တာချီလိတ်တွင် ရပ်ကွက်တွင်း လောင်းကစားခုံများ မဖွင့်ရန် ထွေ/အုပ်က ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို တာဝန်ယူခိုင်းလိုက်ပြီးနောက် မြို့ပေါ်(၁၁)ရပ်ကွက်အနက် မယ်ခေါင်ရပ်ကွက်မှ ရပ်/ကျေးနှင့်လူထုတို့ ရပ်ကွက်အတွင်း ပူးပေါင်း ကင်းလှည့်

တာချီလိတ်တွင် ရပ်ကွက်တွင်း လောင်းကစားခုံများ မဖွင့်ရန် ထွေ/အုပ်က ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို တာဝန်ယူခိုင်းလိုက်ပြီးနောက် မြို့ပေါ်(၁၁)ရပ်ကွက်အနက် မယ်ခေါင်ရပ်ကွက်မှ ရပ်/ကျေးနှင့်လူထုတို့ ရပ်ကွက်အတွင်း ပူးပေါင်း ကင်းလှည့်
အောကျတိုဘာ 13, 2018
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ်ဒေသ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ရပ်ကွက်တွင်း လောင်းကစား ဂိမ်းခုံများ ဖွင့်လှစ်ခြင်း မရှိစေရန် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် တာဝန်ယူရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လက်မှတ်ရေးထိုးခိုင်းပြီးနောက် တာချီလိတ်မြို့ပေါ်(၁၁)ရပ်ကွက်အနက် မယ်ခေါင်ရပ်ကွက်မှ  ရပ်ကွက်လူထုနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ရပ်ကွက်တွင်း ကင်းလှည့်ခြင်းအဖြစ် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့က  ဆောင်ရွက်နေကြောင်း သိရသည်။




မယ်ခေါင်ရပ်ကွက်လူထုနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့ ညပိုင်းက ကျင်းပရာတွင်လည်း ရပ်ကွက်လူထုက လောင်းကစား ဂိမ်းခုံများ ရပ်ကွက်တွင်း ဖွင့်လှစ်ထားမှုနှင့် ပတ်သက်၍ တင်ပြခဲ့ကြရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အနေဖြင့် အဆိုပါ ကိစ္စအား ရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီး အမြန်ဆုံး ဆက်လက် အကောင်အထည် ဖေါ်ပေးမည်ဖြစ်ကြောင်း လူထုအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ဖြေကြားထားခဲ့ခြင်းဖြစ်သည်။


Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ရပ်ကွက်တွင်း လောင်းကစား ဂိမ်းခုံများ ဖွင့်လှစ်ခြင်း မရှိစေရန် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနဖြေင့် တာဝန်ယူရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လက်မှတ်ရေးထိုးခိုင်းပြီးနောက် တာချီလိတ်မြို့ပေါ်(၁၁)ရပ်ကွက်အနက် မယ်ခေါင်ရပ်ကွက်မှ ရပ်ကွက်လူထုနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ရပ်ကွက်တွင်း ကင်းလှည့်ခြင်းအဖြစ် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့က ဆောင်ရွက်နေကြောင်း သိရသည်။

“မယ်ခေါင်ရပ်ကွက်ထဲတော့ လက်ရှိမှာ ဂိမ်းဆိုင်တွေ ဖွင့်ထားတာ မတွေ့ရဘူး။ အခုတော့ ကျွန်တော်တို့ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ လူပျိုခေါင်းတွေ စုပေါင်းပြီး အင်အား (၇၀)လောက်နဲ့ ရပ်ကွက်ထဲ ကင်းပတ် ရတာပေါ့။ အရင်ကတော့ ရပ်ကွက်လုံခြုံရေးအရ လုပ်တာပေါ့။ ဒီလိုမလုပ်ရင် သူခိုးတွေများတယ်လေ”ဟု မယ်ခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းအွတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ခေါင်ရပ်ကွက်ရှိ လူထုက၎င်းတို့ရပ်ကွက်တွင်းရှိ လောင်းကစားခုံ (၁၅)ခုကို ပိတ်သိမ်းရေးအတွက် ရပ်ကွက်နေ အိမ်ထောင်စု (၂၅၅) စုက လက်မှတ်ရေးထိုးပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြခဲ့ကြခြင်းဖြစ်သည်။

ယင်းကဲ့သို့ တင်ပြခဲ့သည့် အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား ခေါ်ယူတွေ့ဆုံပြီး မိမိတို့ ရပ်ကွက်အလိုက် လောင်းကစားဂိမ်းခုံများနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ အသိပေးရန် လက်မှတ်ရေးထိုးစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မယ်ခေါင်ရပ်ကွက်လူထုနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့ ညပိုင်းက ကျင်းပရာတွင်လည်း ရပ်ကွက်လူထုက လောင်းကစား ဂိမ်းခုံများ ရပ်ကွက်တွင်း ဖွင့်လှစ်ထားမှုနှင့် ပတ်သက်၍ တင်ပြခဲ့ကြရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အနဖြေင့် အဆိုပါ ကိစ္စအား ရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီး အမြန်ဆုံး ဆက်လက် အကောင်အထည် ဖော်ပေးမည်ဖြစ်ကြောင်း လူထုအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ဖြကြေားထားခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ရန်အောင်မြေရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက်၊ ပါဆတ်ရပ်ကွက် နှင့် ဆေခမ်းရပ်ကွက် စသည့် ရပ်ကွက်ပေါင်း (၁၁)ခုရှိပြီး မယ်ခေါင်ရပ်ကွက်တွင် အိမ်ထောင်စုပေါင်း(၅၀၀)နီးပါး နေထိုင်ကာ ယခုလို ရပ်ကွက်တွင်း ကင်းလှည့်မှုကို မယ်ခေါင်ရပ်ကွက်က စတင်ခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~