ဓါးထိုးမႈျဖင့္ အမႈဖြင့္ခံထားရသူကို မိုင္းလား အထူးေဒသ(၄)အဖြဲ႕က မုိင္းယုနယ္ေျမရဲတပ္ဖြဲ႕သို႔ လႊဲေျပာင္းေပး

ဓါးထိုးမႈျဖင့္ အမႈဖြင့္ခံထားရသူကို မိုင္းလား အထူးေဒသ(၄)အဖြဲ႕က မုိင္းယုနယ္ေျမရဲတပ္ဖြဲ႕သို႔ လႊဲေျပာင္းေပး
စက်တင်ဘာ 12, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္၊ မိုင္းယုၿမိဳ႕တစ္ဖက္ကမ္း မုိင္းလား အထူးေဒသ(၄)နယ္ေျမရိွ ငွက္ေပ်ာၿခံတြင္ စက္တင္ဘာလ(၉)ရက္ေန႔က အရက္အတူေသာက္ရင္း သူငယ္ခ်င္းျဖစ္သူအား ဓါးျဖင့္ ထိုးမႈျဖင့္ အမႈဖြင့္ခံထားရသူကို မုိင္းလား အထူးေဒသ(၄) အဖြဲ႕က မုိင္းယုနယ္ေျမရဲစခန္းသို႔ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ (၁၂)ရက္ေန႔တြင္ လႊဲေျပာင္းေပးလုိက္ေၾကာင္း သိရသည္။

မိုင္းယုၿမိဳ႕တစ္ဖက္ကမ္း မုိင္းလား အထူးေဒသ(၄)နယ္ေျမရိွ နမ့္ပန္ေဒသ ဝမ္ျဖတ္ေက်းရြာအနီး ငွက္ေပ်ာၿခံတြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၉)ရက္ေန႔ ေန႔လယ္(၁)နာရီဝန္းက်င္က ၿခံလုပ္သားမ်ားျဖစ္သည့္ သက္ႏိုင္ဝင္းႏွင့္ ေဇာ္ႀကီးတို႔ အရက္အတူေသာက္ေနရင္း ခုိက္ရန္ျဖစ္ပြားၿပီး ေဇာ္ႀကီးက သက္ႏုိင္ဝင္းအား ၾကက္သြန္လွီးဓါးျဖင့္ ဝမ္းဗိုက္ကို တစ္ခ်က္ထုိးသြင္းလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သက္ႏုိင္ဝင္းမွာ ဒဏ္ရာျပင္းထန္သျဖင့္ မုိင္းယုေဆးရံုမွတစ္ဆင့္ က်ိဳင္းတံုျပည္သူ႔ေဆးရံုသို႔ လႊဲေျပာင္း ကုသေပးထားရၿပီး အဆိုပါ ဓါးထုိးမႈကို မုိင္းယုနယ္ေျမရဲစခန္းတြင္ (ပ)၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါးထိုးမႈျဖင့္ အမႈဖြင့္ခံထားရသည့္ ေဇာ္ႀကီးအား မုိင္းလား အထူးေဒသ(၄)အဖြဲ႕မွ ဒုဆက္ဆံေရးမွဴး ေလာ္ဂ်ီႏွင့္အဖြဲ႔က မုိင္းယု - က်ိန္းယဲန္းတံတားတြင္ စက္တင္ဘာလ(၁၂)ရက္ေန႔ ညေန(၄)နာရီေက်ာ္၌ လာေရာက္လႊဲေျပာင္းေပးရာ မုိင္းယုၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္စြာႏွင့္ မုိုင္းယုနယ္ေျမစခန္းမွဴး ရဲအုပ္ ဟိန္းဝဏၰေမာင္တို႔ ဦးေဆာင္သည့္အဖြဲ႔က လႊဲေျပာင္းလက္ခံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ကိုကိုႏုိင္(MYU)
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ဓါးထိုးမှုဖြင့် အမှုဖွင့်ခံထားရသူကို မိုင်းလား အထူးဒေသ(၄)အဖွဲ့က မိုင်းယုနယ်မြေရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေး
*********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တစ်ဖက်ကမ်း မိုင်းလား အထူးဒေသ(၄)နယ်မြေရှိ ငှက်ပျောခြံတွင် စက်တင်ဘာလ(၉)ရက်နေ့က အရက်အတူသောက်ရင်း သူငယ်ချင်းဖြစ်သူအား ဓါးဖြင့် ထိုးမှုဖြင့် အမှုဖွင့်ခံထားရသူကို မိုင်းလား အထူးဒေသ(၄) အဖွဲ့က မိုင်းယုနယ်မြေရဲစခန်းသို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့တွင် လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

မိုင်းယုမြို့တစ်ဖက်ကမ်း မိုင်းလား အထူးဒေသ(၄)နယ်မြေရှိ နမ့်ပန်ဒေသ ဝမ်ဖြတ်ကျေးရွာအနီး ငှက်ပျောခြံတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့ နေ့လယ်(၁)နာရီဝန်းကျင်က ခြံလုပ်သားများဖြစ်သည့် သက်နိုင်ဝင်းနှင့် ဇော်ကြီးတို့ အရက်အတူသောက်နေရင်း ခိုက်ရန်ဖြစ်ပွားပြီး ဇော်ကြီးက သက်နိုင်ဝင်းအား ကြက်သွန်လှီးဓါးဖြင့် ဝမ်းဗိုက်ကို တစ်ချက်ထိုးသွင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သက်နိုင်ဝင်းမှာ ဒဏ်ရာပြင်းထန်သဖြင့် မိုင်းယုဆေးရုံမှတစ်ဆင့် ကျိုင်းတုံပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ကုသပေးထားရပြီး အဆိုပါ ဓါးထိုးမှုကို မိုင်းယုနယ်မြေရဲစခန်းတွင် (ပ)၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဓါးထိုးမှုဖြင့် အမှုဖွင့်ခံထားရသည့် ဇော်ကြီးအား မိုင်းလား အထူးဒေသ(၄)အဖွဲ့မှ ဒုဆက်ဆံရေးမှူး လော်ဂျီနှင့်အဖွဲ့က မိုင်းယု - ကျိန်းယဲန်းတံတားတွင် စက်တင်ဘာလ(၁၂)ရက်နေ့ ညနေ(၄)နာရီကျော်၌ လာရောက်လွှဲပြောင်းပေးရာ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးကျော်စွာနှင့် မိုင်းယုနယ်မြေစခန်းမှူး ရဲအုပ် ဟိန်းဝဏ္ဏမောင်တို့ ဦးဆောင်သည့်အဖွဲ့က လွှဲပြောင်းလက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ကိုကိုနိုင်(MYU)
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~