တာခ်ီလိတ္တြင္ မူးယစ္ေဆးေရာင္းသည့္ အမ်ိဳးသမီးတစ္ဦးကို ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ မူးယစ္ေဆးေရာင္းသည့္ အမ်ိဳးသမီးတစ္ဦးကို ဖမ္းဆီးရမိ
စက်တင်ဘာ 14, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္သတင္းရေနအိမ္အား ဝင္ေရာက္ရွာေဖြရာ မူးယစ္ေဆးေရာင္းသည့္ အမ်ိဳးသမီးတစ္ဦးကို စိတ္ၾကြရူးသြပ္ေဆးျပား (၁၅၀)၊ အုိက္စ္(၉)ဂရမ္ခန္႔ႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)၊ ရပရ(မႈ/ကူ)၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၊ စရဖ(တသခ) စု-၂ႏွင့္ သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၃)ရက္ေန႔ ေန႔/လယ္ (၁)နာရီခြဲဝန္းက်င္တြင္ ဝမ္ေကာင္းရပ္ကြက္ရိွ မီဒို၏ေနအိမ္အား မူးယစ္သတင္းအရ ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြရူးသြပ္ေဆးျပား (၁၅၀)ျပား၊ အုိက္စ္(၉)ဂရမ္ခန္႔၊ မူးယစ္ေဆးသံုးစြဲသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္ ထုိင္းဘတ္ေငြေရာရာ (၁၁၂၀)တို႔အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မီဒိုအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၇၇/၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)အရ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် မူးယစ်ဆေးရောင်းသည့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိ
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မူးယစ်သတင်းရနေအိမ်အား ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးရောင်းသည့် အမျိုးသမီးတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား (၁၅၀)၊ အိုက်စ်(၉)ဂရမ်ခန့်နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)၊ ရပရ(မှု/ကူ)၊ တာချီလိတ်မြို့မရဲစခန်း၊ စရဖ(တသခ) စု-၂နှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့ နေ့/လယ် (၁)နာရီခွဲဝန်းကျင်တွင် ဝမ်ကောင်းရပ်ကွက်ရှိ မီဒို၏နေအိမ်အား မူးယစ်သတင်းအရ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၁၅၀)ပြား၊ အိုက်စ်(၉)ဂရမ်ခန့်၊ မူးယစ်ဆေးသုံးစွဲသည့် ဆက်စပ်ပစ္စည်းများနှင့် ထိုင်းဘတ်ငွေရောရာ (၁၁၂၀)တို့အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မီဒိုအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၇၇/၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~