တာခ်ီလိတ္ၿမိဳ႕ မုိင္းကိုးေက်းရြာအုပ္စုအတြင္း သတၳဳတူးေဖာ္ေရး လုပ္ငန္းမ်ားေၾကာင့္ ထိခိုက္ နစ္နာမႈမ်ားကို ေဒသခံမ်ားက လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အပါအ၀င္ သက္ဆိုင္ရာဌာနမ်ားႏွင့္ ေတြ႔ဆံုကာ ေဆြးေႏြးတင္ျပ

တာခ်ီလိတ္ၿမိဳ႕ မုိင္းကိုးေက်းရြာအုပ္စုအတြင္း သတၳဳတူးေဖာ္ေရး လုပ္ငန္းမ်ားေၾကာင့္ ထိခိုက္ နစ္နာမႈမ်ားကို ေဒသခံမ်ားက လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အပါအ၀င္ သက္ဆိုင္ရာဌာနမ်ားႏွင့္ ေတြ႔ဆံုကာ ေဆြးေႏြးတင္ျပ
အောက်တိုဘာ 21, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းကိုးေက်းရြာအုပ္စုအတြင္း သတၳဳတူးေဖာ္ေရး လုပ္ငန္းမ်ားေၾကာင့္ ထိခိုက္ နစ္နာမႈမ်ားကို ေဒသခံမ်ားက တင္ျပျခင္းကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၂၁)ရက္ေန႔က မိုင္းကိုးေက်းရြာအုပ္စုရွိ ဟိုရမ္းျပည္သူ႔စစ္စခန္းတြင္ က်င္းပရာ သတၱဳလုပ္ငန္းရွင္မ်ား တက္ေရာက္ ေျဖရွင္းေပးၾကေၾကာင္း သိရသည္။

မုိင္းကိုးေက်းရြာအုပ္စုအတြင္း မန္းဂနိစ္ဒိုင္ေအာက္ဆုိဒ္သတၱဳတူးေဖၚေနသည့္ သတၱဳကုမၸဏီ (၇)ခုအနက္ ေက်ာက္ေဆာင္နီကုမၸဏီမွလြဲ၍ က်န္ကုမၸဏီမ်ားႏွင့္အတူ သတၱဳလုပ္ငန္းရွင္မ်ားအသင္း အတြင္းေရးမွဴးႏွင့္ အဖြဲ႕ဝင္မ်ားလည္း တက္ေရာက္ၾကေၾကာင္း သိရသည္။

“သတၱဳကုမၸဏီေတြက ကတိကဝတ္ေတြေတာ့ ေပးသြားပါတယ္။ လမ္းေတြ မထိခိုက္ေအာင္ ၿမိဳ႕ေရွာင္လမ္းကို (၆)လအတြင္း အေကာင္အထည္ ေဖၚဖို႔ စဥ္းစားမယ္လုိ႔ေတာ့ ေျပာသြားပါတယ္။ ရြာသားေတြ တစ္ခ်ိဳ႕ကေတာ့ သတၱဳကုမၸဏီေတြ ထြက္သြားဖို႔ကို တင္ျပၾကတာေပါ့။ က်န္းမာေရးထိခိုက္တာ၊ ေရထု ညစ္ညမ္းတာေတြ ျဖစ္တာေၾကာင့္ ထြက္သြားၾကဖို႔ေပါ့။ က်န္းမာေရးအရ ဖုန္မႈန္႔ေတြ မျဖစ္ေအာင္ သတၱဳသယ္တဲ့ ကားေတြ အေနနဲ႔ ဖံုးအုပ္သယ္ဖို႔၊ ေရျဖန္းေပးဖို႔ေတာ့ အႀကံျပဳေပးလိုက္ပါတယ္။ လမ္းေတြ ပ်က္တာနဲ႔ ပတ္သက္လို႔ ေက်းလက္ဦးစီးဌာနက ဦးစီးမွဴးက သတၱဳသယ္တဲ့ကားေတြ ဝန္ေတြေလွ်ာ့ဖို႔နဲ႔ ထရပ္ကားေလာက္၊ (၆)ဘီးကားေလာက္ပဲ သယ္ဖို႔ အႀကံျပဳခဲ့ပါတယ္။ မဟုတ္ရင္ ဒီလမ္းေတြက ပ်က္လုိက္ ျပင္လုိက္နဲ႔ ျဖစ္ေနတယ္ေပါ့”ဟု အဆိုပါ လူထုေတြ႔ဆံုပြဲတက္ေရာက္သည့္ သံလြင္သစၥာ လယ္ယာ
က႑အေထာက္အကူျပဳအဖြဲ႕စီမံခ်က္ဒါရိုက္တာ ဦးတင္ျမင့္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အခမ္းအနားတြင္ ေဒသခံျပည္သူ ကိုယ္စားျပဳအခ်ိဳ႕က သတၳဳလုပ္ငန္းမ်ားေၾကာင့္ ဆီလီေငါ-ေမာတြီလမ္း ပ်က္စီးမႈ၊ ပတ္ဝန္းက်င္ျပည္သူလူထု၏ က်န္းမာေရးထိခိုက္မႈ၊ လယ္ယာစိုက္ပ်ိဳးေျမႏွင့္ ေရအရင္းအျမစ္ ဆံုးရႈံးနစ္နာမႈမ်ားအား တင္ျပခဲ့ၾကၿပီး သတၳဳလုပ္ငန္းရွင္မ်ားကိုယ္စား တာခ်ီလိတ္ၿမိဳ႕ သတၳဳလုပ္ငန္းရွင္မ်ား အသင္း အတြင္းေရးမႈး (ဟိန္းလင္းစံသတၳဳတူးေဖာ္ေရးလုပ္ငန္း မန္ေနဂ်င္းဒါ႐ိုက္တာ) ဦးဘုန္းႏိုင္ဝင္းက ျပန္လည္ရွင္းလင္းေပးခဲ့ေၾကာင္း သိရသည္။

“အဓိက ကေတာ့ သတၱဳလုပ္ငန္းနဲ႔ ပတ္သက္တာရယ္၊ ပံုစံ(၇)မရတာေတြ ရယ္ေတာ့ အဓိက တင္ျပၾကတယ္။ သက္ဆိုင္ရာဌာနေတြက ေျဖရွင္းေပးႏုိင္တာေတြ ေျဖရွင္းေပးၾကပါတယ္။ သတၱဳလုပ္ငန္းရွင္ေတြ ဘက္က အခုေျဖရွင္းေပးႏုိင္တာေတြလည္း ေျဖရွင္းေပးတယ္။ အခုေျဖရွင္း မေပးႏုိင္တာေတြကိုေတာ့ ေနာက္ထပ္ သူတုိ႔က တစ္ပတ္အခ်ိန္ ထပ္ေတာင္းထားတယ္”ဟု တာခ်ီလိတ္ၿမိဳ႕မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

အခမ္းအနားသို႔ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးဝင္း၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္ ႏွင့္ NLD ပါတီ၀င္မ်ား၊ တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္ ႏွင့္ သက္ဆိုင္ရာဌာနမ်ားမွ တာ၀န္ရွိသူမ်ား အရပ္ဘက္ လူမႈ အဖြဲ႔အစည္းမ်ား၊ သတၳဳလုပ္ငန္းရွင္မ်ားကိုယ္စားျပဳ  သတၳဳလုပ္ငန္းရွင္မ်ားအသင္း အတြင္းေရးမႈး(ဟိန္းလင္းစံသတၳဳတူးေဖာ္ေရးလုပ္ငန္း မန္ေနဂ်င္းဒါ႐ိုက္တာ) ဦးဘုန္းႏိုင္ဝင္း၊ ေဒသခံျပည္သူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Tachileik District Info Committee NLD


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်း သတ္ထုတူးဖော်ရေး လုပ်ငန်းများကြောင့် ထိခိုက် နစ်နာမှုများကို ဒေသခံများက တင်ပြခြင်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့က မိုင်းကိုးကျေးရွာအုပ်စုရှိ ဟိုရမ်းပြည်သူ့စစ်စခန်းတွင် ကျင်းပရာ သတ္တုလုပ်ငန်းရှင်များ တက်ရောက် ဖြေရှင်းပေးကြကြောင်း သိရသည်။

မိုင်းကိုးကျေးရွာအုပ်စုအတွင်း မန်းဂနိစ်ဒိုင်အောက်ဆိုဒ်သတ္တုတူးဖော်နေသည့် သတ္တုကုမ္ပဏီ (၇)ခုအနက် ကျောက်ဆောင်နီကုမ္ပဏီမှလွဲ၍ ကျန်ကုမ္ပဏီများနှင့်အတူ သတ္တုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များလည်း တက်ရောက်ကြကြောင်း သိရသည်။

“သတ္တုကုမ္ပဏီတွေက ကတိကဝတ်တွေတော့ ပေးသွားပါတယ်။ လမ်းတွေ မထိခိုက်အောင် မြို့ရှောင်လမ်းကို (၆)လအတွင်း အကောင်အထည် ဖော်ဖို့ စဉ်းစားမယ်လို့တော့ ပြောသွားပါတယ်။ ရွာသားတွေ တစ်ချို့ကတော့ သတ္တုကုမ္ပဏီတွေ ထွက်သွားဖို့ကို တင်ပြကြတာပေါ့။ ကျန်းမာရေးထိခိုက်တာ၊ ရေထု ညစ်ညမ်းတာတွေ ဖြစ်တာကြောင့် ထွက်သွားကြဖို့ပေါ့။ ကျန်းမာရေးအရ ဖုန်မှုန့်တွေ မဖြစ်အောင် သတ္တုသယ်တဲ့ ကားတွေ အနေနဲ့ ဖုံးအုပ်သယ်ဖို့၊ ရဖြေန်းပေးဖို့တော့ အကြံပြုပေးလိုက်ပါတယ်။ လမ်းတွေ ပျက်တာနဲ့ ပတ်သက်လို့ ကျေးလက်ဦးစီးဌာနက ဦးစီးမှူးက သတ္တုသယ်တဲ့ကားတွေ ဝန်တွေလျှော့ဖို့နဲ့ ထရပ်ကားလောက်၊ (၆)ဘီးကားလောက်ပဲ သယ်ဖို့ အကြံပြုခဲ့ပါတယ်။ မဟုတ်ရင် ဒီလမ်းတွေက ပျက်လိုက် ပြင်လိုက်နဲ့ ဖြစ်နေတယ်ပေါ့”ဟု အဆိုပါ လူထုတွေ့ဆုံပွဲတက်ရောက်သည့် သံလွင်သစ္စာ လယ်ယာ
ကဏ္ဍအထောက်အကူပြုအဖွဲ့စီမံချက်ဒါရိုက်တာ ဦးတင်မြင့်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အခမ်းအနားတွင် ဒေသခံပြည်သူ ကိုယ်စားပြုအချို့က သတ္ထုလုပ်ငန်းများကြောင့် ဆီလီငေါ-မောတွီလမ်း ပျက်စီးမှု၊ ပတ်ဝန်းကျင်ပြည်သူလူထု၏ ကျန်းမာရေးထိခိုက်မှု၊ လယ်ယာစိုက်ပျိုးမြေနှင့် ရေအရင်းအမြစ် ဆုံးရှုံးနစ်နာမှုများအား တင်ပြခဲ့ကြပြီး သတ္ထုလုပ်ငန်းရှင်များကိုယ်စား တာချီလိတ်မြို့ သတ္ထုလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှုး (ဟိန်းလင်းစံသတ္ထုတူးဖော်ရေးလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ) ဦးဘုန်းနိုင်ဝင်းက ပြန်လည်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

“အဓိက ကတော့ သတ္တုလုပ်ငန်းနဲ့ ပတ်သက်တာရယ်၊ ပုံစံ(၇)မရတာတွေ ရယ်တော့ အဓိက တင်ပြကြတယ်။ သက်ဆိုင်ရာဌာနတွေက ဖြေရှင်းပေးနိုင်တာတွေ ဖြေရှင်းပေးကြပါတယ်။ သတ္တုလုပ်ငန်းရှင်တွေ ဘက်က အခုဖြေရှင်းပေးနိုင်တာတွေလည်း ဖြေရှင်းပေးတယ်။ အခုဖြေရှင်း မပေးနိုင်တာတွေကိုတော့ နောက်ထပ် သူတို့က တစ်ပတ်အချိန် ထပ်တောင်းထားတယ်”ဟု တာချီလိတ်မြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် နှင့် NLD ပါတီဝင်များ၊ တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ သတ္ထုလုပ်ငန်းရှင်များကိုယ်စားပြု သတ္ထုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှုး(ဟိန်းလင်းစံသတ္ထုတူးဖော်ရေးလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ) ဦးဘုန်းနိုင်ဝင်း၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Tachileik District Info Committee NLD

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~