တာချီလိတ်ခရိုင်၊ တာလေမြို့တွင် လောင်းကစားခုံများဖွင့်လှစ်ခြင်း မရှိစေရေး ကြီးကြပ်ရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထား
တာချီလိတ်ခရိုင်၊ တာလေမြို့တွင် လောင်းကစားခုံများဖွင့်လှစ်ခြင်း မရှိစေရေး ကြီးကြပ်ရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထား
အောကျတိုဘာ 14, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့တွင် လောင်းကစားခုံများ ပိတ်သိမ်းထားပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် မိမိတို့နယ်မြေအတွင်း လောင်းကစားခုံများ ထပ်မံ ဖွင့်လှစ်ထားခြင်း မရှိစေရန် တာဝန်ယူရမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားထားသည်ဟု သိရသည်။
တာလေမြို့ရှိ ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု (၃) ခု၏ အုပ်ချုပ်ရေးမှူးများအား လောင်းကစား ဂိမ်းခုံများနှင့် ပတ်သက်၍ အသိပေး ညွှန်ကြားခဲ့ပြီးနောက် အောက်တိုဘာလအတွင်း လောင်းကစားခုံများ ဖွင့်လှစ်ထားခြင်း မရှိကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလမြေို့တွင် လောင်းကစားခုံများ ပိတ်သိမ်းထားပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အနဖြေင့် မိမိတို့နယ်မြေအတွင်း လောင်းကစားခုံများ ထပ်မံ ဖွင့်လှစ်ထားခြင်း မရှိစေရန် တာဝန်ယူရမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားထားသည်ဟု သိရသည်။
“တာလေဘက်မှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို စာပို့ထားတာ (၂)ကြိမ်ရှိပါပြီ။ ရဲကိုခေါင်းစဉ်တပ်တယ်။ လောင်းကစားဥပဒေ ပုဒ်မ (၅)အရ ရပ်ကျေးက ဖမ်းဆီးခွင့်ရှိတယ်ဆိုတော့ စာပို့ထားပါတယ်။ ဒီလ အတွင်းမှာပဲ မြို့နယ်က တရားဝင်ညွှန်ကြားချက်အရ သူတို့ကို စာနဲ့ (၂)ကြိမ် ညွှန်ကြားထားပါတယ်။ တာလေမှာ လောင်းကစားခုံတွေ ဖွင့်ထားတာ မရှိတော့ဘူး သူတို့ ရှင်းထားတာကြာပြီလို့ ရဲတပ်ဖွဲ့ကလည်း အကြောင်းပြန်ထားပါတယ်”ဟု တာလမြေို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၁၄)ရက်နေ့က ပြောသည်။
တာလမြေို့ရှိ ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု (၃) ခု၏ အုပ်ချုပ်ရေးမှူးများအား လောင်းကစား ဂိမ်းခုံများနှင့် ပတ်သက်၍ အသိပေး ညွှန်ကြားခဲ့ပြီးနောက် အောက်တိုဘာလအတွင်း လောင်းကစားခုံများ ဖွင့်လှစ်ထားခြင်း မရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ရပ်ကွက်များအတွင်း လောင်းကစားခုံများ ဖွင့်လှစ်ထားပြီး အဆိုပါ လောင်းကစားခုံများသည် မူးယစ်ဆေးရောင်းဝယ်ဖြန့်ဖြူးသုံးစွဲရာ နေရာဖြစ်လာခြင်းအပါအဝင် လူမှုဘဝတွင် ထိခိုက်မှုများရှိလာသဖြင့် မယ်ခေါင်ရပ်ကွက်ရှိ အိမ်ထောင်စုတစ်ဝက်ခန့်က လက်မှတ် ရေးထိုးပြီး ရပ်ကွက်တွင်းမှ လောင်းကစားခုံများ ပိတ်သိမ်းပေးရေးအတွက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ တင်ပြစာကြောင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား ခေါ်ယူတွေ့ဆုံပြီး မိမိတို့ရပ်ကွက်အလိုက် လောင်းကစားဂိမ်းခုံများနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ အသိပေးရန် လက်မှတ်ရေးထိုးစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~