တာခ်ီလိတ္ၿမိဳ႕ အာခါေစ်းလမ္းဘက္မွ ခိုးယူလာသည့္ ဆိုင္ကယ္အား တဆင့္ ျပန္လည္၀ယ္ယူထားမိသူက ပိုင္ရွင္ထံ ဖုန္းဆက္ အေၾကာင္းၾကားက ျပန္လည္ေပးအပ္

တာခ်ီလိတ္ၿမိဳ႕ အာခါေစ်းလမ္းဘက္မွ ခိုးယူလာသည့္ ဆိုင္ကယ္အား တဆင့္ ျပန္လည္၀ယ္ယူထားမိသူက ပိုင္ရွင္ထံ ဖုန္းဆက္ အေၾကာင္းၾကားက ျပန္လည္ေပးအပ္
အောက်တိုဘာ 7, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕ ဝိန္းေက်ာက္ရပ္ကြက္ အာခါေစ်းလမ္းတြင္ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလ (၅)ရက္ေန႔ ည(၉)နာရီေက်ာ္က ဆိုင္ကယ္ ခိုးယူခံရေၾကာင္း ေအာက္တိုဘာလ(၆)ရက္ေန႔က သတင္းေဖၚျပမႈကို ေတြ႔႔ရသျဖင့္ အဆိုပါ ဆုိင္ကယ္အား ဝယ္ယူထားမိသူက ပိုင္ရွင္ကို ဆက္သြယ္ၿပီး ေအာက္တိုဘာလ(၇)ရက္ေန႔ နံနက္ပိုင္းတြင္ ျပန္ေပးလုိက္ေၾကာင္း သိရသည္။

ဝိန္းေက်ာက္ရပ္ကြက္၊ အာခါေစ်းလမ္း၊ လမ္းသြယ္(၃)အနီးတြင္ အျပာေရာင္ ဟြန္ဒါဒရင္း 125 အမ်ဳိးအစား  ယာဥ္အမွတ္ ၆ဃ/၆၆၂၅ ခိုးယူခံရသျဖင့္ ပိုင္ရွင္ျဖစ္သူက ရဲတပ္ဖြဲ႕ထံ အသိေပး အေၾကာင္းၾကား ထားၿပီးေနာက္  ေအာက္တိုဘာလ (၆)ရက္ေန႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီ၌ ေဖၚျပေပးရန္ အခ်က္အလက္ေပးပို႔ အကူအညီေတာင္းခံခဲ့ျခင္းျဖစ္သည္။

သတင္းတြင္ ပါရိွသည့္ ဆုိင္ကယ္အမ်ိဳးအစားအား ၎ထံ လူငယ္(၂)ဦးက ဘတ္(၄၀၀၀)ျဖင့္ လာေရာက္ ေရာင္းခ်သြားသည့္ ဆိုင္ကယ္ျဖစ္ေနသျဖင့္ သတင္းတြင္ ေဖၚျပထားသည့္ ဖုန္းနံပါတ္မွတစ္ဆင့္ ဆက္သြယ္၍ ျပန္လည္ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆုိင္ကယ္လာေရာက္ေရာင္းခ်စဥ္က အဆိုပါလူငယ္(၂)ဦးအား မသကၤာသျဖင့္ ဝယ္ယူသူက ဓါတ္ပံုမွတ္တမ္းလည္း ရယူထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - NSM


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် အာခါဈေးလမ်းတွင် ၂၀၁၈ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့ ည(၉)နာရီကျော်က ဆိုင်ကယ် ခိုးယူခံရကြောင်း အောက်တိုဘာလ(၆)ရက်နေ့က သတင်းဖော်ပြမှုကို တွေ့ရသဖြင့် အဆိုပါ ဆိုင်ကယ်အား ဝယ်ယူထားမိသူက ပိုင်ရှင်ကို ဆက်သွယ်ပြီး အောက်တိုဘာလ(၇)ရက်နေ့ နံနက်ပိုင်းတွင် ပြန်ပေးလိုက်ကြောင်း သိရသည်။

ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်း၊ လမ်းသွယ်(၃)အနီးတွင် အပြာရောင် ဟွန်ဒါဒရင်း 125 အမျိုးအစား ယာဉ်အမှတ် ၆ဃ/၆၆၂၅ ခိုးယူခံရသဖြင့် ပိုင်ရှင်ဖြစ်သူက ရဲတပ်ဖွဲ့ထံ အသိပေး အကြောင်းကြား ထားပြီးနောက် အောက်တိုဘာလ (၆)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီ၌ ဖော်ပြပေးရန် အချက်အလက်ပေးပို့ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

သတင်းတွင် ပါရှိသည့် ဆိုင်ကယ်အမျိုးအစားအား၎င်းထံ လူငယ်(၂)ဦးက ဘတ်(၄၀၀၀)ဖြင့် လာရောက် ရောင်းချသွားသည့် ဆိုင်ကယ်ဖြစ်နေသဖြင့် သတင်းတွင် ဖော်ပြထားသည့် ဖုန်းနံပါတ်မှတစ်ဆင့် ဆက်သွယ်၍ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်လာရောက်ရောင်းချစဉ်က အဆိုပါလူငယ်(၂)ဦးအား မသင်္ကာသဖြင့် ဝယ်ယူသူက ဓာတ်ပုံမှတ်တမ်းလည်း ရယူထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - NSM

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~