မႏၱေလးတြင္ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ ယာဥ္စစ္ရက္ခ်ိန္းရယူျခင္းကို အြန္လိုင္းစနစ္ ေျပာင္းလဲက်င့္သံုးမည္

မႏၱေလးတြင္ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ ယာဥ္စစ္ရက္ခ်ိန္းရယူျခင္းကို အြန္လိုင္းစနစ္ ေျပာင္းလဲက်င့္သံုးမည္
စက်တင်ဘာ 19, 2018
By 🌸
မႏၱေလးတိုင္းေဒသႀကီးတြင္ ႏွစ္လဲမွတ္ပုံတင္ သက္တမ္းတိုးယာဥ္ ယာဥ္စစ္ရက္ခ်ိန္းရယူျခင္းႏွင့္ ေမာ္ေတာ္ယာဥ္ မွန္ကန္မႈ ရွိ၊ မရွိ ယာဥ္စစ္ရက္ခ်ိန္းရယူျခင္းတို႔အား အြန္လုိင္းမွႀကိဳတင္စာရင္းသြင္းသည့္စနစ္ (Online Booking System) ကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာ (၁) ရက္ေန႔မွ စတင္ေဆာင္ရြက္ေပးသြားမည္ ျဖစ္ၿပီး ရက္ခ်ိန္းရယူလိုသည့္ ယာဥ္ပိုင္ရွင္မ်ားသည္ စက္တင္ဘာ (၂၈) မွစတင္၍ ယာဥ္စစ္ရက္ခ်ိန္းကို စတင္ရယူႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

ယာဥ္စစ္ရက္ခ်ိန္းကို www. rtad.gov.mm Website တြင္ Online Booking စနစ္ျဖင့္ အနည္းဆုံး (၃)ရက္မွ အမ်ားဆံုး ရက္(၃၀) ႀကိဳတင္ရယူႏုိင္မည္ျဖစ္ေၾကာင္းသိရသည္။

ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၊ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ခ႐ိုင္႐ုံး (မႏၲေလးေျမာက္ပိုင္း)ႏွင့္ (မႏၲေလးေတာင္ပိုင္း) တို႔တြင္ ေန႔စဥ္ ႏွစ္လဲမွတ္ပုံတင္ သက္တမ္းတိုး ယာဥ္စီးေရႏွင့္ ေမာ္ေတာ္ယာဥ္ မွန္ကန္မႈ ရွိ၊ မရွိ စစ္ေဆးသည့္ ယာဥ္စီးေရ မ်ားျပားေနသျဖင့္ ယင္းကဲ့သို႔ေျပာင္းလဲက်င့္သံုးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

Online Booking ရယူရန္ အခက္အခဲရွိသူမ်ားအတြက္ ႏွစ္လဲသက္တမ္းတိုးျခင္းကို လတစ္လ၏ ေနာက္ဆုံး ႐ုံးဖြင့္ရက္(၂) ရက္တြင္ Online Booking ရက္ခ်ိန္းရယူရန္ မလိုဘဲ ေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ Online Booking စနစ္ကို ႏွစ္လဲမွတ္ပုံတင္ သက္တမ္းတိုး ေမာ္ေတာ္ယာဥ္မ်ားအတြက္သာ ေဆာင္ရြက္ေပးသြားမည္ျဖစ္ၿပီး နယ္ဝင္ယာဥ္မ်ား၊ ေျပာင္းလဲျခင္း စစ္ေဆးခံမည့္ ယာဥ္မ်ား၊ ေမာ္ေတာ္ ဆိုင္ကယ္မ်ား၊ သုံးဘီးယာဥ္မ်ား၊ ေထာ္လာဂ်ီယာဥ္မ်ားႏွင့္ ႏွစ္တန္ႏွင့္အထက္ ေမာ္ေတာ္ယာဥ္မ်ားသည္ ယခင္အတိုင္းေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ႏွစ္လဲမွတ္ပုံတင္ သက္တမ္းတိုးျခင္းကို ႐ုံးဖြင့္ရက္မ်ားတြင္ နံနက္ (၉) နာရီမွ ေန႔လယ္( ၁၂) နာရီအထိႏွင့္ ေန႔လယ္(၁) နာရီမွ ညေန (၃) နာရီခြဲအထိ ႏွစ္ခ်ိန္ခြဲ၍ ခ႐ိုင္႐ုံး(မႏၲေလးေတာင္ပိုင္း) ၌ နံနက္ပိုင္း အစီး (၁၅ဝ)၊ မြန္းလြဲပိုင္း (၁၂၅) စီးႏွင့္ ခ႐ိုင္႐ုံး (မႏၲေလးေျမာက္ပိုင္း) ၌ နံနက္ပိုင္း အစီး (၂ဝဝ)၊ မြန္းလြဲပိုင္း (၁၇၅) စီး လက္ခံေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္မွန္ကန္ျခင္း ရွိ၊ မရွိ ယာဥ္ စစ္ေဆး ျခင္းကို ရံုးဖြင့္ရက္မ်ားအတြင္း ေန႔လယ္(၁)နာရီေနာက္ပိုင္း၊ လစဥ္ လဆန္း (၁) ရက္မွ (၂၅) ရက္အတြင္း ေန႔စဥ္ ေမာ္ေတာ္ယာဥ္စီးေရ (၅ဝ) လက္ခံေဆာင္ရြက္ေပးမည္ ျဖစ္ေၾကာင္း သိရသည္။

Online Booking စနစ္ အသုံးျပဳရန္ အေသးစိတ္အခ်က္အလက္မ်ားအား www.motc.gov.mmwww.myanmarrtad.comwww.rtad.gov.mm ႏွင့္ Road Transport Facebook Page တို႔တြင္ ၾကည့္ရႈႏုိင္ၿပီး ႐ုံးခ်ဳပ္(ေနျပည္ေတာ္) ဖုန္း-ဝ၆၇-၃၄ဝ၅ဝ၉၉၊ တိုင္းေဒသႀကီး႐ုံး (မႏၲေလး) ဖုန္း-ဝ၂-၄ဝ၃၆၁၁၃၊ ခ႐ိုင္႐ုံး (မႏၲေလး ေတာင္ပိုင္း) ဖုန္း-ဝ၂-၄ဝ၃၆၆၉၇၊ ခ႐ိုင္႐ုံး (မႏၲေလး ေျမာက္ပိုင္း) ဖုန္း-ဝ၂-၄ဝ၆၁၈၃၆ တို႔သို႔ ႐ုံးခ်ိန္အတြင္း ဆက္သြယ္ စုံစမ္းေမးျမန္းႏိုင္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာနမွ သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
မန္တလေးတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်စစ်ရက်ချိန်းရယူခြင်းကို အွန်လိုင်းစနစ် ပြောင်းလဲကျင့်သုံးမည်
**************
မန္တလေးတိုင်းဒေသကြီးတွင် နှစ်လဲမှတ်ပုံတင် သက်တမ်းတိုးယာဉ် ယာဉ်စစ်ရက်ချိန်းရယူခြင်းနှင့် မော်တော်ယာဉ် မှန်ကန်မှု ရှိ၊ မရှိ ယာဉ်စစ်ရက်ချိန်းရယူခြင်းတို့အား အွန်လိုင်းမှကြိုတင်စာရင်းသွင်းသည့်စနစ် (Online Booking System) ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့မှ စတင်ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ရက်ချိန်းရယူလိုသည့် ယာဉ်ပိုင်ရှင်များသည် စက်တင်ဘာ (၂၈) မှစတင်၍ ယာဉ်စစ်ရက်ချိန်းကို စတင်ရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

ယာဉ်စစ်ရက်ချိန်းကို www. rtad.gov.mm Website တွင် Online Booking စနစ်ဖြင့် အနည်းဆုံး (၃)ရက်မှ အများဆုံး ရက်(၃၀) ကြိုတင်ရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံး (မန္တလေးမြောက်ပိုင်း)နှင့် (မန္တလေးတောင်ပိုင်း) တို့တွင် နေ့စဉ် နှစ်လဲမှတ်ပုံတင် သက်တမ်းတိုး ယာဉ်စီးရေနှင့် မော်တော်ယာဉ် မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးသည့် ယာဉ်စီးရေ များပြားနေသဖြင့် ယင်းကဲ့သို့ပြောင်းလဲကျင့်သုံးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Online Booking ရယူရန် အခက်အခဲရှိသူများအတွက် နှစ်လဲသက်တမ်းတိုးခြင်းကို လတစ်လ၏ နောက်ဆုံး ရုံးဖွင့်ရက်(၂) ရက်တွင် Online Booking ရက်ချိန်းရယူရန် မလိုဘဲ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Online Booking စနစ်ကို နှစ်လဲမှတ်ပုံတင် သက်တမ်းတိုး မော်တော်ယာဉ်များအတွက်သာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နယ်ဝင်ယာဉ်များ၊ ပြောင်းလဲခြင်း စစ်ဆေးခံမည့် ယာဉ်များ၊ မော်တော် ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များ၊ ထော်လာဂျီယာဉ်များနှင့် နှစ်တန်နှင့်အထက် မော်တော်ယာဉ်များသည် ယခင်အတိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

နှစ်လဲမှတ်ပုံတင် သက်တမ်းတိုးခြင်းကို ရုံးဖွင့်ရက်များတွင် နံနက် (၉) နာရီမှ နေ့လယ်( ၁၂) နာရီအထိနှင့် နေ့လယ်(၁) နာရီမှ ညနေ (၃) နာရီခွဲအထိ နှစ်ချိန်ခွဲ၍ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း) ၌ နံနက်ပိုင်း အစီး (၁၅ဝ)၊ မွန်းလွဲပိုင်း (၁၂၅) စီးနှင့် ခရိုင်ရုံး (မန္တလေးမြောက်ပိုင်း) ၌ နံနက်ပိုင်း အစီး (၂ဝဝ)၊ မွန်းလွဲပိုင်း (၁၇၅) စီး လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်မှန်ကန်ခြင်း ရှိ၊ မရှိ ယာဉ် စစ်ဆေး ခြင်းကို ရုံးဖွင့်ရက်များအတွင်း နေ့လယ်(၁)နာရီနောက်ပိုင်း၊ လစဉ် လဆန်း (၁) ရက်မှ (၂၅) ရက်အတွင်း နေ့စဉ် မော်တော်ယာဉ်စီးရေ (၅ဝ) လက်ခံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

Online Booking စနစ် အသုံးပြုရန် အသေးစိတ်အချက်အလက်များအား www.motc.gov.mmwww.myanmarrtad.comwww.rtad.gov.mm နှင့် Road Transport Facebook Page တို့တွင် ကြည့်ရှုနိုင်ပြီး ရုံးချုပ်(နေပြည်တော်) ဖုန်း-ဝ၆၇-၃၄ဝ၅ဝ၉၉၊ တိုင်းဒေသကြီးရုံး (မန္တလေး) ဖုန်း-ဝ၂-၄ဝ၃၆၁၁၃၊ ခရိုင်ရုံး (မန္တလေး တောင်ပိုင်း) ဖုန်း-ဝ၂-၄ဝ၃၆၆၉၇၊ ခရိုင်ရုံး (မန္တလေး မြောက်ပိုင်း) ဖုန်း-ဝ၂-၄ဝ၆၁၈၃၆ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~