ေက်ာက္မီးေသြးတြင္း ေပါက္ကြဲမႈေၾကာင့္ ေသဆံုးသြားသူမ်ားအား နစ္နာေၾကးအျဖစ္ ကုမၸဏီမွ တစ္ဦးလွ်င္ သိန္း (၈၀) ေထာက္ပ့ံ

ေက်ာက္မီးေသြးတြင္း ေပါက္ကြဲမႈေၾကာင့္ ေသဆံုးသြားသူမ်ားအား နစ္နာေၾကးအျဖစ္ ကုမၸဏီမွ တစ္ဦးလွ်င္ သိန္း (၈၀) ေထာက္ပ့ံ
စက်တင်ဘာ 9, 2018
By Tachileik News Agency
မေကြးတိုင္းေဒသႀကီး ေဆာၿမိဳ႕နယ္ ေက်ာက္ေျမာင္းေက်းရြာႏွင့္ (၆)ဖာလံုခန္႔ အကြာရွိ ဆင္လဲေတာင္ေျခ အနီး ထြန္းရာဇ သတၳဳတူးေဖာ္ေရးကုမၸဏီ၏ ေက်ာက္မီးေသြးတြင္း အတြင္း ေပ ၇၀၀ အကြာခန္႔တြင္ ၂၀၁၈ ခုႏွစ္၊ စက္တာဘာလ (၆) ရက္ေန႔ နံနက္ (၁၀) နာရီ (၁၅)မိနစ္အခ်ိန္ခန္႔တြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္တြင္ တြင္းလုပ္သားမ်ားေသဆံုးခဲ့သျဖင့္ ေထာက္ပ့ံေငြ တစ္ဦးလွ်င္ က်ပ္ေငြသိန္း (၈၀) ကို က်န္ရစ္သူ မိသားစုမ်ားအား စက္တင္ဘာလ(၈)ရက္ေန႔က ေပးအပ္ခဲ့ေၾကာင္း သိရသည္။

လတ္တေလာတြင္ စက္တင္ဘာလ(၈)ရက္ေန႔က တစ္ဦးလွ်င္ က်ပ္သိန္း(၂၀)စီအား ေပးအပ္ထားၿပီး က်န္ရွိသည့္ က်ပ္သိန္း(၆၀)စီအား ဘဏ္ဖြင့္သည့္ ေန႔တြင္ ဆက္လက္ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္ေၾကာင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ပင္လယ္ဘူးၿမိဳ႕နယ္၊ အုန္းျပင္ရြာမွ  ေမာင္ႏိုင္ႏိုင္ထြန္း (၂၅) ႏွစ္ ၊  ေမာင္ႏိုင္လင္းထြန္း (၂၉)ႏွစ္၊ ေမာင္ေအာင္ဇင္ထြန္း (၁၇)ႏွစ္ ႏွင့္ ၀န္းသိုၿမိဳ႕နယ္ ၀န္ႀကီးေက်းရြာမွ ေမာင္မ်ိဳးခိုင္ (၃၀)ႏွစ္ တို႔မွာ ေသဆံုးခဲ့ၾကၿပီး ဒါဏ္ရာရွိသူ ေမာင္တင္ေက်ာ္ဝင္းအား ဆြာေဆးရံုမွ မႏၲေလးၿမိဳ႕သို႔ ပို႔ေဆာင္ ကုသလွ်က္ရွိေၾကာင္း သိရသည္။

ေျမတြင္းအတြင္း ပိတ္မိေနေသာ ေမာင္ညီညီ (၃၂)ႏွစ္ ၊ ေမာင္ေက်ာ္မင္းထြန္း ( ၃၀)ႏွစ္ ၊ ေမာင္ထြန္းေမာင္ (၂၆)ႏွစ္ ၊ ေမာင္ေအာင္ေအာင္ (၃၈)ႏွစ္တို႔အား ယခုအခ်ိန္ထိ ကယ္ထုတ္လာႏိုင္ျခင္း မရွိေသးေၾကာင္းသိရသည္။

ကြ်မ္းက်င္ပညာရွင္မ်ားႏွင့္ အျခားကယ္ဆယ္ေရးဝန္ထမ္းမ်ားမွာ မိန္းပင္မေပါက္မွ အတြင္းသို႔ေပ (၄၀) ခန္႔သာ ဝင္ေရာက္ႏိုင္ၿပီး ( Methane’s Gas ) မီတိန္းဓါတ္ေငြ႕ပ်ံ႕ႏွံ႔မႈ ပမာဏမွာ မ်ားျပားေနသျဖင့္ ဝင္ေရာက္ရန္ ခက္ခဲေနေၾကာင္း သိရသည္။

၎ ဓါတ္ေငြ႕မ်ားသည္ လြန္ခဲ့သည့္ (၂)လခန္႔ ကတည္းက ပထမဂယ္ေပါက္မွာ ပိတ္ဆို႔ေနၿပီး၊ ဒုတိယ ဓါတ္ေငြ႕ထုတ္လႊင့္သည့္ ဂယ္ေပါက္မွာလည္း ၿပီးခဲ့တဲ့ ႏွစ္ပတ္ခန္႔ကတည္းက ပိတ္ဆို႔ေနျခင္းေၾကာင့္ ေျမတြင္း အတြင္း မီတိန္းဓါတ္ေငြ႕မ်ား စုစည္းပ်ံ႕ႏွံ႔ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီးတြင္ ေက်ာက္မီးေသြးသတၳဳတြင္းေပါင္း (၃၃) တြင္းခန္႔ရွိေၾကာင္း တိုင္းေဒသႀကီးလႊတ္ေတာ္ သယံဇာတသဘာပတ္ဝန္းက်င္၊ လွ်ပ္စစ္ႏွင့္စြမ္းအင္ဆိုင္ရာေကာ္မတီ အဖြဲ႕ဝင္တစ္ဦး၏ ေျပာျပခ်က္အရ သိရွိရသည္။

သတင္း - စည္သူေမာင္
ဓါတ္ပံု - ထိန္လင္း



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျောက်မြောင်းကျေးရွာနှင့် (၆)ဖာလုံခန့် အကွာရှိ ဆင်လဲတောင်ခြေ အနီး ထွန်းရာဇ သတ္ထုတူးဖော်ရေးကုမ္ပဏီ၏ ကျောက်မီးသွေးတွင်း အတွင်း ပေ ၇၀၀ အကွာခန့်တွင် ၂၀၁၈ ခုနှစ်၊ စက်တာဘာလ (၆) ရက်နေ့ နံနက် (၁၀) နာရီ (၁၅)မိနစ်အချိန်ခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် တွင်းလုပ်သားများသေဆုံးခဲ့သဖြင့် ထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ်ငွေသိန်း (၈၀) ကို ကျန်ရစ်သူ မိသားစုများအား စက်တင်ဘာလ(၈)ရက်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။

လတ်တလောတွင် စက်တင်ဘာလ(၈)ရက်နေ့က တစ်ဦးလျှင် ကျပ်သိန်း(၂၀)စီအား ပေးအပ်ထားပြီး ကျန်ရှိသည့် ကျပ်သိန်း(၆၀)စီအား ဘဏ်ဖွင့်သည့် နေ့တွင် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ်၊ အုန်းပြင်ရွာမှ မောင်နိုင်နိုင်ထွန်း (၂၅) နှစ်၊ မောင်နိုင်လင်းထွန်း (၂၉)နှစ်၊ မောင်အောင်ဇင်ထွန်း (၁၇)နှစ် နှင့် ဝန်းသိုမြို့နယ် ဝန်ကြီးကျေးရွာမှ မောင်မျိုးခိုင် (၃၀)နှစ် တို့မှာ သေဆုံးခဲ့ကြပြီး ဒါဏ်ရာရှိသူ မောင်တင်ကျော်ဝင်းအား ဆွာဆေးရုံမှ မန္တလေးမြို့သို့ ပို့ဆောင် ကုသလျှက်ရှိကြောင်း သိရသည်။

မြေတွင်းအတွင်း ပိတ်မိနေသော မောင်ညီညီ (၃၂)နှစ်၊ မောင်ကျော်မင်းထွန်း ( ၃၀)နှစ်၊ မောင်ထွန်းမောင် (၂၆)နှစ်၊ မောင်အောင်အောင် (၃၈)နှစ်တို့အား ယခုအချိန်ထိ ကယ်ထုတ်လာနိုင်ခြင်း မရှိသေးကြောင်းသိရသည်။

ကျွမ်းကျင်ပညာရှင်များနှင့် အခြားကယ်ဆယ်ရေးဝန်ထမ်းများမှာ မိန်းပင်မပေါက်မှ အတွင်းသို့ပေ (၄၀) ခန့်သာ ဝင်ရောက်နိုင်ပြီး ( Methane’s Gas ) မီတိန်းဓာတ်ငွေ့ပျံ့နှံ့မှု ပမာဏမှာ များပြားနေသဖြင့် ဝင်ရောက်ရန် ခက်ခဲနေကြောင်း သိရသည်။

၎င်း ဓာတ်ငွေ့များသည် လွန်ခဲ့သည့် (၂)လခန့် ကတည်းက ပထမဂယ်ပေါက်မှာ ပိတ်ဆို့နပြေီး၊ ဒုတိယ ဓာတ်ငွေ့ထုတ်လွှင့်သည့် ဂယ်ပေါက်မှာလည်း ပြီးခဲ့တဲ့ နှစ်ပတ်ခန့်ကတည်းက ပိတ်ဆို့နခြေင်းကြောင့် မြေတွင်း အတွင်း မီတိန်းဓာတ်ငွေ့များ စုစည်းပျံ့နှံ့နခြေင်း ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးတွင် ကျောက်မီးသွေးသတ္ထုတွင်းပေါင်း (၃၃) တွင်းခန့်ရှိကြောင်း တိုင်းဒေသကြီးလွှတ်တော် သယံဇာတသဘာပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ အဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

သတင်း - စည်သူမောင်
ဓာတ်ပုံ - ထိန်လင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~