုန္ကန္မွာက ေရဝင္၊ ေရထြက္ မရိွတဲ့အတြက္ အခုလို ငါးေတြေသၿပီးေတာ့ အနံ႔အသက္ မေကာင္းတာေတြ ျဖစ္ေနရတာပါ။ ကန္ရဲ႕ ေရဝင္ေရထြက္ စနစ္ေကာင္းေကာင္းနဲ႔ ေရသန္႔ရွင္းဖို႔အတြက္ လက္ရိွေရေတြ အကုန္ထုတ္ခ်ၿပီးေတာ့ ေရရွည္လုပ္သြားႏိုင္ဖို႔အတြက္ လိုအပ္တဲ့ေငြေၾကးကို လႊတ္ေတာ္မွာ တင္ၿပီးေတာင္းသြားမွာ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ ရွမ္းျပည္နယ္အစိုးရကမရရင္လည္း ျပည္ေထာင္စု အစိုးရဘတ္ဂ်က္နဲ႔ ရေအာင္လုပ္သြားဖို႕ရိွပါတယ္” ဟု  ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာဝဏၰစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စည္ပင္သာယာေရးဌာန၏ ေနာင္တံုကန္သာယာလွပေရးဘတ္ဂ်က္မွာ ကန္ပတ္ဝန္းက်င္ သာယာလွပေရး အတြက္သာ လုပ္ေဆာင္ႏုိင္ၿပီး ေရဝင္ေျမာင္းေကာေနသည္ကို ျပဳျပင္ႏုိင္ျခင္းမရိွသျဖင့္ ေရဆိုးမ်ား ဝင္ေရာက္မႈနည္းရန္သာ ေဆာင္ရြက္ထားႏုိင္ေၾကာင္း သိရသည္။

“ကန္ပတ္လည္က ဆိုင္ေတြကေနဝင္တဲ့ ေရဆိုးထုတ္ေျမာင္းကို ပိတ္ထားတယ္။ ကန္ထဲကို ေရဝင္အေနနဲ႔ က်ိဳင္းေဖာင္းေခ်ာင္းကေနလာတဲ့ ေျမာင္းရိွတယ္။ ဒါေပမဲ့ ၾကားထဲက လယ္သမားေတြ၊ စိုက္ခင္းေတြက ေရဆြဲယူၾကတာနဲ႔ ေရက ကန္အထိေရာက္မလာေတာ့တာ။ ေျမသားေျမာင္းဆိုေတာ့ ဒီဘက္ပိုင္းက နည္းနည္းျမင့္လာတာရယ္ ေျမသားေျမာင္းဆိုေတာ့ နည္းနည္းေကာလာတာေရာပါတာေပါ့။ ငါးေတြကေတာ့ ေသေနတုန္း။ အဓိက ေရဝင္ေရထြက္ေကာင္းသြားမွ ေရကသန္႔သြားမွာေပါ့။ အခုက ေရဝင္မရိွေတာ့ ေရကထုတ္မရျဖစ္ေနတယ္။ စည္ပင္ဘတ္ဂ်က္အေနနဲ႔က အမ်ားႀကီး မထားႏုိင္ဘူးေပါ့။ ကန္ရဲ႕ေရဝင္ေရထြက္စနစ္လုပ္ဖို႔က ေရဝင္တစ္ခုထဲလုပ္ဖို႔ကို သိန္းေပါင္း ေသာင္းခ်ီကုန္မွာဆိုေတာ့ ကၽြန္ေတာ္တုိ႔ ဘတ္ဂ်က္ေတာ့ မတတ္ႏုိင္ဘူးေပါ့”ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးမ်ိဳးျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခုႏွစ္အတြင္း ေနာင္တံုကန္၌ ငါးမ်ားေသေနေသာ္လည္း ကန္အတြင္းငါးဖမ္းျခင္းလုပ္ငန္းလုိင္စင္ကို ၁၀၁၈ - ၂၀၁၉ ခုႏွစ္အတြက္ တင္ဒါေခၚယူထားၿပီး ငါးမ်ားေသဆံုးေနျခင္းေၾကာင့္ တင္ဒါထိခိုက္ႏုိင္မည္ မဟုတ္ေၾကာင္း စည္ပင္သာယာဌာန အမႈေဆာင္အရာရိွက ဆုိသည္။

အဆိုပါ ငါးဖမ္းလုပ္ငန္းလုိင္စင္ကို၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္အထိ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ခြင့္ျပဳေပးေနခဲ့ျခင္းျဖစ္ၿပီး ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္တြင္ စည္ပင္သာယာေရးဌာနသို႔  လႊဲေျပာင္းေပးခဲ့ျခင္း ျဖစ္ေသာ္လည္း ငါးဖမ္းျခင္းလုပ္ငန္းလုိင္စင္ကို ၂၀၁၈ -၂၀၁၉ ဘ႑ာေရးႏွစ္တြင္ စတင္ေခၚယူလုိက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓါတ္ပံု - က်ိဳင္းတံုစည္ပင္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ (၃၅)ဧက နီးပါးကျယ်ဝန်းသည့် နောင်တုံကန်တွင် ရေဝင်ရေထွက် မရှိသဖြင့် ကန်ရေညစ်နွမ်းပြီး ယခုနှစ်အတွင်းငါးများသေနေရာ ကန်ရေဝင်ရေထွက်များ လုပ်ဆောင်ရန် လွှတ်တော်အသီးသီးတွင် ဘတ်ဂျက် တောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။

နောင်တုံကန်တွင် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့မှစ၍ ငါးများအစုအပြုံလိုက်သေဆုံးမှုများ ဖြစ်နေသဖြင့် ငါးသေများအား ဆယ်ယူ ရှင်းလင်းခြင်း လုပ်ဆောင်နေရပြီး ငါးများသေရသည့် အကြောင်းရင်းကို စစ်ဆေးရာ ကန်ရေညစ်နွမ်းပြီး အောက်ဆီဂျင်လျော့နည်းလာခြင်း၊ ကန်အတွင်း Blue Green Algae များရှိနခြေင်းတို့ကြောင့်ဖြစ်ကြောင်း တွေ့ရှိရသည့်အတွက် အောက်စီဂျင်ပိုမိုရရှိစေရန် ကန်အတွင်း Speed Boat ဖြင့် လှည့်လည်မောင်းနှင်ခြင်းနှင့် Blue green Algaeများ လျော့နည်းသွားစေရန် ကန်အတွင်း ထုံးထည့်ခြင်းများကို ဆောင်ရွက်နေရခြင်းဖြစ်သည်။

 “လက်ရှိ နောင်တုန်ကန်မှာက ရေဝင်၊ ရေထွက် မရှိတဲ့အတွက် အခုလို ငါးတွေသပြေီးတော့ အနံ့အသက် မကောင်းတာတွေ ဖြစ်နေရတာပါ။ ကန်ရဲ့ ရေဝင်ရေထွက် စနစ်ကောင်းကောင်းနဲ့ ရေသန့်ရှင်းဖို့အတွက် လက်ရှိရေတွေ အကုန်ထုတ်ချပြီးတော့ ရေရှည်လုပ်သွားနိုင်ဖို့အတွက် လိုအပ်တဲ့ငွေကြေးကို လွှတ်တော်မှာ တင်ပြီးတောင်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရှမ်းပြည်နယ်အစိုးရကမရရင်လည်း ပြည်ထောင်စု အစိုးရဘတ်ဂျက်နဲ့ ရအောင်လုပ်သွားဖို့ရှိပါတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စည်ပင်သာယာရေးဌာန၏ နောင်တုံကန်သာယာလှပရေးဘတ်ဂျက်မှာ ကန်ပတ်ဝန်းကျင် သာယာလှပရေး အတွက်သာ လုပ်ဆောင်နိုင်ပြီး ရေဝင်မြောင်းကောနေသည်ကို ပြုပြင်နိုင်ခြင်းမရှိသဖြင့် ရေဆိုးများ ဝင်ရောက်မှုနည်းရန်သာ ဆောင်ရွက်ထားနိုင်ကြောင်း သိရသည်။

“ကန်ပတ်လည်က ဆိုင်တွေကနေဝင်တဲ့ ရေဆိုးထုတ်မြောင်းကို ပိတ်ထားတယ်။ ကန်ထဲကို ရေဝင်အနေနဲ့ ကျိုင်းဖောင်းချောင်းကနေလာတဲ့ မြောင်းရှိတယ်။ ဒါပေမဲ့ ကြားထဲက လယ်သမားတွေ၊ စိုက်ခင်းတွေက ရေဆွဲယူကြတာနဲ့ ရေက ကန်အထိရောက်မလာတော့တာ။ မြေသားမြောင်းဆိုတော့ ဒီဘက်ပိုင်းက နည်းနည်းမြင့်လာတာရယ် မြေသားမြောင်းဆိုတော့ နည်းနည်းကောလာတာရောပါတာပေါ့။ ငါးတွေကတော့ သေနေတုန်း။ အဓိက ရေဝင်ရေထွက်ကောင်းသွားမှ ရေကသန့်သွားမှာပေါ့။ အခုက ရေဝင်မရှိတော့ ရေကထုတ်မရဖြစ်နေတယ်။ စည်ပင်ဘတ်ဂျက်အနေနဲ့က အများကြီး မထားနိုင်ဘူးပေါ့။ ကန်ရဲ့ရေဝင်ရေထွက်စနစ်လုပ်ဖို့က ရေဝင်တစ်ခုထဲလုပ်ဖို့ကို သိန်းပေါင်း သောင်းချီကုန်မှာဆိုတော့ ကျွန်တော်တို့ ဘတ်ဂျက်တော့ မတတ်နိုင်ဘူးပေါ့”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခုနှစ်အတွင်း နောင်တုံကန်၌ ငါးများသေနေသော်လည်း ကန်အတွင်းငါးဖမ်းခြင်းလုပ်ငန်းလိုင်စင်ကို ၁၀၁၈ - ၂၀၁၉ ခုနှစ်အတွက် တင်ဒါခေါ်ယူထားပြီး ငါးများသေဆုံးနခြေင်းကြောင့် တင်ဒါထိခိုက်နိုင်မည် မဟုတ်ကြောင်း စည်ပင်သာယာဌာန အမှုဆောင်အရာရှိက ဆိုသည်။

အဆိုပါ ငါးဖမ်းလုပ်ငန်းလိုင်စင်ကို၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခွင့်ပြုပေးနေခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေးဌာနသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သော်လည်း ငါးဖမ်းခြင်းလုပ်ငန်းလိုင်စင်ကို ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်ခေါ်ယူလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - ကျိုင်းတုံစည်ပင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~