တာခ်ီလိတ္တြင္ အိမ္ေျခမဲ့တစ္ဦး ဆုိင္ကယ္ေရွ႕ဝင္တိုးမိ၍ ဒဏ္ရာရ

တာခ်ီလိတ္တြင္ အိမ္ေျခမဲ့တစ္ဦး ဆုိင္ကယ္ေရွ႕ဝင္တိုးမိ၍ ဒဏ္ရာရ
စက်တင်ဘာ 27, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္ရွိ မဲေခါင္ျမစ္ဟုိတယ္ေရွ႕ ဗိုလ္ခ်ဳပ္လမ္းတြင္ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ(၂၆)ရက္ေန႔ ည (၁၁)နာရီခြဲဝန္းက်င္က အိမ္ေျခမဲ့သြားလာေနသူတစ္ဦးက ဆိုင္ကယ္ေမာင္းႏွင္လာသည့္ေရွ႕ ဝင္တိုးမိသျဖင့္ ဒဏ္ရာရသြားေၾကာင္း သိရသည္။

“အိမ္ေျခမဲ့ေနေနတဲ့သူတစ္ဦးလုိ႔ သိရတယ္။ ဆုိင္ကယ္ေမာင္းလာတဲ့ေရွ႕ ဝင္တိုးေတာ့ ဆုိင္ကယ္က ေရွာင္လုိက္ႏုိင္တယ္။ နည္းနည္းေတာ့ ပြန္းပဲ့ဒဏ္ရာရသြားတယ္။ စိတ္က်န္းမာေရးလည္း သိပ္မေကာင္းဘူးလို႔ သိရတယ္။ ေဆးရံုမွာ ပို႔ေပးထားပါတယ္”ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ယာဥ္တုိက္မႈျဖစ္ပြားရာသို႔ ယာဥ္ထိန္းရဲတပ္ဖြဲ ့က ေရာက္ရိွကူညီေပးၿပီး လူနာအား ေဆးရံုပို႔ေဆာင္ရန္ တာခ်ီလိတ္နာေရးကူညီမႈအသင္းအား အကူအညီေတာင္းခဲ့ေၾကာင္း သိရၿပီး  အဆုိပါ ဒဏ္ရာရသူမွာ အသက္(၃၅)ႏွစ္အရြယ္ က်ာေရွာဆိုသူျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - ထုိင္းနယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္တြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အိမ္ေျခမဲ့ေနထိုင္သူမ်ားအား လမ္းေဘးေနရာမ်ားတြင္ ေတြ႔ရေလ့ရိွသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် အိမ်ခြေမဲ့တစ်ဦး ဆိုင်ကယ်ရှေ့ဝင်တိုးမိ၍ ဒဏ်ရာရ
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် မဲခေါင်မြစ်ဟိုတယ်ရှေ့ ဗိုလ်ချုပ်လမ်းတွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့ ည (၁၁)နာရီခွဲဝန်းကျင်က အိမ်ခြေမဲ့သွားလာနေသူတစ်ဦးက ဆိုင်ကယ်မောင်းနှင်လာသည့်ရှေ့ ဝင်တိုးမိသဖြင့် ဒဏ်ရာရသွားကြောင်း သိရသည်။

“အိမ်ခြေမဲ့နေနေတဲ့သူတစ်ဦးလို့ သိရတယ်။ ဆိုင်ကယ်မောင်းလာတဲ့ရှေ့ ဝင်တိုးတော့ ဆိုင်ကယ်က ရှောင်လိုက်နိုင်တယ်။ နည်းနည်းတော့ ပွန်းပဲ့ဒဏ်ရာရသွားတယ်။ စိတ်ကျန်းမာရေးလည်း သိပ်မကောင်းဘူးလို့ သိရတယ်။ ဆေးရုံမှာ ပို့ပေးထားပါတယ်”ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ရောက်ရှိကူညီပေးပြီး လူနာအား ဆေးရုံပို့ဆောင်ရန် တာချီလိတ်နာရေးကူညီမှုအသင်းအား အကူအညီတောင်းခဲ့ကြောင်း သိရပြီး  အဆိုပါ ဒဏ်ရာရသူမှာ အသက်(၃၅)နှစ်အရွယ် ကျာရှောဆိုသူဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် အကြောင်းအမျိုးမျိုးကြောင့် အိမ်ခြေမဲ့နေထိုင်သူများအား လမ်းဘေးနေရာများတွင် တွေ့ရလေ့ရှိသည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~