မိုင်းပျဉ်းမြို့ (၉)မိုင်ရွာပြင်လမ်းပေါ်တွင် အမည်မသိသူ၏ လက်ချက်ဖြင့် အမျိုးသားတစ်ဦး ရိုက်သတ်ခံရ

မိုင်းပျဉ်းမြို့ (၉)မိုင်ရွာပြင်လမ်းပေါ်တွင် အမည်မသိသူ၏ လက်ချက်ဖြင့် အမျိုးသားတစ်ဦး ရိုက်သတ်ခံရ
အောကျတိုဘာ 28, 2018
By Tachileik News Agency


တာကော်ကျေးရွာအုပ်စု၊ (၉)မိုင်ရွာ၏ ရွာပြင်လမ်းမပေါ်တွင် လူသတ်မှုဖြစ်ပွားကြောင်း  ၂၀၁၈ခုနှစ် အောက်တိုဘာလ(၂၈)ရက်နေ့ နံနက်(၁၁)နာရီ ၀န်းကျင်အချိန်က သတင်းရရှိသည့် မိုင်းပျဉ်းမြို့မ ရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်ရွှေမောင်နှင့် သက်ဆိုင်ရာတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ရာတွင် အခင်းဖြစ်ပွားရာ နေရာအနီးတွင် သွေးများ စွန်းပေနေသည့် ၀ါးရင်းတုတ်တစ်ချောင်းအား တွေ့ရှိရပြီး သေဆုံးသူမှာ ပက်လက်အနေအထားဖြင့် ယာဘက်မျက်လုံး ဖူးရောင်ညိုမဲဒဏ်ရာ (၁)ချက်၊ ဦးခေါင်းနှောက်စေ့ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ညာဘက်ခြေသလုံး ပေါက်ပြဲဒဏ်ရာ(၁)ချက်တို့ရရှိထားကာ သေဆုံးနေခြင်း ဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။



ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တာကော်ကျေးရွာအုပ်စု၊ (၉)မိုင်ရွာ၏ ရွာပြင်လမ်းမပေါ်တွင် ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းအား တွေ့ရှိရ၍ ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

တာကော်ကျေးရွာအုပ်စု၊ (၉)မိုင်ရွာ၏ ရွာပြင်လမ်းမပေါ်တွင် လူသတ်မှုဖြစ်ပွားကြောင်း ၂၀၁၈ခုနှစ် အောက်တိုဘာလ(၂၈)ရက်နေ့ နံနက်(၁၁)နာရီ ဝန်းကျင်အချိန်က သတင်းရရှိသည့် မိုင်းပျဉ်းမြို့မ ရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်ရွှေမောင်နှင့် သက်ဆိုင်ရာတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ရာတွင် အခင်းဖြစ်ပွားရာ နေရာအနီးတွင် သွေးများ စွန်းပေနေသည့် ဝါးရင်းတုတ်တစ်ချောင်းအား တွေ့ရှိရပြီး သေဆုံးသူမှာ ပက်လက်အနေအထားဖြင့် ယာဘက်မျက်လုံး ဖူးရောင်ညိုမဲဒဏ်ရာ (၁)ချက်၊ ဦးခေါင်းနှောက်စေ့ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ညာဘက်ခြေသလုံး ပေါက်ပြဲဒဏ်ရာ(၁)ချက်တို့ရရှိထားကာ သေဆုံးနခြေင်း ဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်ရာတွင် သေဆုံးသူ၏ ဇနီးဖြစ်သူ၏ ပြောပြချက်အရ နေအိမ်တွင်ရှိနေစဉ် အော်သံကြားသဖြင့်၎င်းနှင့်အတူ ယောက္ခထီးဖြစ်သူတို့သည် သွားရောက်ကြည့်ရှုရာ အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိပြီး ခဏအကြာတွင် အသက်(၂၇)နှစ် ဝန်းကျင်ရှိ သိန်းဝင်း(ခ)ကျန ဆိုသူမှာ ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းပျဉ်းမြို့မရဲစခန်းတွင် (ပ)၁၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ ဖြင့် အောက်တိုဘာလ(၂၈)ရက်နေ့ ညနေ(၃)နာရီအချိန်က အမှုဖွင့်ထားရှိပြီး သတ်သွားသူအား ဖမ်းဆီး ရမိရေးအတွက် စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~