
စကျတငျဘာ 4, 2018
By 🌸



ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ ဧဒင်ရွာတွင် စိတ်ကြွဆေးပြား (၄၀၀၀)သယ်လာသည့် အမျိုးသားနှစ်ဦး ထွက်ပြေးလွတ်မြောက်
*********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ရွာ၊ အေးရိပ်မြိုင်လမ်းတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်က စိတ်ကြွဆေးပြား(၄၀၀၀)သယ်ဆောင်လာသည့် အမျိုးသား(၂)ဦး ရဲတပ်ဖွဲ့က တားစဉ် ဆိုင်ကယ်ကိုထားခဲ့ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ရွာ၊ အေးရိပ်မြိုင်လမ်းတွင် အမျိုးသား(၂)ဦးမောင်းနှင်လာသည့်ဆိုင်ကယ်ကို စစ်ဆေးရန် တားမြစ်စဉ် အမျိုးသား(၂)ဦးက ဆိုင်ကယ်ကိုထားခဲ့ပြီး ထွက်ပြေးသွားသဖြင့် ကျန်ခဲ့သည့်ဆိုင်ကယ်အား စစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံအောက်တွင် ထည့်သွင်းသယ်ဆောင်လာသည့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား  (၄၀၀၀)ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးသယ်လာသည့်အမျိုးသား(၂)ဦးကို ဟောင်လိတ်ရဲကင်းစခန်းတွင် မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~