ေခ်ာင္းဦးၿမိဳ႕နယ္တြင္ လူတစ္ဦးအား အထင္မွား၍ ရိုက္ႏွက္မီးရိႈ႕ၾကသူမ်ားကို အမႈဖြင့္စံုစမ္းေန

ေခ်ာင္းဦးၿမိဳ႕နယ္တြင္ လူတစ္ဦးအား အထင္မွား၍ ရိုက္ႏွက္မီးရိႈ႕ၾကသူမ်ားကို အမႈဖြင့္စံုစမ္းေန
စက်တင်ဘာ 11, 2018
By 🌸
စစ္ကိုင္းတိုင္းေဒသႀကီး၊ မံုရြာခရိုင္၊ ေခ်ာင္းဦးၿမိဳ႕နယ္၊ မင္းတည္ေက်းရြာတြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၀) ရက္ေန႔ ည (၇) နာရီဝန္းက်င္က အမ်ိဳးသားတစ္ဦးအား မိန္းကေလးကို ဖမ္းေခၚရန္ႀကိဳးစားသည္ဟု အထင္လြဲၿပီး ေက်းရြာလူထုဝိုင္းဝန္းရိုက္ႏွက္ရာမွ ေသဆံုးသြားသျဖင့္ အေလာင္းေဖ်ာက္မီးရိႈ႕ခဲ့သျဖင့္ ခရိုင္ရဲတပ္ဖြဲ႕မွဴး ဦးေဆာင္သည့္အဖြဲ႔ျဖင့္ စံုစမ္းစစ္ေဆးေနေၾကာင္း သိရသည္။
အဆိုပါေက်းရြာတြင္ အသက္(၁၆)ႏွစ္အရြယ္မိန္းကေလးက ေက်းရြာအလယ္ပိုင္းရွိေစ်းဆိုင္မွ ေစ်းဝယ္၍ ျပန္လာစဥ္ ရြာလယ္လမ္း၌ ၎၏ေရွ႕မွသြားေနသည့္ အမ်ိဳးသားတစ္ဦးကို မသကၤာသျဖင့္ ေနအိမ္သို႔ ေရာက္ရွိစဥ္ မိခင္အားေျပာျပရာ မိခင္ျဖစ္သူက ေနအိမ္ေရွ႕သို႔ထြက္၍ "သမီးကို လူဖမ္းတယ္"ဟု ေအာ္ဟစ္အကူအညီေတာင္းခံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေအာ္ဟစ္အကူအညီေတာင္းသံေၾကာင့္ ေက်းရြာမွလူမ်ားထြက္လာကာ လမ္းေလွ်ာက္ေနသည့္ အမ်ိဳးသားအား ဝိုင္းဝန္းဖမ္းဆီးရိုက္ႏွက္ခဲ့ရာ သတိလစ္ေနစဥ္ ေသသြားသည္ထင္သျဖင့္ သခၤ်ိဳင္းအနီး သယ္ေဆာင္မီးရိႈ႕ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္တြင္ ပါဝင္သူမ်ားကို မံုရြာခရိုင္ ရဲတပ္ဖြဲဲ႕မွဴး ဒုတိယရဲမႉးႀကီး သန္းဝင္းဦးေဆာင္သည့္ ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးေနၿပီး ေခ်ာင္းဦးၿမိဳ႕မရဲစခန္းတြင္ (ပ)၂၁၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၂၀၁/ ၁၁၄ ျဖင့္ အမႈဖြင့္ထားေၾကာင္း ရဲတပ္ဖြဲ႕၏သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
မင္းတည္ေက်းရြာတြင္ အိမ္ေျခ (၂၂၀)၊ လူဦးေရ (၁၀၀၀) ေက်ာ္ခန္႔ေနထုိင္ၾကေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~

ချောင်းဦးမြို့နယ်တွင် လူတစ်ဦးအား အထင်မှား၍ ရိုက်နှက်မီးရှို့ကြသူများကို အမှုဖွင့်စုံစမ်းနေ
*************
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မင်းတည်ကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့ ည (၇) နာရီဝန်းကျင်က အမျိုးသားတစ်ဦးအား မိန်းကလေးကို ဖမ်းခေါ်ရန်ကြိုးစားသည်ဟု အထင်လွဲပြီး ကျေးရွာလူထုဝိုင်းဝန်းရိုက်နှက်ရာမှ သေဆုံးသွားသဖြင့် အလောင်းဖျောက်မီးရှို့ခဲ့သဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့်အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် အသက်(၁၆)နှစ်အရွယ်မိန်းကလေးက ကျေးရွာအလယ်ပိုင်းရှိဈေးဆိုင်မှ ဈေးဝယ်၍ ပြန်လာစဉ် ရွာလယ်လမ်း၌ ၎င်း၏ရှေ့မှသွားနေသည့် အမျိုးသားတစ်ဦးကို မသင်္ကာသဖြင့် နေအိမ်သို့ ရောက်ရှိစဉ် မိခင်အားပြောပြရာ မိခင်ဖြစ်သူက နေအိမ်ရှေ့သို့ထွက်၍ "သမီးကို လူဖမ်းတယ်"ဟု အော်ဟစ်အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အော်ဟစ်အကူအညီတောင်းသံကြောင့် ကျေးရွာမှလူများထွက်လာကာ လမ်းလျှောက်နေသည့် အမျိုးသားအား ဝိုင်းဝန်းဖမ်းဆီးရိုက်နှက်ခဲ့ရာ သတိလစ်နေစဉ် သေသွားသည်ထင်သဖြင့် သင်္ချိုင်းအနီး သယ်ဆောင်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် ပါဝင်သူများကို မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဝင်းဦးဆောင်သည့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး ချောင်းဦးမြို့မရဲစခန်းတွင် (ပ)၂၁၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁/ ၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

မင်းတည်ကျေးရွာတွင် အိမ်ခြေ (၂၂၀)၊ လူဦးရေ (၁၀၀၀) ကျော်ခန့်နေထိုင်ကြကြောင်း သိရသည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~