က်ိဳင္းတံုၿမိဳ႕တြင္ ကုန္တင္ယာဥ္မဝင္ရလမ္းမ်ား၌ ျဖတ္သန္းသည့္ ကုန္တင္ယာဥ္ တစ္လအတြင္း (၄)စီးဖမ္းဆီးရမိ

က်ိဳင္းတံုၿမိဳ႕တြင္ ကုန္တင္ယာဥ္မဝင္ရလမ္းမ်ား၌ ျဖတ္သန္းသည့္ ကုန္တင္ယာဥ္ တစ္လအတြင္း (၄)စီးဖမ္းဆီးရမိ
စက်တင်ဘာ 14, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ကုန္တင္ယာဥ္ႀကီးမ်ားမဝင္ရ သတ္မွတ္ထားသည့္လမ္းမ်ား၌ သတိေပးဆုိင္းဘုတ္မ်ားတပ္ထားၿပီး ပညာေပးကာလႏွစ္ပတ္ လုပ္ေဆာင္ခဲ့ေသာ္လည္း ျဖတ္သန္းသြားလာမႈမ်ားရိွေနရာ တစ္လအတြင္း စည္းကမ္းခ်ိဳးေဖါက္သည့္ ကုန္တင္ယာဥ္ (၄)စီးကို ဖမ္းမိထားေၾကာင္း သိရသည္။

သတ္မွတ္ထားသည့္လမ္းပိုင္းမ်ားတြင္ ကုန္တင္ယာဥ္ႀကီးမ်ား မဝင္ရ ဆုိင္းဘုတ္မ်ား တပ္ဆင္ထားၿပီး ကုန္တင္ယာဥ္ေမာင္းမ်ားအား ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ(၆)ရက္ေန႔မွ (၁၉)ရက္ေန႔အထိ ႏွစ္ပတ္ၾကာ အသိေပးေၾကညာထားခဲ့ကာ ၾသဂုတ္လ (၂၀)ရက္ေန႔မွ စ၍ ရွမ္းျပည္နယ္စည္ပင္သာယာေရးဥပေဒပုဒ္မ (၇၈)အရ အေရးယူေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔အေနနဲ႔ ကုန္တင္ယာဥ္မ်ား မဝင္ရလမ္းေတြကို ဆိုင္းဘုတ္ေထာင္ထားၿပီးၿပီ။ အသိေပးထားၿပီးၿပီဆိုေတာ့ အေရးယူျခင္း စလုပ္ေနပါၿပီ။ ဖမ္းဆီးဒဏ္ရိုက္ရတဲ့ အေနအထားမွာ ရိွသြားၿပီ။ စည္ပင္သာယာေရးဥပေဒနဲ႔  စီမံဒဏ္ေၾကးေငြရိုက္တာေပါ့။ စီမံဒဏ္ေၾကးေငြရိုက္ႏုိင္တဲ့ အတုိင္းအတာက က်ပ္(၅၀၀၀၀)အထိ ရိွေပမဲ့ ကၽြန္ေတာ္တုိ႔ က်ပ္(၃၀၀၀၀)အထိပဲ ရိုက္ဖို႔ ဆံုးျဖတ္ထားပါတယ္။ ျဖတ္သြားတာေတြေတာ့ ရိွတယ္လုိ႔ ၾကားရတယ္။ ကၽြန္ေတာ္တို႔လည္း ဖမ္းဆီးရမိကေတာ့ (၄)စီးေလာက္ရိွပါၿပီ။ ကၽြန္ေတာ္တို႔က ျဖစ္ႏုိင္ရင္ အေရးမယူခ်င္ပါဘူး။ ကုန္တင္ယာဥ္ေမာင္းသူေတြအေနနဲ႔လည္း လုိက္နာေစခ်င္ပါတယ္"ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးမ်ိဳးျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စြန္ခမ္းလမ္းႏွင့္ မိုင္းယန္းလမ္းဆံုမွ က်ိဳင္းတံုၿမိဳ႕တြင္းသို႔၊ စြန္ခမ္းဘုရားလမ္းႏွင့္ ေလယာဥ္ကြင္းလမ္းဆံုမွ က်ိဳင္းတံုၿမိဳ႕တြင္းသို႔၊ ေကာက္ေကာ့(၁)လမ္းမွ က်ိဳင္းတံုၿမိဳ႕တြင္းသို႔၊ ေရႊေညာင္ပင္လမ္းမွ မဟာျမတ္မုနိဘုရားႀကီးအထိ ေစ်းတန္းႀကီးတစ္ေလွ်ာက္၊ ေရႊေညာင္ပင္လမ္းမွ လိြဳင္ေမြလမ္းတစ္ေလွ်ာက္ ဘဏ္လမ္းဆံုအထိ၊ ရပ္ေတာ္မူဘုရားလမ္းႏွင့္ ေတာင္ႀကီးလမ္းဆံုမွ ၿမိဳ႕တြင္းသို႔၊ လွ်ပ္စစ္ႏွင့္ လိြဳင္ေမြလမ္းဆံုမွ က်ိဳင္းတံုၿမိဳ႕တြင္းသို႔၊ ေဝၚေဟးလမ္းသြယ္အတြင္းသို႔၊ ေနာင္ခိုက္လမ္းသြယ္အတြင္းသို႔၊ က်ိဳင္းတံုၿမိဳ႕ မူးယစ္ကုန္းလမ္းသြယ္မွ ေနာင္တံုကန္ပတ္လမ္းသို႔၊ ေတာင္ႀကီးကားလမ္းႏွင့္ အထက(၃)လမ္းဆံုမွ ေနာင္တံုကန္ပတ္လမ္းသို႔၊ ေတာင္ႀကီးလမ္းမွ အထက(၂)ေက်ာင္းေရွ႕ လမ္းသြယ္အတြင္းသို႔၊ ၿမိဳ႕မေစ်းအေနာက္လမ္းမွ ဦးဆုတ္ရပ္၊ ေနာင္ေရးလမ္းသြယ္အတြင္း လမ္းပိုင္းမ်ားတြင္ ကုန္တင္ယာဥ္ႀကီးမ်ားမဝင္ရ သတ္မွတ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့တွင် ကုန်တင်ယာဉ်မဝင်ရလမ်းများ၌ ဖြတ်သန်းသည့် ကုန်တင်ယာဉ် တစ်လအတွင်း (၄)စီးဖမ်းဆီးရမိ
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကုန်တင်ယာဉ်ကြီးများမဝင်ရ သတ်မှတ်ထားသည့်လမ်းများ၌ သတိပေးဆိုင်းဘုတ်များတပ်ထားပြီး ပညာပေးကာလနှစ်ပတ် လုပ်ဆောင်ခဲ့သော်လည်း ဖြတ်သန်းသွားလာမှုများရှိနေရာ တစ်လအတွင်း စည်းကမ်းချိုးဖေါက်သည့် ကုန်တင်ယာဉ် (၄)စီးကို ဖမ်းမိထားကြောင်း သိရသည်။

သတ်မှတ်ထားသည့်လမ်းပိုင်းများတွင် ကုန်တင်ယာဉ်ကြီးများ မဝင်ရ ဆိုင်းဘုတ်များ တပ်ဆင်ထားပြီး ကုန်တင်ယာဉ်မောင်းများအား ၂၀၁၈ ခုနှစ် သြဂုတ်လ(၆)ရက်နေ့မှ (၁၉)ရက်နေ့အထိ နှစ်ပတ်ကြာ အသိပေးကြေညာထားခဲ့ကာ သြဂုတ်လ (၂၀)ရက်နေ့မှ စ၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေပုဒ်မ (၇၈)အရ အရေးယူနေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ကုန်တင်ယာဉ်များ မဝင်ရလမ်းတွေကို ဆိုင်းဘုတ်ထောင်ထားပြီးပြီ။ အသိပေးထားပြီးပြီဆိုတော့ အရေးယူခြင်း စလုပ်နေပါပြီ။ ဖမ်းဆီးဒဏ်ရိုက်ရတဲ့ အနေအထားမှာ ရှိသွားပြီ။ စည်ပင်သာယာရေးဥပဒေနဲ့  စီမံဒဏ်ကြေးငွေရိုက်တာပေါ့။ စီမံဒဏ်ကြေးငွေရိုက်နိုင်တဲ့ အတိုင်းအတာက ကျပ်(၅၀၀၀၀)အထိ ရှိပေမဲ့ ကျွန်တော်တို့ ကျပ်(၃၀၀၀၀)အထိပဲ ရိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဖြတ်သွားတာတွေတော့ ရှိတယ်လို့ ကြားရတယ်။ ကျွန်တော်တို့လည်း ဖမ်းဆီးရမိကတော့ (၄)စီးလောက်ရှိပါပြီ။ ကျွန်တော်တို့က ဖြစ်နိုင်ရင် အရေးမယူချင်ပါဘူး။ ကုန်တင်ယာဉ်မောင်းသူတွေအနေနဲ့လည်း လိုက်နာစေချင်ပါတယ်"ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စွန်ခမ်းလမ်းနှင့် မိုင်းယန်းလမ်းဆုံမှ ကျိုင်းတုံမြို့တွင်းသို့၊ စွန်ခမ်းဘုရားလမ်းနှင့် လေယာဉ်ကွင်းလမ်းဆုံမှ ကျိုင်းတုံမြို့တွင်းသို့၊ ကောက်ကော့(၁)လမ်းမှ ကျိုင်းတုံမြို့တွင်းသို့၊ ရွှေညောင်ပင်လမ်းမှ မဟာမြတ်မုနိဘုရားကြီးအထိ ဈေးတန်းကြီးတစ်လျှောက်၊ ရွှေညောင်ပင်လမ်းမှ လွိုင်မွေလမ်းတစ်လျှောက် ဘဏ်လမ်းဆုံအထိ၊ ရပ်တော်မူဘုရားလမ်းနှင့် တောင်ကြီးလမ်းဆုံမှ မြို့တွင်းသို့၊ လျှပ်စစ်နှင့် လွိုင်မွေလမ်းဆုံမှ ကျိုင်းတုံမြို့တွင်းသို့၊ ဝေါ်ဟေးလမ်းသွယ်အတွင်းသို့၊ နောင်ခိုက်လမ်းသွယ်အတွင်းသို့၊ ကျိုင်းတုံမြို့ မူးယစ်ကုန်းလမ်းသွယ်မှ နောင်တုံကန်ပတ်လမ်းသို့၊ တောင်ကြီးကားလမ်းနှင့် အထက(၃)လမ်းဆုံမှ နောင်တုံကန်ပတ်လမ်းသို့၊ တောင်ကြီးလမ်းမှ အထက(၂)ကျောင်းရှေ့ လမ်းသွယ်အတွင်းသို့၊ မြို့မဈေးအနောက်လမ်းမှ ဦးဆုတ်ရပ်၊ နောင်ရေးလမ်းသွယ်အတွင်း လမ်းပိုင်းများတွင် ကုန်တင်ယာဉ်ကြီးများမဝင်ရ သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~