တာခ်ီလိတ္သို႔ ၂၀၁၇ ခုႏွစ္က တရားမဝင္ ဝင္လာသည့္ ထုိင္းႏိုင္ငံသားကို ျပည္ႏွင္ဒဏ္ေပး

တာခ်ီလိတ္သို႔ ၂၀၁၇ ခုႏွစ္က တရားမဝင္ ဝင္လာသည့္ ထုိင္းႏိုင္ငံသားကို ျပည္ႏွင္ဒဏ္ေပး
စက်တင်ဘာ 12, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လက တရားမဝင္ ဝင္ေရာက္လာသည့္ ထုိင္းႏုိင္ငံသားတစ္ဦးကို ျပည္ႏွင္ဒဏ္ခ်မွတ္လုိက္ၿပီး ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၂)ရက္ေန႔တြင္ ထိုင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားထံ လႊဲေျပာင္းေပးလုိက္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕သို႔ မယ္ဆုိင္ေခ်ာင္းမွ တရားမဝင္ျဖတ္ကူးလာသည့္ အဆိုပါ ထုိင္းႏုိင္ငံသား Anisarus ကို က်ည္အိမ္မပါ ပစ္မရသည့္ ဂက္စ္ေသနတ္တစ္လက္ႏွင့္အတူ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ (၂၇)ရက္ေန႔က ဖမ္းဆီးရမိျခင္းျဖစ္ၿပီး ၎သည္ ထုိင္းႏုိင္ငံတြင္ တက္တူးထိုးသည့္လုပ္ငန္း လုပ္ကိုင္သူျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕သို႔ လည္ပတ္ရန္ဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း ထြက္ဆိုသည္ဟု သိရသည္။

အဆိုပါ ထုိင္းႏုိင္ငံသားသည္ အျခားျပစ္မႈမ်ား က်ဴးလြန္ထားျခင္းမရိွသျဖင့္ ျမန္မာႏုိင္ငံ လူဝင္မႈႀကီးၾကပ္ေရး အက္ဥပေဒ ပုဒ္မအရ အေရးယူမည့္အစား ျပည္ႏွင္ဒဏ္ေပးရန္ တင္ျပေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕သို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ထုိင္းႏုိင္ငံသားမ်ားကို ဖမ္းဆီးရမိပါက အျခားျပစ္မႈမ်ား က်ဴးလြန္ျခင္းမရိွသူမ်ားကို ျပည္ႏွင္မိန္႔ျဖင့္ ထုိင္းႏုိင္ငံ တာဝန္ရိွသူမ်ားထံ လႊဲေျပာင္းေပးၿပီး ထုိင္းႏုိင္ငံတြင္း တရားမဝင္ ဝင္ေရာက္ျခင္း၊ နယ္ေျမေက်ာ္လြန္သြားလာျခင္း၊ သက္တမ္းေက်ာ္လြန္ေနထုိင္ျခင္းတုိ႔ေၾကာင့္  ဖမ္းဆီးရမိသည့္ ျမန္မာႏုိင္ငံသားမ်ားကိုလည္း ထုိင္းတာဝန္ရိွသူမ်ားက ျမန္မာႏုိင္ငံဘက္ျခမ္း တာခ်ီလိတ္ၿမိဳ႕ရိွ သက္ဆုိင္ရာ တာဝန္ရိွသူမ်ားထံ လႊဲေျပာင္းေပးေလ့ရိွသည္။

ယင္းကဲ့သို႔ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးအရ လႊဲေျပာင္းခံရသည့္ ႏွစ္ႏုိင္ငံမွ ႏုိင္ငံသားမ်ားအား အမည္ပ်က္စာရင္းထည့္သြင္းျခင္းမရိွဘဲ တရားဝင္ နယ္စပ္ျဖတ္သန္းခြင့္ျဖင့္ ျပန္လည္ဝင္ေရာက္ႏုိင္ေၾကာင္း သိရသည္။

ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်သို့ ၂၀၁၇ ခုနှစ်က တရားမဝင် ဝင်လာသည့် ထိုင်းနိုင်ငံသားကို ပြည်နှင်ဒဏ်ပေး
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လက တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ပြည်နှင်ဒဏ်ချမှတ်လိုက်ပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့တွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့သို့ မယ်ဆိုင်ချောင်းမှ တရားမဝင်ဖြတ်ကူးလာသည့် အဆိုပါ ထိုင်းနိုင်ငံသား Anisarus ကို ကျည်အိမ်မပါ ပစ်မရသည့် ဂက်စ်သေနတ်တစ်လက်နှင့်အတူ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့က ဖမ်းဆီးရမိခြင်းဖြစ်ပြီး ၎င်းသည် ထိုင်းနိုင်ငံတွင် တက်တူးထိုးသည့်လုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း တာချီလိတ်မြို့သို့ လည်ပတ်ရန်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားသည် အခြားပြစ်မှုများ ကျူးလွန်ထားခြင်းမရှိသဖြင့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မအရ အရေးယူမည့်အစား ပြည်နှင်ဒဏ်ပေးရန် တင်ပြဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့သို့ တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားများကို ဖမ်းဆီးရမိပါက အခြားပြစ်မှုများ ကျူးလွန်ခြင်းမရှိသူများကို ပြည်နှင်မိန့်ဖြင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများထံ လွှဲပြောင်းပေးပြီး ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်ခြင်း၊ နယ်မြေကျော်လွန်သွားလာခြင်း၊ သက်တမ်းကျော်လွန်နေထိုင်ခြင်းတို့ကြောင့်  ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားများကိုလည်း ထိုင်းတာဝန်ရှိသူများက မြန်မာနိုင်ငံဘက်ခြမ်း တာချီလိတ်မြို့ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများထံ လွှဲပြောင်းပေးလေ့ရှိသည်။

ယင်းကဲ့သို့ နှစ်နိုင်ငံချစ်ကြည်ရေးအရ လွှဲပြောင်းခံရသည့် နှစ်နိုင်ငံမှ နိုင်ငံသားများအား အမည်ပျက်စာရင်းထည့်သွင်းခြင်းမရှိဘဲ တရားဝင် နယ်စပ်ဖြတ်သန်းခွင့်ဖြင့် ပြန်လည်ဝင်ရောက်နိုင်ကြောင်း သိရသည်။

ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~