လာအိုႏိုင္ငံတြင္းမွ ေနရပ္ျပန္လာသည့္ ျမန္မာလုပ္သားမ်ား လာအိုလွည့္ကင္းရဲႏွင့္ ေတြ႔၍ ပါသမွ်စရိတ္ျပတ္သြားရာက လာအိုႏွင့္ တာခ်ီလိတ္မွ လူမႈကူညီေရးအသင္းတို႔ ခ်ိတ္ဆက္ ကူညီေပးလိုက္ရ

လာအိုႏိုင္ငံတြင္းမွ ေနရပ္ျပန္လာသည့္ ျမန္မာလုပ္သားမ်ား လာအိုလွည့္ကင္းရဲႏွင့္ ေတြ႔၍ ပါသမွ်စရိတ္ျပတ္သြားရာက လာအိုႏွင့္ တာခ်ီလိတ္မွ လူမႈကူညီေရးအသင္းတို႔ ခ်ိတ္ဆက္ ကူညီေပးလိုက္ရ
အောက်တိုဘာ 13, 2018
By Tachileik News Agency
ျမန္မာ - လာအိုနယ္စပ္ေဒသ၊  ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္အနီး လာအိုႏုိင္ငံရိွ သတၱဳတြင္း လုပ္ငန္း၌ သြားေရာက္ အလုပ္ လုပ္ကိုင္သည့္ ျမန္မာႏိုင္ငံသား (၁၂)ဦး ေနရပ္ျပန္လာစဥ္ လာအို ရဲလွည့္ကင္းက ေငြမ်ား သိမ္းယူသြားသျဖင့္ လာအိုႏိုင္ငံေရာက္ ေစတနာရွင္ပရဟိတ လူငယ္မ်ားအသင္း  ႏွင့္ တာခ်ီလိတ္ရိွ မဇၨ်ိမလူညီေရးအသင္းတို႔ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၃)ရက္ေန႔က ခ်ိတ္ဆက္၍ ေနရပ္ျပန္ႏုိင္ေရး ကူညီေပးထားေၾကာင္း သိရသည္။

"သူတို႔က ပြဲစားနဲ႔ခ်ိတ္ဆက္ၿပီး သတၱဳတြင္းမွာ သြားလုပ္ၾကတာ။ ေျပာတဲ့အတုိင္းေတာ့ လစာရတယ္။ အလုပ္ခ်ိန္က ၂၄ နာရီမနားရ၊ အလုပ္လုပ္ရတာအဆင္မေျပေတာ့ ျပန္လာၾကတာ။ လာအိုဘက္က ပရဟိတလူငယ္အဖဲြ႕နဲ႔ ခ်ိတ္ဆက္မိၿပီး သူတုိ႔ေတြ ဒီဘက္ျပန္လာမယ္ဆိုလို႔ ဒီဘက္ကေန သူတုိ႔ေနရပ္ျပန္ဖို႔ လိုအပ္တဲ့ကူညီတာေတြ လုပ္ေပးတာေပါ့။ ျပန္ဖို႔ကားလည္း စီစဥ္ေပးထားပါတယ္။ အျပန္စရိတ္ က်ပ္(၁)သိန္း ေပးလုိက္ပါတယ္”ဟု မဇၨ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(က)ေက်းရြာအုပ္စုအတြင္းရွိ ဝမ္ပံုဆိပ္ကမ္းသို႔ ေရာက္ရိွ လာသည့္ အဆိုပါ ျမန္မာႏုိင္ငံသား (၁၂)ဦးအဖြဲ႕ကို မဇၨ်ိမလူမႈကူညီေရးအသင္းအျပင္ တာခ်ီလိတ္ၿမိဳ႕ရိွ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာန၊ နယ္ေျမခံ ရဲတပ္ဖြဲ႕၊ ေရေၾကာင္းရဲတပ္ဖြဲ႕တုိ႔ကလည္း လိုအပ္သည္မ်ား ကူညီေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒါက ေနရပ္ျပန္ပို႔ခံရတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ သူတို႔ အလုပ္သြားလုပ္တယ္။ ဟိုမွာ အလုပ္ လုပ္ရတာ အဆင္ မေျပလို႔ သူတို႔ သေဘာနဲ႔သူတို႔ ျပန္လာတယ္။ ဒီလိုျပန္လာၾကတယ္ၾကားေတာ့ လိုအပ္တာေတြ ဝိုင္းၿပီးကူညီလုပ္ေပးလုိက္ၾကတာပါ”ဟု လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁)တာခ်ီလိတ္မွ တပ္ဖဲြ႕စိတ္မွဴး ရဲမွဴး ရင္ရင္ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ လုပ္သားမ်ားအနက္ ကန္သာယာရြာမွ (၇)ဦး၊ ရမည္းသင္းမွ (၂)ေယာက္ႏွင့္ စလင္းမွ (၃) ေယာက္ စုစုေပါင္း (၁၂)ေယာက္ျဖစ္ၾကၿပီး ကန္သာယာရြာမွ (၇)ဦးအဖြဲ႕သည္ လာအိုႏုိင္ငံရိွ သတၱဳတြင္း၌ တစ္လလွ်င္ လစာက်ပ္ (၅)သိန္းျဖင့္ လုပ္ငန္း လုပ္ကိုင္ရန္ ပြဲစားျဖင့္ ခ်ိတ္ဆက္ၿပီး ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ အတြင္း အလုပ္သြားေရာက္ လုပ္ကိုင္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ကန္သာယာရြာမွ (၇)ဦးအဖြဲ႕သည္ တာခ်ီလိတ္ခရိုင္ ဝမ္ပံုဆိပ္ကမ္းတြင္  နယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္ ျပဳလုပ္ရန္ ဘတ္(၁၀၀)၊ ရဲတပ္ဖြဲ႕ ဘတ္(၁၀၀)၊ စက္ေလွခ ဘတ္(၁၀၀)၊ မုိင္းေမာဆိပ္ကမ္းတြင္ ျဖတ္သန္းခြင့္ လက္မွတ္ခ ဘတ္(၁၀၀) စုစုေပါင္း တစ္ဦးလွ်င္ ဘတ္(၄၀၀)ျဖင့္ ကူးသြားခဲ့ၾကၿပီး မိုင္းေမာဆိပ္ကမ္းတြင္ ၎တို႔အား ဖုန္းျဖင့္ ဆက္သြယ္ေခၚယူသည့္ ပြဲစားဆိုသူက  လာေရာက္ ႀကိဳခဲ့ေၾကာင္း အလုပ္သမားမ်ားက ေျပာၾကားသည္။

သတၱဳတြင္းတြင္ ေျပာထားသည့္ အတုိင္း လစာက်ပ္ (၅)သိန္းေပးေသာ္လည္း ေန႔ည နားခ်ိန္၊ အိပ္ခ်ိန္မရိွဘဲ အလုပ္ လုပ္ရျခင္း၊ လကုန္ခ်ိန္တြင္ လစာမေပးျခင္း တုိ႔ေၾကာင့္ ေနရပ္ျပန္ရန္ စီစဥ္ေနစဥ္ ၎တို႔ (၇)ဦးအဖြဲ႕ႏွင့္အတူ ရမည္းသင္းမွ (၂)ေယာက္၊ စလင္းၿမိဳ႕မွ (၃) ေယာက္တို႔ပါ လုိက္ပါလာျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔ ေနရပ္ျပန္ရန္ ၎တို႔အား ႀကိဳခဲ့သည့္ ပြဲစားမွ တစ္ဆင့္ေျပာရာ မန္ေနဂ်ာက ၎တို႔အား လစာအျဖစ္ ျမန္မာေငြက်ပ္ (၁၁)သိန္း (လာအိုေငြ ၁၀၇ သိန္း)ကို ထုတ္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ အလုပ္သမားအဖြဲ႕သည္ သတၱဳတြင္းမွေန၍ ေနာင္နန္းသာၿမိဳ႕မွ ေပါကေရာ့ၿမိဳ႕သို႔ လည္းေကာင္း၊ ေပါကေရာ့ၿမိဳ႕မွ ကာစီႏိုေနရာသို႔ လည္းေကာင္း စုစုေပါင္း (၂)ညအိပ္ ခရီးျပန္လာၿပီးေနာက္ စက္တင္ဘာလ (၁၂)ရက္ေန႔ညပိုင္းတြင္ ေရာက္ရိွခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ကာစီႏိုေနရာတြင္ လာအိုရဲတပ္ဖြဲ႕လွည့္ကင္းႏွင့္ေတြ႔ရာ ၎တို႔ ထံပါလာသည့္ လာအိုေငြအားလံုးကို သိမ္းယူသြားခဲ့သျဖင့္ သြားလာတည္းခိုရန္အသိမရိွ၍ ကာစီႏိုရံုေရွ႕ထုိင္ေနၾကစဥ္ လာအိုႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားမ်ားျဖင့္ဖြဲ႕စည္းထားသည့္ လာအိုလူငယ္အသင္းေတြ႔ရိွသျဖင့္ လာအိုဘက္ရိွ ျမန္မာဘုန္းေတာ္ႀကီး ေက်ာင္းတြင္ ခြင့္ေတာင္း၍ တစ္ည တည္းခိုေနထုိင္ေစၿပီး ျမန္မာဘက္ျခမ္း ဝမ္ပံုဆိပ္ကမ္းေရာက္သည္ အထိ ကူညီေဆာင္ရြက္ေပးၿပီး ခရီးစရိတ္အျဖစ္ က်ပ္ေငြ(၁)သိန္းေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျမန္မာလုပ္သား(၁၂)ဦးအဖြဲ႕သည္ ေအာက္တိုဘာလ(၁၄)ရက္ေန႔တြင္ ေနရပ္ျပန္ႏုိင္ေရးအတြက္ မဇၨ်ိမလူမႈကူညီေရးအဖြဲ႔က စီစဥ္ေပးထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ကိုေနမ်ဳိး(မဇၥ်ိမ)


~~~~~~~~⊰❂ unicode ~~~~~~~~


 မြန်မာ - လာအိုနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်အနီး လာအိုနိုင်ငံရှိ သတ္တုတွင်း လုပ်ငန်း၌ သွားရောက် အလုပ် လုပ်ကိုင်သည့် မြန်မာနိုင်ငံသား (၁၂)ဦး နေရပ်ပြန်လာစဉ် လာအို ရဲလှည့်ကင်းက ငွေများ သိမ်းယူသွားသဖြင့် လာအိုနိုင်ငံရောက် စေတနာရှင်ပရဟိတ လူငယ်များအသင်း နှင့် တာချီလိတ်ရှိ မဇ္ဇျိမလူညီရေးအသင်းတို့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၃)ရက်နေ့က ချိတ်ဆက်၍ နေရပ်ပြန်နိုင်ရေး ကူညီပေးထားကြောင်း သိရသည်။

"သူတို့က ပွဲစားနဲ့ချိတ်ဆက်ပြီး သတ္တုတွင်းမှာ သွားလုပ်ကြတာ။ ပြောတဲ့အတိုင်းတော့ လစာရတယ်။ အလုပ်ချိန်က ၂၄ နာရီမနားရ၊ အလုပ်လုပ်ရတာအဆင်မပြေတော့ ပြန်လာကြတာ။ လာအိုဘက်က ပရဟိတလူငယ်အဖွဲ့နဲ့ ချိတ်ဆက်မိပြီး သူတို့တွေ ဒီဘက်ပြန်လာမယ်ဆိုလို့ ဒီဘက်ကနေ သူတို့နေရပ်ပြန်ဖို့ လိုအပ်တဲ့ကူညီတာတွေ လုပ်ပေးတာပေါ့။ ပြန်ဖို့ကားလည်း စီစဉ်ပေးထားပါတယ်။ အပြန်စရိတ် ကျပ်(၁)သိန်း ပေးလိုက်ပါတယ်”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်းရှိ ဝမ်ပုံဆိပ်ကမ်းသို့ ရောက်ရှိ လာသည့် အဆိုပါ မြန်မာနိုင်ငံသား (၁၂)ဦးအဖွဲ့ကို မဇ္ဇျိမလူမှုကူညီရေးအသင်းအပြင် တာချီလိတ်မြို့ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့တို့ကလည်း လိုအပ်သည်များ ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒါက နေရပ်ပြန်ပို့ခံရတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့ အလုပ်သွားလုပ်တယ်။ ဟိုမှာ အလုပ် လုပ်ရတာ အဆင် မပြေလို့ သူတို့ သဘောနဲ့သူတို့ ပြန်လာတယ်။ ဒီလိုပြန်လာကြတယ်ကြားတော့ လိုအပ်တာတွေ ဝိုင်းပြီးကူညီလုပ်ပေးလိုက်ကြတာပါ”ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လုပ်သားများအနက် ကန်သာယာရွာမှ (၇)ဦး၊ ရမည်းသင်းမှ (၂)ယောက်နှင့် စလင်းမှ (၃) ယောက် စုစုပေါင်း (၁၂)ယောက်ဖြစ်ကြပြီး ကန်သာယာရွာမှ (၇)ဦးအဖွဲ့သည် လာအိုနိုင်ငံရှိ သတ္တုတွင်း၌ တစ်လလျှင် လစာကျပ် (၅)သိန်းဖြင့် လုပ်ငန်း လုပ်ကိုင်ရန် ပွဲစားဖြင့် ချိတ်ဆက်ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လ အတွင်း အလုပ်သွားရောက် လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

ကန်သာယာရွာမှ (၇)ဦးအဖွဲ့သည် တာချီလိတ်ခရိုင် ဝမ်ပုံဆိပ်ကမ်းတွင် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ပြုလုပ်ရန် ဘတ်(၁၀၀)၊ ရဲတပ်ဖွဲ့ ဘတ်(၁၀၀)၊ စက်လှေခ ဘတ်(၁၀၀)၊ မိုင်းမောဆိပ်ကမ်းတွင် ဖြတ်သန်းခွင့် လက်မှတ်ခ ဘတ်(၁၀၀) စုစုပေါင်း တစ်ဦးလျှင် ဘတ်(၄၀၀)ဖြင့် ကူးသွားခဲ့ကြပြီး မိုင်းမောဆိပ်ကမ်းတွင်၎င်းတို့အား ဖုန်းဖြင့် ဆက်သွယ်ခေါ်ယူသည့် ပွဲစားဆိုသူက လာရောက် ကြိုခဲ့ကြောင်း အလုပ်သမားများက ပြောကြားသည်။

သတ္တုတွင်းတွင် ပြောထားသည့် အတိုင်း လစာကျပ် (၅)သိန်းပေးသော်လည်း နေ့ည နားချိန်၊ အိပ်ချိန်မရှိဘဲ အလုပ် လုပ်ရခြင်း၊ လကုန်ချိန်တွင် လစာမပေးခြင်း တို့ကြောင့် နေရပ်ပြန်ရန် စီစဉ်နေစဉ်၎င်းတို့ (၇)ဦးအဖွဲ့နှင့်အတူ ရမည်းသင်းမှ (၂)ယောက်၊ စလင်းမြို့မှ (၃) ယောက်တို့ပါ လိုက်ပါလာခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ နေရပ်ပြန်ရန်၎င်းတို့အား ကြိုခဲ့သည့် ပွဲစားမှ တစ်ဆင့်ပြောရာ မန်နေဂျာက၎င်းတို့အား လစာအဖြစ် မြန်မာငွေကျပ် (၁၁)သိန်း (လာအိုငွေ ၁၀၇ သိန်း)ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်သမားအဖွဲ့သည် သတ္တုတွင်းမှနေ၍ နောင်နန်းသာမြို့မှ ပေါကရော့မြို့သို့ လည်းကောင်း၊ ပေါကရော့မြို့မှ ကာစီနိုနေရာသို့ လည်းကောင်း စုစုပေါင်း (၂)ညအိပ် ခရီးပြန်လာပြီးနောက် စက်တင်ဘာလ (၁၂)ရက်နေ့ညပိုင်းတွင် ရောက်ရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကာစီနိုနေရာတွင် လာအိုရဲတပ်ဖွဲ့လှည့်ကင်းနှင့်တွေ့ရာ၎င်းတို့ ထံပါလာသည့် လာအိုငွေအားလုံးကို သိမ်းယူသွားခဲ့သဖြင့် သွားလာတည်းခိုရန်အသိမရှိ၍ ကာစီနိုရုံရှေ့ထိုင်နကြေစဉ် လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသားများဖြင့်ဖွဲ့စည်းထားသည့် လာအိုလူငယ်အသင်းတွေ့ရှိသဖြင့် လာအိုဘက်ရှိ မြန်မာဘုန်းတော်ကြီး ကျောင်းတွင် ခွင့်တောင်း၍ တစ်ည တည်းခိုနေထိုင်စပြေီး မြန်မာဘက်ခြမ်း ဝမ်ပုံဆိပ်ကမ်းရောက်သည် အထိ ကူညီဆောင်ရွက်ပေးပြီး ခရီးစရိတ်အဖြစ် ကျပ်ငွေ(၁)သိန်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာလုပ်သား(၁၂)ဦးအဖွဲ့သည် အောက်တိုဘာလ(၁၄)ရက်နေ့တွင် နေရပ်ပြန်နိုင်ရေးအတွက် မဇ္ဇျိမလူမှုကူညီရေးအဖွဲ့က စီစဉ်ပေးထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကိုနေမျိုး(မဇ္ဈိမ)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~