ယခုႏွစ္အတြင္း ျမန္မာႏိုင္ငံသား (၉၃၆)ဦးအျဖစ္ ထိုင္းဘက္မွ တာခ်ီလိတ္သို႔ တရားမ၀င္ေရႊ႕ေျပာင္းျမန္မာလုပ္သား (၁၁)ဦး လႊဲေျပာင္းလာ

ယခုႏွစ္အတြင္း ျမန္မာႏိုင္ငံသား (၉၃၆)ဦးအျဖစ္ ထိုင္းဘက္မွ တာခ်ီလိတ္သို႔ တရားမ၀င္ေရႊ႕ေျပာင္းျမန္မာလုပ္သား (၁၁)ဦး လႊဲေျပာင္းလာ
အောက်တိုဘာ 9, 2018
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံ သားမ်ားအား ႏွစ္စမွ ေအာက္တိုဘာလ(၉)ရက္ေန႔အထိ  ထိုင္းဘက္မွ လႊဲေျပာင္းလာရာ  စုစုေပါင္း(၉၃၆)ဦးအျဖစ္ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလ(၉)ရက္ေန႔တြင္ (၁၉)ရက္ေန႔တြင္ အမ်ဳိးသား(၆)ဦး ႏွင့္ အမ်ဳိးသမီး(၅)ဦး လႊဲေျပာင္းလာေၾကာင္း သိရသည္။

 ထိုင္းႏိုင္ငံ မယ္ဆိုင္ဘက္မွ လႊဲေျပာင္းေပးလာရာတြင္ ျမန္မာႏိုင္ငံ တာခ်ီလိတ္မွ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၊ လ၀က၊ လူကုန္တား၊ ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ ( CNCMC  ) ႏွင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား ပါ၀င္ကာ စိစစ္ လက္ခံၾကေၾကာင္း သိရသည္။

လြႊဲေျပာင္းေပးလာမႈမ်ားတြင္ အဆိုပါ ေရႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ားမွာ ၎တုိ႕ဆႏၵျဖင့္ ျပန္လာသူမ်ား မဟုတ္ၾကဘဲ ထုိင္းႏုိင္ငံတြင္ နယ္စပ္ျဖတ္သန္းခြင့္ သက္တမ္းလြန္ျခင္း၊ အေထာက္ အထားမရွိဘဲ ေနထုိင္ျခင္း၊ အေထာက္အထားမရွိဘဲ အလုပ္ လုပ္ကိုင္ျခင္း စသည္တုိ႔ေၾကာင့္ ဖမ္းဆီးခံရၿပီး ထုိင္းႏုိင္ငံမွ ျမန္မာႏုိင္ငံသုိ႔ ျပန္လည္ေစလႊတ္ခဲ့သူမ်ားျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ လႊဲေျပာင္းေပးလာရာ ရံဖန္ရံခါမ်ားတြင္ ျမန္မာႏိုင္ငံသား မဟုတ္သည့္ အျခားႏိုင္ငံသားမ်ားလည္း ပါ၀င္လာတတ္သည့္ အတြက္ ျမန္မာဘက္ တာ၀န္ရွိသူမ်ားက စိစစ္ၿပီးမွသာ လက္ခံေၾကာင္း သိရသည္။

Tachileik News Agency
 ဓါတ္ပံု - ၿမိဳ႕နယ္ေထြ/အုပ္


~~~~~~~~⊰❂ unicode ~~~~~~~~


မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံ သားများအား နှစ်စမှ အောက်တိုဘာလ(၉)ရက်နေ့အထိ ထိုင်းဘက်မှ လွှဲပြောင်းလာရာ စုစုပေါင်း(၉၃၆)ဦးအဖြစ် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၉)ရက်နေ့တွင် (၁၉)ရက်နေ့တွင် အမျိုးသား(၆)ဦး နှင့် အမျိုးသမီး(၅)ဦး လွှဲပြောင်းလာကြောင်း သိရသည်။

 ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ လွှဲပြောင်းပေးလာရာတွင် မြန်မာနိုင်ငံ တာချီလိတ်မှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝက၊ လူကုန်တား၊ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ ( CNCMC ) နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ကာ စိစစ် လက်ခံကြကြောင်း သိရသည်။

လွှဲပြောင်းပေးလာမှုများတွင် အဆိုပါ ရွှေ့ပြောင်းမြန်မာအလုပ်သမားများမှာ၎င်းတို့ဆန္ဒဖြင့် ပြန်လာသူများ မဟုတ်ကြဘဲ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်သန်းခွင့် သက်တမ်းလွန်ခြင်း၊ အထောက် အထားမရှိဘဲ နေထိုင်ခြင်း၊ အထောက်အထားမရှိဘဲ အလုပ် လုပ်ကိုင်ခြင်း စသည်တို့ကြောင့် ဖမ်းဆီးခံရပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့သူများဖြစ်ကြောင်း သိရသည်။

ထိုသို့ လွှဲပြောင်းပေးလာရာ ရံဖန်ရံခါများတွင် မြန်မာနိုင်ငံသား မဟုတ်သည့် အခြားနိုင်ငံသားများလည်း ပါဝင်လာတတ်သည့် အတွက် မြန်မာဘက် တာဝန်ရှိသူများက စိစစ်ပြီးမှသာ လက်ခံကြောင်း သိရသည်။

Tachileik News Agency
 ဓာတ်ပုံ - မြို့နယ်ထွေ/အုပ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~