တိုက္ေလယာဥ္ေလ့က်င့္ပ်ံသန္းစဥ္ ပ်က္က်ေသဆံုးသြားသည့္ ေလယာဥ္မွဴး (၂)ဦး၏ မိသားစုမ်ားအား ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္က အားေပးစကား ေပးပို႔

တိုက္ေလယာဥ္ေလ့က်င့္ပ်ံသန္းစဥ္ ပ်က္က်ေသဆံုးသြားသည့္ ေလယာဥ္မွဴး (၂)ဦး၏ မိသားစုမ်ားအား ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္က အားေပးစကား ေပးပို႔
အောက်တိုဘာ 18, 2018
By Tachileik News Agency

တိုက္ေလယာဥ္ေလ့က်င့္ပ်ံသန္းစဥ္ ပ်က္က်ေသဆံုးသြားသည့္ မေကြးေလတပ္စခန္းဌာနခ်ဳပ္မွ ေလယာဥ္မွဴး (၂)ဦး၏ မိသားစုမ်ားအား ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္က ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၈)ရက္ေန႔တြင္ အားေပးစကား ေပးပို႔လုိက္သည္ကို ေတြ႔ရသည္။

မေမွ်ာ္လင့္ဘဲ က်ဆုံုးခဲ့ရသည့္အတြက္ က်န္ရစ္သူ သမီးမစႏၵီဖုန္းျမတ္၊ သမီး မဝင္းသႏၱာတို႔ မိသားစုမ်ားႏွင့္ ထပ္တူထပ္မွ် အထူးပင္ဝမ္းနည္းေၾကကြဲရေၾကာင္း ေမတၱာျဖင့္ အားေပးစကားေျပာၾကားလိုက္ပါသည္ဟု ေဖၚျပထားျခင္းျဖစ္သည္။

မေကြးေလတပ္စခန္းဌာနခ်ဳပ္မွ တုိက္ေလယာဥ္မွဴးမ်ား ျဖစ္သည့္ ေလယာဥ္မွဴး ဗိုလ္ႀကီးၿဖိဳးေမာင္ေမာင္ႏွင့္ ဗုိလ္ႀကီးဟိန္းသူေအာင္တို႔သည္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၆) ရက္ေန႔ နံနက္ (၇)နာရီ (၂၅)မိနစ္ႏွင့္ (၇)နာရီ (၄၅)မိနစ္ဝန္းက်င္တို႔တြင္ မင္းဘူး(စကု)ၿမိဳ႕နယ္၊ သနပၸင္စုေက်းရြာအနီးႏွင့္ မင္းဘူးၿမိဳ႕ အမွတ္(၁)ရပ္ကြက္ႏွင့္ တပင္ရြာၾကား ဆားပြက္ေခ်ာင္းတံတားအနီးတို႔တြင္ ပ်က္က်ခဲ့ျခင္းျဖစ္သည္။

အဆိုပါ ပ်က္က်သည့္ တိုက္ေလယာဥ္မွ အစိတ္အပိုင္း ထိခိုက္မိ၍ ပဥၥမတန္းေက်ာင္းသူ မသြယ္ဇင္ညိမ္းလည္း ေသဆံုးသြားခဲ့ရျခင္းျဖစ္သည္။

တိုက္ေလယာဥ္ပ်က္က်မႈမွ ေသဆံုးသြားသူ (၃)ဦးကို အခင္းျဖစ္သည့္ ေန႔မွာပင္ မေကြးတုိင္းေဒသႀကီး အစိုးရက လူမႈကရုဏာေထာက္ပံ့မႈအျဖစ္ က်ပ္(၁၀)သိန္းစီကို က်န္ရစ္သူ မိသားစုမ်ားထံ ေပးပို႔ထားေၾကာင္း သိရသည္။

Tachileik News Agency
Source: Myanmar State Counsellor Office




~~~~~~~~⊰❂ unicode ~~~~~~~~

တိုက်လေယာဉ်လေ့ကျင့်ပျံသန်းစဉ် ပျက်ကျသေဆုံးသွားသည့် မကွေးလေတပ်စခန်းဌာနချုပ်မှ လေယာဉ်မှူး (၂)ဦး၏ မိသားစုများအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့တွင် အားပေးစကား ပေးပို့လိုက်သည်ကို တွေ့ရသည်။

မမျှော်လင့်ဘဲ ကျဆုံးခဲ့ရသည့်အတွက် ကျန်ရစ်သူ သမီးမစန္ဒီဖုန်းမြတ်၊ သမီး မဝင်းသန္တာတို့ မိသားစုများနှင့် ထပ်တူထပ်မျှ အထူးပင်ဝမ်းနည်းကြေကွဲရကြောင်း မေတ္တာဖြင့် အားပေးစကားပြောကြားလိုက်ပါသည်ဟု ဖော်ပြထားခြင်းဖြစ်သည်။

မကွေးလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်မှူးများ ဖြစ်သည့် လေယာဉ်မှူး ဗိုလ်ကြီးဖြိုးမောင်မောင်နှင့် ဗိုလ်ကြီးဟိန်းသူအောင်တို့သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့ နံနက် (၇)နာရီ (၂၅)မိနစ်နှင့် (၇)နာရီ (၄၅)မိနစ်ဝန်းကျင်တို့တွင် မင်းဘူး(စကု)မြို့နယ်၊ သနပ္ပင်စုကျေးရွာအနီးနှင့် မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်နှင့် တပင်ရွာကြား ဆားပွက်ချောင်းတံတားအနီးတို့တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပျက်ကျသည့် တိုက်လေယာဉ်မှ အစိတ်အပိုင်း ထိခိုက်မိ၍ ပဉ္စမတန်းကျောင်းသူ မသွယ်ဇင်ညိမ်းလည်း သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။

တိုက်လေယာဉ်ပျက်ကျမှုမှ သေဆုံးသွားသူ (၃)ဦးကို အခင်းဖြစ်သည့် နေ့မှာပင် မကွေးတိုင်းဒေသကြီး အစိုးရက လူမှုကရုဏာထောက်ပံ့မှုအဖြစ် ကျပ်(၁၀)သိန်းစီကို ကျန်ရစ်သူ မိသားစုများထံ ပေးပို့ထားကြောင်း သိရသည်။

Tachileik News Agency
Source: Myanmar State Counsellor Office

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~