ေပ်ာ္ဘြယ္(၃)အဆန္ကားရထား တြဲေခ်ာ္တိမ္းေမွာက္၍ ခရီးသည္ (၁၂)ဦး ဒဏ္ရာရ

ေပ်ာ္ဘြယ္(၃)အဆန္ကားရထား တြဲေခ်ာ္တိမ္းေမွာက္၍ ခရီးသည္ (၁၂)ဦး ဒဏ္ရာရ
အောက်တိုဘာ 5, 2018
By Tachileik News Agency

မႏၲေလးတိုင္းေဒသႀကီး၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ေရငံ႐ြာအနီး ရထားသံလမ္းမိုင္တိုင္အမွတ္(၂၉၁/၁၅-၁၆)ၾကားတြင္ မေကြးတိုင္းေဒသႀကီး၊ နတ္ေမာက္ၿမိဳ႕နယ္၊ လဲဘူးဘူတာမွ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ဘက္သို႔ ထြက္ခြာလာေသာ ေပ်ာ္ဘြယ္(၃) အဆန္ကားရထား တြဲေခ်ာ္တိမ္းေမွာက္သျဖင့္ ခရီးသည္(၁၂)ဦး ဒဏ္ရာရသြားေၾကာင္း သိရသည္။

ခရီးသည္ (၈၄)ဦးလိုက္ပါလာသည့္ အဆိုပါ ကားရထားသည္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၄)ရက္ေန႔ နံနက္ (၉) နာရီ (၅၅) မိနစ္အခ်ိန္တြင္ တြဲေခ်ာ္တိမ္းေမွာက္သြားရာ ဒဏ္ရာရ ခရီးသည္မ်ားအား ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားၿပီး က်န္ခရီးသည္မ်ားကို ေပ်ာ္ဘြယ္ဘူတာသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ရထားတိမ္းေမွာက္ရာေနရာသို႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉး မ်ိဳးျမင့္လြင္ဦးစီးသည့္ တပ္ဖြဲ႕ဝင္မ်ား၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ ေရးမႉး႐ုံးမွ ဝန္ထမ္းမ်ား၊ နယ္ေျမခံတပ္မွ တပ္မေတာ္သားမ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ၿမိဳ႕နယ္ ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ လူမႈကူညီေရးအသင္းမွ အဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သြားေရာက္ ကူညီေပးၾကေၾကာင္း သိရသည္။

အဆိုပါကားရထားမွာ ျမန္မာ့မီးရထားက သာစည္-ေပ်ာ္ဘြယ္ ေခါက္တို ေန႔စဥ္ေျပးဆြဲေပးေနျခင္းျဖစ္ၿပီး လမ္းပိုင္းတြင္ ႏြားထိုး၊ ေညာင္ရမ္း၊ ရွမ္း႐ြာဘူတာမ်ား၌ ရပ္နားေၾကာင္းသိရသည္။

Tachileik News Agency
ဓါတ္ပံု - ျပည္ထဲေရး


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရေငံရွာအနီး ရထားသံလမ်းမိုင်တိုင်အမှတ်(၂၉၁/၁၅-၁၆)ကြားတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လဲဘူးဘူတာမှ ပျော်ဘွယ်မြို့နယ်ဘက်သို့ ထွက်ခွာလာသော ပျော်ဘွယ်(၃) အဆန်ကားရထား တွဲချော်တိမ်းမှောက်သဖြင့် ခရီးသည်(၁၂)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

ခရီးသည် (၈၄)ဦးလိုက်ပါလာသည့် အဆိုပါ ကားရထားသည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့ နံနက် (၉) နာရီ (၅၅) မိနစ်အချိန်တွင် တွဲချော်တိမ်းမှောက်သွားရာ ဒဏ်ရာရ ခရီးသည်များအား ပျော်ဘွယ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ကျန်ခရီးသည်များကို ပျော်ဘွယ်ဘူတာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရထားတိမ်းမှောက်ရာနေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမြင့်လွင်ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ် ရေးမှူးရုံးမှ ဝန်ထမ်းများ၊ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် ကူညီပေးကြကြောင်း သိရသည်။

အဆိုပါကားရထားမှာ မြန်မာ့မီးရထားက သာစည်-ပျော်ဘွယ် ခေါက်တို နေ့စဉ်ပြေးဆွဲပေးနခြေင်းဖြစ်ပြီး လမ်းပိုင်းတွင် နွားထိုး၊ ညောင်ရမ်း၊ ရှမ်းရွာဘူတာများ၌ ရပ်နားကြောင်းသိရသည်။

Tachileik News Agency
ဓာတ်ပုံ - ပြည်ထဲရေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~