အင္ဒိုနီးရွားတြင္ ခရီးသည္ (၁၈၈)ဦး လုိက္ပါသြားသည့္ ေလယာဥ္ပ်က္က်သည့္ေနရာ ေတြ႔ရိွထားၿပီး ေသဆံုးသူအေရအတြက္ အတည္မျပဳႏိုင္ေသး

အင္ဒိုနီးရွားတြင္ ခရီးသည္ (၁၈၈)ဦး လုိက္ပါသြားသည့္ ေလယာဥ္ပ်က္က်သည့္ေနရာ ေတြ႔ရိွထားၿပီး ေသဆံုးသူအေရအတြက္ အတည္မျပဳႏိုင္ေသး
အောက်တိုဘာ 29, 2018
By Tachileik News Agency

ေလယာဥ္၀န္ထမ္း အပါအ၀င္ ခရီးသည္ (၁၈၈)ဦး လိုက္ပါသြားသည့္ Lion Air flight JT 610 ပ်က္က်သည့္ ေနရာကို ကယ္ဆယ္ေရးအဖြဲ႕က ေတြ႔ရိွထားၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို လူဦးေရ (၁၅၀)ေက်ာ္အသံုးျပဳ၍ ရွာေဖြေရးေလွမ်ား၊ ရဟတ္ယာဥ္မ်ားျဖင့္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

Lion Air ေလေၾကာင္းလုိင္းမွ ခရီးသည္တင္ေလယာဥ္မွာ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၉)ရက္ေန႔ အင္ဒိုနီးရွားႏုိင္ငံ ဂ်ကာတာေလဆိပ္မွ နံနက္ (၆)နာရီ မိနစ္(၁၀)အခ်ိန္တြင္ ပ်ံသန္းလာၿပီး နံနက္(၆)နာရီ (၃၃)မိနစ္တြင္ အဆက္အသြယ္ ျပတ္ေတာက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေလယာဥ္သည္ ပမ္ကာပီနန္သုိ႔ ေဒသစံေတာ္ခ်ိန္ နံနက္ (၇)နာရီခြဲဝန္းက်င္တြင္ ဆိုက္ေရာက္မည္ ျဖစ္ကာ ဂ်ကာတာ၏ေျမာက္ဘက္ ကၽြန္းစုေပၚျဖတ္သန္းခ်ိန္တြင္ ပ်က္က်သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ေလယာဥ္ပ်က္က်သည့္ ေနရာတြင္ ရွာေဖြေရးေလွမ်ား၊ ရဟတ္ယာဥ္မ်ားျဖင့္ ရွာေဖြကယ္ဆယ္မႈမ်ားကို ေရငုပ္သမား (၃၀)ပါဝင္သည့္ ကယ္ဆယ္ေရးသမား (၁၅၀)နီးပါးျဖင့္ လုပ္ေဆာင္ေနၿပီး ပမ္ကာပီနန္တြင္ ခရီးသည္မ်ား၏ မိသားစုမ်ား ေစာင့္ဆုိင္းေနၾကေၾကာင္း သိရသည္။

အေသးစိတ္ကို ရွာေဖြကယ္ဆယ္ေရးအဖြဲ႕တာဝန္ရိွသူမ်ားက မၾကာမီ သတင္းစာရွင္းလင္းပြဲ လုပ္မည္ျဖစ္ေၾကာင္း CNN သတင္းအရ သိရသည္။

Lion Air ေလေၾကာင္းလုိင္းမွ ေလယာဥ္တစ္စီးမွာ ၂၀၁၃ ခုႏွစ္ကလည္း ဘာလီေလဆိပ္တြင္ ဆင္းသက္စဥ္ ပင္လယ္တြင္းပ်က္က်ခဲ့ရာတြင္ ခရီးသည္ (၁၀၈)ဦးလံုး အသက္ရွင္ခဲ့ေသာ္လည္း ၂၀၀၄ ခုႏွစ္က ဂ်ကာတာတြင္ ပ်က္က်မႈ၌ ခရီးသည္ (၂၅)ဦး ေသဆံုးခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
Ref; CNN
Photo: CNN

 




~~~~~~~~⊰❂ unicode ~~~~~~~~

လေယာဉ်ဝန်ထမ်း အပါအဝင် ခရီးသည် (၁၈၈)ဦး လိုက်ပါသွားသည့် Lion Air flight JT 610 ပျက်ကျသည့် နေရာကို ကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လူဦးရေ (၁၅၀)ကျော်အသုံးပြု၍ ရှာဖွေရေးလှေများ၊ ရဟတ်ယာဉ်များဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။

Lion Air လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်မှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာလေဆိပ်မှ နံနက် (၆)နာရီ မိနစ်(၁၀)အချိန်တွင် ပျံသန်းလာပြီး နံနက်(၆)နာရီ (၃၃)မိနစ်တွင် အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ်သည် ပမ်ကာပီနန်သို့ ဒေသစံတော်ချိန် နံနက် (၇)နာရီခွဲဝန်းကျင်တွင် ဆိုက်ရောက်မည် ဖြစ်ကာ ဂျကာတာ၏မြောက်ဘက် ကျွန်းစုပေါ်ဖြတ်သန်းချိန်တွင် ပျက်ကျသွားခြင်းဖြစ်ကြောင်း သိရသည်။

လေယာဉ်ပျက်ကျသည့် နေရာတွင် ရှာဖွေရေးလှေများ၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေကယ်ဆယ်မှုများကို ရေငုပ်သမား (၃၀)ပါဝင်သည့် ကယ်ဆယ်ရေးသမား (၁၅၀)နီးပါးဖြင့် လုပ်ဆောင်နပြေီး ပမ်ကာပီနန်တွင် ခရီးသည်များ၏ မိသားစုများ စောင့်ဆိုင်းနကြေကြောင်း သိရသည်။

အသေးစိတ်ကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူများက မကြာမီ သတင်းစာရှင်းလင်းပွဲ လုပ်မည်ဖြစ်ကြောင်း CNN သတင်းအရ သိရသည်။

Lion Air လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးမှာ ၂၀၁၃ ခုနှစ်ကလည်း ဘာလီလေဆိပ်တွင် ဆင်းသက်စဉ် ပင်လယ်တွင်းပျက်ကျခဲ့ရာတွင် ခရီးသည် (၁၀၈)ဦးလုံး အသက်ရှင်ခဲ့သော်လည်း ၂၀၀၄ ခုနှစ်က ဂျကာတာတွင် ပျက်ကျမှု၌ ခရီးသည် (၂၅)ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
Ref; CNN
Photo: CNN

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~