ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် အထောက်အထားမပြည့်စုံသည့် မြန်မာနိုင်ငံသား သုံးသောင်းကျော်ကို သုံးလအတွင်း မြန်မာနယ်စပ်စခန်း(၃)ခုမှတဆင့် လွှဲပေးထား

ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် အထောက်အထားမပြည့်စုံသည့် မြန်မာနိုင်ငံသား သုံးသောင်းကျော်ကို သုံးလအတွင်း မြန်မာနယ်စပ်စခန်း(၃)ခုမှတဆင့် လွှဲပေးထား
အောကျတိုဘာ 5, 2018
By Tachileik News Agency




ထိုင်းအစိုးရက နိုင်ငံတွင်း တရားမ၀င်လုပ်သား စေခိုင်းမှုမရှိစေရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် နိုင်ငံလုံခြုံရေးအတွက် နိုင်ငံတွင်းရှိ နိုင်ငံခြားသားများအား  လိုအပ်သည့် အထောက်အထားများ စစ်ဆေးခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိ နေထိုင်နေသည့် မြန်မာနိုင်ငံသားများ အနေဖြင့်  မယ်ဆိုင်၊ မဲဆောက်၊ ရနောင်းရှိ ပြန်လည် လွှဲပြောင်းရေး စခန်းများသို့ လည်းကောင်း၊ နီးစပ်ရာနယ်မြေ၏ အလုပ်သမား သံအရာရှိရုံးသို့ လည်းကောင်း ဆက်သွယ်၍ ယခုကာလအတွင်း မြန်မာနိုင်ငံသို့ တရားဝင်ပြန်နိုင်ရေး ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ အနေဖြင့် အခက်အခဲဖြစ်ပေါ်ပါက မြန်မာ အလုပ်သမား သံအရာရှိရုံး ဖုန်းနံပါတ်များဖြစ်သည့် ဦးစန်းမောင်ဦး ၀၉၄၈၈၄၅၄၈၄၊ ဦးသန်းနိုင် ၀၆၅၂၂၀၆၉၅၂၊ ဦးဇော်မင်းအောင် ၀၆၅၂၂၀၆၉၅၁ (တောင်ပိုင်း၊ရနောင်း)၊ ဦးအောင်မင်း ၀၆၅၂၂၀၆၉၅၃ (မဲဆောက်)၊ ဦးဦးခင်မောင် ၀၉၉၀၅၉၂၃၅၂ (ချင်းမိုင်)၊ MOEAF Call Centre ၀၈၃ ၅၄၄ ၆၄၄ ၂နှင့် MPC ၀၈၂၇၄၅၇၄၃၂ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင် ဥပဒေနှင့် ကိုက်ညီမှုမရှိသော မြန်မာလုပ်သားများအား စစ်ဆေးတွေ့ရှိပါက မြန်မာနိုင်ငံသို့ တရားဝင် ပြန်လ ည်လွှဲပြောင်းပေးနိုင်ရေး ညှိနှိုင်းထားချက်အရ ၂၀၁၈ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလ အထိ နယ်စပ်စခန်း(၃)ခုမှ လွှဲပြောင်းပေးသူဦးရေ အမျိုးသား(၁၄,၉၄၃)နှင့် အမျိုးသမီး(၅,၃၉၁) စုစုပေါင်း (၃၄,၉၂၆)ဦးကို အလုပ်သမားသံအရာရှိရုံးက လက်ခံလွှဲပြောင်းပေးထားကြောင်း သိရသည်။

နီးစပ်ရာ နယ်စပ်စခန်း အသီးသီးမှ လွှဲပြောင်းပေးနေရာ ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း မဲဆောက်-မြဝတီ စခန်းမှ အမျိုးသား (၃,၇၈၁)ဦး၊ အမျိုးသမီး (၁,၄၀၉) ဦး၊ ရနောင်း-ကော့သောင်စခန်းမှ အမျိုးသား (၂၆၆) ဦး၊ အမျိုးသမီး (၃၆) ဦးနှင့် မယ်ဆိုင် - တာချီလိတ်စခန်းမှ အမျိုးသမီး (၆၅) ဦး၊ အမျိုးသမီး (၂၇) ဦး စုစုပေါင်း အမျိုးသား (၄,၁၁၂)နှင့် အမျိုးသမီး (၁,၄၇၂) အား အလုပ်သမားသံအရာရှိရုံးမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ ဥပဒေပြောင်းလဲမှုအရ လိုအပ်သည့် အထောက် အထားများကို မြန်မာ - ထိုင်း နှစ်နိုင်ငံအစိုးရများ ညှိနှိုင်း၍ ၂၀၁၇ ခုနှစ် မတ်လ (၃) ရက်နေ့မှ ၂၀၁၈ ခုနှစ် ဇွန်လ (၃၀) ရက်နေ့ အထိ CI စာအုပ်များကို ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ထိုင်းအစိုးရက နိုင်ငံတွင်း တရားမဝင်လုပ်သား စေခိုင်းမှုမရှိစေရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် နိုင်ငံလုံခြုံရေးအတွက် နိုင်ငံတွင်းရှိ နိုင်ငံခြားသားများအား လိုအပ်သည့် အထောက်အထားများ စစ်ဆေးခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိ နေထိုင်နေသည့် မြန်မာနိုင်ငံသားများ အနဖြေင့် မယ်ဆိုင်၊ မဲဆောက်၊ ရနောင်းရှိ ပြန်လည် လွှဲပြောင်းရေး စခန်းများသို့ လည်းကောင်း၊ နီးစပ်ရာနယ်မြေ၏ အလုပ်သမား သံအရာရှိရုံးသို့ လည်းကောင်း ဆက်သွယ်၍ ယခုကာလအတွင်း မြန်မာနိုင်ငံသို့ တရားဝင်ပြန်နိုင်ရေး ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ အနဖြေင့် အခက်အခဲဖြစ်ပေါ်ပါက မြန်မာ အလုပ်သမား သံအရာရှိရုံး ဖုန်းနံပါတ်များဖြစ်သည့် ဦးစန်းမောင်ဦး ဝ၉၄၈၈၄၅၄၈၄၊ ဦးသန်းနိုင် ဝ၆၅၂၂၀၆၉၅၂၊ ဦးဇော်မင်းအောင် ဝ၆၅၂၂၀၆၉၅၁ (တောင်ပိုင်း၊ရနောင်း)၊ ဦးအောင်မင်း ဝ၆၅၂၂၀၆၉၅၃ (မဲဆောက်)၊ ဦးဦးခင်မောင် ဝ၉၉၀၅၉၂၃၅၂ (ချင်းမိုင်)၊ MOEAF Call Centre ဝ၈၃ ၅၄၄ ၆၄၄ ၂နှင့် MPC ဝ၈၂၇၄၅၇၄၃၂ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~