တာခ်ီလိတ္တြင္ ညပိုင္းမိုးရြာေနခ်ိန္အတြင္း ဆုိင္ကယ္ မေတာ္တဆမႈ(၃)ခုျဖစ္ပြားၿပီး လူငယ္(၅)ဦး ဒဏ္ရာရ

တာခ်ီလိတ္တြင္ ညပိုင္းမိုးရြာေနခ်ိန္အတြင္း ဆုိင္ကယ္ မေတာ္တဆမႈ(၃)ခုျဖစ္ပြားၿပီး လူငယ္(၅)ဦး ဒဏ္ရာရ
စက်တင်ဘာ 14, 2018
By 🌸
တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၃)ရက္ေန႔ ညပိုင္းမိုးရြာေနခ်ိန္အတြင္း ဆိုင္ကယ္ မေတာ္တဆမႈ (၃)ခု ျဖစ္ပြားသျဖင့္ စုစုေပါင္း လူငယ္(၅)ဦးကို တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားၿပီး (၂)ဦးမွာ အေျခအေနစိုးရိမ္ရေၾကာင္း လူနာမ်ားကိုကူညီေပးေနသည့္ တာခ်ီလိတ္နာေရးကူညီမႈအသင္းထံမွ သိရသည္။

“မိုးေတြရြာေနခ်ိန္ ဆက္တုိက္ကို (၃)ခုျဖစ္တာ။ ေဟာင္လိတ္မွာ လူနာသြားေကာက္ေနတုန္း ဖုန္းက ေတာက္ေလွ်ာက္ဝင္လာေတာ့ လူနာဆက္ေကာက္ၿပီး ေဆးရံုပို႔ေပးခဲ့ရတယ္။ ေနာက္ဆံုး ႏွစ္ေယာက္ကေတာ့ အေျခအေန စိုးရိမ္ရတယ္။ မိုင္းပ်ဥ္းကလို႔ သိရတယ္။ မိသားစုကိုေတာ့ ဆက္သြယ္လုိ႔ရပါၿပီ။ မိုးထဲေရထဲဆိုေတာ့ လူနာေတြ အေအးမမိေအာင္လည္း သတိထားလုပ္ေပးထားပါတယ္။ ေဆးရံုကလည္း ခ်က္ခ်င္း လိုအပ္တာလုပ္ေပးတယ္။ ဓါတ္မွန္ရိုက္စရာလည္း ရိုက္ေပးထားၿပီးၿပီ”ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ေဒၚညိုေထြးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕၊ ပါလ်ံ တရုတ္ဘံုေက်ာင္းအနီးတြင္ တရုတ္ေက်ာင္းဆင္းခ်ိန္က ဆိုင္ကယ္လဲသျဖင့္ ေက်ာင္းသား(၁)ဦးႏွင့္ ေက်ာင္းသူ(၁)ဦး ၊ ေဟာင္လိတ္ရိွ ေတာ္ဝင္ဆီပန္႔အနီးတြင္ ည(၉)နာရီခြဲဝန္းက်င္က ဆိုင္ကယ္မေတာ္တဆမႈေၾကာင့္ အသက္(၁၇)ႏွစ္အရြယ္ လူငယ္တစ္ဦးတို႔  ထိခိုက္ဒဏ္ရာမ်ား ရသြားခဲ့ၿပီး ည (၁၀)နာရီဝန္းက်င္တြင္ တာခ်ီလိတ္ၿမိဳ ့အထြက္ ဝမ္လံုးေက်းရြာအနီးတြင္ ဆိုင္ကယ္မေတာ္တဆမႈေၾကာင့္ လူငယ္(၂)ဦး ဒဏ္ရာျပင္းထန္စြာရသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္မေတာ္တဆမႈျဖစ္ပြားမႈမွ ထိခိုက္ဒဏ္ရာရသူမ်ားကို လူမႈကူညီေရးအသင္းတစ္ခုျဖစ္သည့္ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ယာဥ္ထိန္းတပ္ဖြဲ႕က အခင္းျဖစ္ေနရာမ်ားအား စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ညနေပိုင်းမိုးနေချိန်အတွင်း ဆိုင်ကယ် မတော်တဆမှု(၃)ခုဖြစ်ပွားပြီး လူငယ်(၅)ဦး ဒဏ်ရာရ
***************
တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့ ညပိုင်းမိုးရွာနေချိန်အတွင်း ဆိုင်ကယ် မတော်တဆမှု (၃)ခု ဖြစ်ပွားသဖြင့် စုစုပေါင်း လူငယ်(၅)ဦးကို တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး (၂)ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း လူနာများကိုကူညီပေးနေသည့် တာချီလိတ်နာရေးကူညီမှုအသင်းထံမှ သိရသည်။

“မိုးတွေရွာနေချိန် ဆက်တိုက်ကို (၃)ခုဖြစ်တာ။ ဟောင်လိတ်မှာ လူနာသွားကောက်နေတုန်း ဖုန်းက တောက်လျှောက်ဝင်လာတော့ လူနာဆက်ကောက်ပြီး ဆေးရုံပို့ပေးခဲ့ရတယ်။ နောက်ဆုံး နှစ်ယောက်ကတော့ အခြေအနေ စိုးရိမ်ရတယ်။ မိုင်းပျဉ်းကလို့ သိရတယ်။ မိသားစုကိုတော့ ဆက်သွယ်လို့ရပါပြီ။ မိုးထဲရေထဲဆိုတော့ လူနာတွေ အအေးမမိအောင်လည်း သတိထားလုပ်ပေးထားပါတယ်။ ဆေးရုံကလည်း ချက်ချင်း လိုအပ်တာလုပ်ပေးတယ်။ ဓါတ်မှန်ရိုက်စရာလည်း ရိုက်ပေးထားပြီးပြီ”ဟု တာချီလိတ်နာရေးကူညီမှုအသင်းမှ ဒေါ်ညိုထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့၊ ပါလျံ တရုတ်ဘုံကျောင်းအနီးတွင် တရုတ်ကျောင်းဆင်းချိန်က ဆိုင်ကယ်လဲသဖြင့် ကျောင်းသား(၁)ဦးနှင့် ကျောင်းသူ(၁)ဦး ၊ ဟောင်လိတ်ရှိ တော်ဝင်ဆီပန့်အနီးတွင် ည(၉)နာရီခွဲဝန်းကျင်က ဆိုင်ကယ်မတော်တဆမှုကြောင့် အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးတို့  ထိခိုက်ဒဏ်ရာများ ရသွားခဲ့ပြီး ည (၁၀)နာရီဝန်းကျင်တွင် တာချီလိတ်မြို့အထွက် ဝမ်လုံးကျေးရွာအနီးတွင် ဆိုင်ကယ်မတော်တဆမှုကြောင့် လူငယ်(၂)ဦး ဒဏ်ရာပြင်းထန်စွာရသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်ပွားမှုမှ ထိခိုက်ဒဏ်ရာရသူများကို လူမှုကူညီရေးအသင်းတစ်ခုဖြစ်သည့် တာချီလိတ်နာရေးကူညီမှုအသင်းက ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့က အခင်းဖြစ်နေရာများအား စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~