တာခ်ီလိတ္ၿမိဳ႕ စလိရြာေရွ႕ ကားလမ္းေပၚတြင္ ဆိုင္ကယ္အခ်င္းခ်င္း မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွ (၂)ဦး ေနရာတြင္ ေသဆံုးၿပီး တစ္ဦးမွာ ေဆးရံုတြင္ ေသဆံုး

တာခ်ီလိတ္ၿမိဳ႕ စလိရြာေရွ႕ ကားလမ္းေပၚတြင္ ဆိုင္ကယ္အခ်င္းခ်င္း မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွ (၂)ဦး ေနရာတြင္ ေသဆံုးၿပီး တစ္ဦးမွာ ေဆးရံုတြင္ ေသဆံုး
စက်တင်ဘာ 6, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၅)ရက္ေန႔ ည(၈)နာရီခြဲ ဝန္းက်င္က ဆုိင္ကယ္(၂)စီး မ်က္ႏွာခ်င္းဆုိင္ တုိက္မိရာမွ လူ(၂)ဦးေသဆံုးခဲ့ၿပီး ဒဏ္ရာအျပင္းအထန္ရသူ တစ္ဦးမွာလည္း ေဆး၀ါးကုသမႈ ခံယူေနရင္း စက္တင္ဘာလ(၆)ရက္ေန႔ နံနက္ပိုင္းတြင္  ေသဆံုး သြားေၾကာင္း သိရသည္။

ဖန္မင္ေက်းရြာအုပ္စု၊ စလိရြာ ရန္ကင္း(၂)ဆီပန္႔ေရွ႕ တာခ်ီလိတ္ - က်ိဳင္းတံုကားလမ္းတြင္ တာခ်ီလိတ္ၿမိဳ႕တြင္း ဘက္မွ မယ္ယန္းပူးေပါင္းဂိတ္ဘက္သို႔ ရွင္းယံု ေမာင္းႏွင္လာသည့္ ဆုိင္ကယ္က လမ္းတစ္ဖက္ ယာဥ္ေၾကာသို႔ ေရာက္ရိွကာ မယ္ယန္းဂိတ္ဘက္မွ တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ လူ(၄)ဦး စီးနင္းလာသည့္ ဆုိင္ကယ္(၂)စီးအနက္ တစ္စီးကို မ်က္ႏွာခ်င္းဆိုင္ ဝင္တုိက္မိျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္တုိက္မႈေၾကာင့္ ဆိုင္ကယ္ေမာင္းႏွင္သူ အသက္(၁၈)ႏွစ္အရြယ္ ရွင္းယံုႏွင့္ တိုက္မိခံရသည့္ ဆိုင္ကယ္မွ ယာဥ္ေမာင္း အသက္(၂၄)ႏွစ္အရြယ္ ေက်ာ္စိုးထြန္းတို႔မွာ ဦးေခါင္းဒဏ္ရာ ျပင္းထန္စြာ ရသြားကာေနရာတြင္ ေသဆံုးသြားၿပီး ဆိုင္ကယ္အေနာက္မွ လုိက္ပါလာသည့္ အသက္(၁၈)ႏွစ္အရြယ္ ရဲေနာင္မွာလည္း ဦးေခါင္း ဒဏ္ရာအျပင္းအထန္ရသြားရာမွ စက္တင္ဘာလ (၆)ရက္ေန႔ နံနက္ပိုင္းတြင္ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈျဖစ္ပြားရာသို႔ ယာဥ္ထိန္းတပ္ဖြဲ႕ကစစ္ေဆးၿပီးေနာက္ ေသဆံုးႏွင့္ ဒဏ္ရာရသူတို႔ကို တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရံုသို႔ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ပို႔ေဆာင္ေပးခဲ့ၿပီး ဆုိင္ကယ္ ေမာင္းႏွင္၊ စီးနင္းသူအားလံုးမွာ ဆုိင္ကယ္စီးဦးထုပ္ ေဆာင္းထားျခင္းမရိွသည္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

ဆိုင္ကယ္အား မဆင္မျခင္ ေမာင္းႏွင္ၿပီး အျခားသူမ်ားအား ဝင္တုိက္ခဲ့သည့္ ရွင္းယံုအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၃၄/၂၀၁၈၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၇၉/၃၃၈/၃၀၄-က အရ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့ ည(၈)နာရီခွဲ ဝန်းကျင်က ဆိုင်ကယ်(၂)စီး မျက်နှာချင်းဆိုင် တိုက်မိရာမှ လူ(၂)ဦးသေဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရသူ တစ်ဦးမှာလည်း ဆေးဝါးကုသမှု ခံယူနေရင်း စက်တင်ဘာလ(၆)ရက်နေ့ နံနက်ပိုင်းတွင် သေဆုံး သွားကြောင်း သိရသည်။

ဖန်မင်ကျေးရွာအုပ်စု၊ စလိရွာ ရန်ကင်း(၂)ဆီပန့်ရှေ့ တာချီလိတ် - ကျိုင်းတုံကားလမ်းတွင် တာချီလိတ်မြို့တွင်း ဘက်မှ မယ်ယန်းပူးပေါင်းဂိတ်ဘက်သို့ ရှင်းယုံ မောင်းနှင်လာသည့် ဆိုင်ကယ်က လမ်းတစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိကာ မယ်ယန်းဂိတ်ဘက်မှ တာချီလိတ်မြို့တွင်းသို့ လူ(၄)ဦး စီးနင်းလာသည့် ဆိုင်ကယ်(၂)စီးအနက် တစ်စီးကို မျက်နှာချင်းဆိုင် ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အသက်(၁၈)နှစ်အရွယ် ရှင်းယုံနှင့် တိုက်မိခံရသည့် ဆိုင်ကယ်မှ ယာဉ်မောင်း အသက်(၂၄)နှစ်အရွယ် ကျော်စိုးထွန်းတို့မှာ ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာ ရသွားကာနေရာတွင် သေဆုံးသွားပြီး ဆိုင်ကယ်အနောက်မှ လိုက်ပါလာသည့် အသက်(၁၈)နှစ်အရွယ် ရဲနောင်မှာလည်း ဦးခေါင်း ဒဏ်ရာအပြင်းအထန်ရသွားရာမှ စက်တင်ဘာလ (၆)ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ယာဉ်ထိန်းတပ်ဖွဲ့ကစစ်ဆေးပြီးနောက် သေဆုံးနှင့် ဒဏ်ရာရသူတို့ကို တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံသို့ တာချီလိတ်နာရေးကူညီမှုအသင်းက ပို့ဆောင်ပေးခဲ့ပြီး ဆိုင်ကယ် မောင်းနှင်၊ စီးနင်းသူအားလုံးမှာ ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ဆိုင်ကယ်အား မဆင်မခြင် မောင်းနှင်ပြီး အခြားသူများအား ဝင်တိုက်ခဲ့သည့် ရှင်းယုံအား တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၃၄/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၈/၃၀၄-က အရ အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~