ေရႊတိဂံုေစတီေတာ္ ေရႊသကၤန္းကပ္လွဴသည့္ကိစၥႏွင့္ပတ္သက္၍ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနက ရွင္းလင္းခ်က္ထုတ္ျပန္

ေရႊတိဂံုေစတီေတာ္ ေရႊသကၤန္းကပ္လွဴသည့္ကိစၥႏွင့္ပတ္သက္၍ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနက ရွင္းလင္းခ်က္ထုတ္ျပန္
စက်တင်ဘာ 13, 2018
By 🌸
ရန္ကုန္ၿမိဳ႕ရိွ ေရႊတိဂံုေစတီေတာ္ ေရႊသကၤန္းကပ္လွဴမည့္ကိစၥႏွင့္ပတ္သက္၍ လူမႈကြန္ရက္စာမ်က္ႏွာတြင္ အယူအဆမ်ိဳးစံုျဖင့္ မဟုတ္မမွန္လုပ္ႀကံေရးသားေဖၚျပမႈမ်ားသည္ အမ်ားျပည္သူ ထင္ေယာင္ထင္မွားျဖစ္ေစၿပီး ျပည္တြင္းေရး မၿငိမ္မသက္ျဖစ္ေစႏုိင္ေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနက ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၃)ရက္ေန႔တြင္ သတင္းထုတ္ျပန္ခ်က္တြင္ ေဖၚျပလိုက္သည္။

ေစတီေတာ္၏ ၾကာေမွာက္၊ ၾကာလွန္ မဲေနသည့္ဧရိယာမွ ေရႊစင္ျပားသကၤန္း (၁၀)ခ်ပ္ခြာ၍ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ေရႊပန္းတိမ္ပညာရွင္မ်ား၊ တီထြင္ဆန္းသစ္မႈဦးစီးဌာနမွ ပညာရွင္မ်ားျဖင့္ စစ္ေဆးေနျခင္းသာျဖစ္ၿပီး ေစတီေတာ္တစ္ဆူလံုးမွ ေရႊသကၤန္းအား ခြာယူစစ္ေဆးျခင္း မဟုတ္ေၾကာင္း သိရသည္။

ဆက္လက္လွဴဒါန္းမႈမ်ားတြင္ လက္ရိွလွဴဒါန္းေနသည့္ ေရႊစင္ျပား (gold coating)မ်ားအစား ေစတီေတာ္အား ေရႊသကၤန္းကပ္လွဴသည့္ အလွဴရွင္မ်ား လွဴဒါန္းလိုသည့္အတိုင္း ေရႊစင္ေရႊျပားအစစ္၊ ေရႊမ်က္ပါး၊ေရႊဆိုင္း၊ ေရႊသကၤန္းအစစ္မ်ားျဖင့္သာ ကပ္လွဴသြားၾကရန္ ေဂါပကအဖြဲ႕အား ညႊန္ၾကားထားျခင္းသာျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းကပ်လှူသည့်ကိစ္စနှင့်ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှင်းလင်းချက်ထုတ်ပြန်
*************
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းကပ်လှူမည့်ကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် အယူအဆမျိုးစုံဖြင့် မဟုတ်မမှန်လုပ်ကြံရေးသားဖေါ်ပြမှုများသည် အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေပြီး ပြည်တွင်းရေး မငြိမ်မသက်ဖြစ်စေနိုင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြလိုက်သည်။

စေတီတော်၏ ကြာမှောက်၊ ကြာလှန် မဲနေသည့်ဧရိယာမှ ရွှေစင်ပြားသင်္ကန်း (၁၀)ချပ်ခွာ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ရွှေပန်းတိမ်ပညာရှင်များ၊ တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ပညာရှင်များဖြင့် စစ်ဆေးနေခြင်းသာဖြစ်ပြီး စေတီတော်တစ်ဆူလုံးမှ ရွှေသင်္ကန်းအား ခွာယူစစ်ဆေးခြင်း မဟုတ်ကြောင်း သိရသည်။

ဆက်လက်လှူဒါန်းမှုများတွင် လက်ရှိလှူဒါန်းနေသည့် ရွှေစင်ပြား (gold coating)များအစား စေတီတော်အား ရွှေသင်္ကန်းကပ်လှူသည့် အလှူရှင်များ လှူဒါန်းလိုသည့်အတိုင်း ရွှေစင်ရွှေပြားအစစ်၊ ရွှေမျက်ပါး၊ရွှေဆိုင်း၊ ရွှေသင်္ကန်းအစစ်များဖြင့်သာ ကပ်လှူသွားကြရန် ဂေါပကအဖွဲ့အား ညွှန်ကြားထားခြင်းသာဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~