တာခ်ီလိတ္ၿမိဳ႕တြင္း စည္ပင္ေရေပးေဝေရးကို (၅)ရက္ျဖတ္ေတာက္မည့္အေၾကာင္း ေရစတင္ျဖတ္မည့္ေန႔တြင္ ရပ္ကြက္ရံုးမ်ားမွတစ္ဆင့္ အသိေပးထား

တာခ်ီလိတ္ၿမိဳ႕တြင္း စည္ပင္ေရေပးေဝေရးကို (၅)ရက္ျဖတ္ေတာက္မည့္အေၾကာင္း ေရစတင္ျဖတ္မည့္ေန႔တြင္ ရပ္ကြက္ရံုးမ်ားမွတစ္ဆင့္ အသိေပးထား
စက်တင်ဘာ 17, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္း ေရေပးေဝေနသည့္ေနရာမ်ားအား ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ (၁၇)ရက္ေန႔မွစ၍ (၅)ရက္ၾကာ ေရျဖတ္ေတာက္မည့္အေၾကာင္းကို ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက စက္တင္ဘာလ(၁၇)ရက္ေန႔တြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားသို႔ ေပးပို႔ အသိေပးထားေၾကာင္း သိရသည္။

“စည္ပင္ေရယူတာေတြက ပုန္းထြန္၊ ဝမ္ေကာင္းနဲ႔ မကာဟိုခမ္းရပ္ကြက္ေတြပဲရိွမွာေပါ့။ ေရျဖတ္မယ့္အေၾကာင္း လူထုကို အသိေပးတာကေတာ့ ဒီစာေတြကို ရပ္ကြက္ရံုးကို လာေပးတယ္။ ေၾကျငာသင္ပုန္းမွာ ကပ္ေပးပါလို႔ေျပာတယ္။ အေၾကာင္းၾကားစာက ဒီေန႔ပဲလာေပးတာပါ”ဟု ဝမ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္းဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက ၿမိဳ႕တြင္းေရေပးေဝေနသည့္ နမ့္ဖေလာက္ေရကာတာ ႏႈန္းဆယ္ျခင္း လုပ္ငန္း ေဆာင္ရြက္မည္ျဖစ္သျဖင့္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၇)ရက္ေန႔မွ (၂၁)ရက္ေန႔အထိ ေရေပးေဝျခင္းကို ျဖတ္ေတာက္ထားေၾကာင္း စက္တင္ဘာလ (၁၄)ရက္ေန႔စြဲျဖင့္ ၿမိဳ႕နယ္စည္ပင္သာယာဌာနက ထုတ္ထားသည့္ အေၾကာင္းၾကားစာကို သက္ဆုိင္ရာရပ္ကြက္ရံုးမ်ားသို႔ စက္တင္ဘာလ(၁၇)ရက္ေန႔တြင္ ပို႔ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင်း စည်ပင်ရေပေးဝေရေးကို (၅)ရက်ဖြတ်တောက်မည့်အကြောင်း ရေစတင်ဖြတ်မည့်နေ့တွင် ရပ်ကွက်ရုံးများမှတစ်ဆင့် အသိပေးထား
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း ရေပေးဝေနေသည့်နေရာများအား ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၇)ရက်နေ့မှစ၍ (၅)ရက်ကြာ ရေဖြတ်တောက်မည့်အကြောင်းကို မြို့နယ်စည်ပင်သာယာရေးဌာနက စက်တင်ဘာလ(၁၇)ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ ပေးပို့ အသိပေးထားကြောင်း သိရသည်။

“စည်ပင်ရေယူတာတွေက ပုန်းထွန်၊ ဝမ်ကောင်းနဲ့ မကာဟိုခမ်းရပ်ကွက်တွေပဲရှိမှာပေါ့။ ရေဖြတ်မယ့်အကြောင်း လူထုကို အသိပေးတာကတော့ ဒီစာတွေကို ရပ်ကွက်ရုံးကို လာပေးတယ်။ ကြေငြာသင်ပုန်းမှာ ကပ်ပေးပါလို့ပြောတယ်။ အကြောင်းကြားစာက ဒီနေ့ပဲလာပေးတာပါ”ဟု ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့နယ်စည်ပင်သာယာရေးဌာနက မြို့တွင်းရေပေးဝေနေသည့် နမ့်ဖလောက်ရေကာတာ နှုန်းဆယ်ခြင်း လုပ်ငန်း ဆောင်ရွက်မည်ဖြစ်သဖြင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့မှ (၂၁)ရက်နေ့အထိ ရေပေးဝေခြင်းကို ဖြတ်တောက်ထားကြောင်း စက်တင်ဘာလ (၁၄)ရက်နေ့စွဲဖြင့် မြို့နယ်စည်ပင်သာယာဌာနက ထုတ်ထားသည့် အကြောင်းကြားစာကို သက်ဆိုင်ရာရပ်ကွက်ရုံးများသို့ စက်တင်ဘာလ(၁၇)ရက်နေ့တွင် ပို့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~