ဈေးကွက်အတွင်းမှ အလှကုန်ပစ္စည်း (၃)မျိုးတွင် တားမြစ်ဓါတုပစ္စည်းများ ပါဝင်၍ သုံးစွဲရန် မသင့်ကြောင်း FDAက ကြေညာ

ဈေးကွက်အတွင်းမှ အလှကုန်ပစ္စည်း (၃)မျိုးတွင် တားမြစ်ဓါတုပစ္စည်းများ ပါဝင်၍ သုံးစွဲရန် မသင့်ကြောင်း FDAက ကြေညာ
အောကျတိုဘာ 11, 2018
By Tachileik News Agency


ထုတ်လုပ်သည့် ကုမ္ပဏီကို ထိုင်းဘာသာဖြင့် ဖော်ပြထားသည့် Polla Anti-Melasma Cream (New Night Cream)တွင် Hydro-quinone(+) ပါဝင်နေပြီး Enjoy Cosmetic Co.,Ltd က ထုတ်လုပ်သည့် Enjoy White & Beauty Pearl Cream နှင့် ထုတ်လုပ်သည့်ကုမ္ပဏီဖေါ်ပြထားခြင်းမရှိသည့် GOGUNG Whitening Pearl and Snow-lotus Cream တို့တွင် Mercury(+)ပါဝင်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။


အလှကုန်များတွင် စစ်ဆေးတွေ့ရှိရသည့် တားမြစ်ဓာတုပစ္စည်းများသည် အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များ ဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများ အပြင် ရေရှည် သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်း နှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

အလှကုန်ပစ္စည်းများအား တင်သွင်း၊ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များအနေဖြင့် မှတ်ပုံတင်ထားခြင်း မရှိသော၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသော အလှကုန် ပစ္စည်းများအား တင်သွင်း၊ ဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်အရလုံးဝမပြုလုပ်ရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၃ အပိုဒ် (၃)(ဃ)အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထားသည်။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ဈေးကွက်အတွင်းမှ အလှကုန်ပစ္စည်း(၃)မျိုးတွင် အန္တရာယ်ဖြစ်စေသော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် သုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အများပြည်သူသို့ အသိပေးကြေညာထားသည်။

ထုတ်လုပ်သည့် ကုမ္ပဏီကို ထိုင်းဘာသာဖြင့် ဖော်ပြထားသည့် Polla Anti-Melasma Cream (New Night Cream)တွင် Hydro-quinone(+) ပါဝင်နပြေီး Enjoy Cosmetic Co.,Ltd က ထုတ်လုပ်သည့် Enjoy White & Beauty Pearl Cream နှင့် ထုတ်လုပ်သည့်ကုမ္ပဏီဖော်ပြထားခြင်းမရှိသည့် GOGUNG Whitening Pearl and Snow-lotus Cream တို့တွင် Mercury(+)ပါဝင်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ အလှကုန်ပစ္စည်းများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင် ထားခြင်း မရှိသည့် အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသဖြင့် အများပြည်သူ သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့က အသိပေးကြေညာထားသည်။

အလှကုန်များတွင် စစ်ဆေးတွေ့ရှိရသည့် တားမြစ်ဓာတုပစ္စည်းများသည် အရပြေား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များ ဖြစ်ခြင်း၊ အရပြေားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများ အပြင် ရေရှည် သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်း နှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

အလှကုန်ပစ္စည်းများအား တင်သွင်း၊ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များအနဖြေင့် မှတ်ပုံတင်ထားခြင်း မရှိသော၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသော အလှကုန် ပစ္စည်းများအား တင်သွင်း၊ ဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်အရလုံးဝမပြုလုပ်ရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၃ အပိုဒ် (၃)(ဃ)အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~