မိုင္းေယာင္းၿမိဳ႕ ေဟာင္ၾကန္႔ေက်းရြာအုပ္စုတြင္ မူးယစ္ေဆးဝါး ေရာင္းဝယ္သံုးစြဲသည့္ လူငယ္(၂)ဦး ဖမ္းမိ

မိုင္းေယာင္းၿမိဳ႕ ေဟာင္ၾကန္႔ေက်းရြာအုပ္စုတြင္ မူးယစ္ေဆးဝါး ေရာင္းဝယ္သံုးစြဲသည့္ လူငယ္(၂)ဦး ဖမ္းမိ
စက်တင်ဘာ 10, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းေယာင္းၿမိဳ႕၊ ေဟာင္ၾကန္႔ေက်းရြာအုပ္စု၊ ပါေလာင္းေက်းရြာႏွင့္ ပံုခ်ိဳ(နီး)ေက်းရြာအနီး ေတာင္ယာသြားလမ္းတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁၀)ရက္ေန႔ ညေန(၄)နာရီ ဝန္းက်င္က WY စိတ္ၾကြေဆးျပား(၄၄)ျပားႏွင့္ လူငယ္(၂)ဦးကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ပါေလာင္းေက်းရြာႏွင့္ ပံုခ်ိဳ(နီး)ေက်းရြာမ်ားအနီးတြင္ မူးယစ္ေဆးဝါးေရာင္းဝယ္သံုးစြဲမႈမ်ားရိွေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႕ကသက္ေသမ်ားပါဝင္သည့္အဖြဲ႕ျဖင့္ ရွာေဖြဖမ္းဆီးရာ ေတာင္ယာသြားလမ္းတြင္ ေတြ႔ရသည့္ အသက္(၂၀)အရြယ္မ်ားျဖစ္သည့္ ထြန္းေအာင္ထံမွ စိတ္ၾကြေဆးျပား (၄)ျပားႏွင့္ သီဟေအာင္တုိ႔အား စစ္ေဆးရာ WY စိတ္ၾကြေဆးျပား (၄၀)ျပား၊ မူးယစ္ေဆးသံုးရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မုိင္းေယာင္းၿမိဳ႕မရဲစခန္းတြင္ ထြန္းေအာင္အား မယ(ပ)၆/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၆(ဂ)ျဖင့္လည္းေကာင္း၊ သီဟေအာင္အား မယ(ပ)၇/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္လည္းေကာင္း အမႈဖြင့္ထားေၾကာင္း သိရသည္။

ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းယောင်းမြို့ ဟောင်ကြန့်ကျေးရွာအုပ်စုတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသည့် လူငယ်(၂)ဦး ဖမ်းမိ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့၊ ဟောင်ကြန့်ကျေးရွာအုပ်စု၊ ပါလောင်းကျေးရွာနှင့် ပုံချို(နီး)ကျေးရွာအနီး တောင်ယာသွားလမ်းတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၀)ရက်နေ့ ညနေ(၄)နာရီ ဝန်းကျင်က WY စိတ်ကြွဆေးပြား(၄၄)ပြားနှင့် လူငယ်(၂)ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ပါလောင်းကျေးရွာနှင့် ပုံချို(နီး)ကျေးရွာများအနီးတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများရှိကြောင်း သတင်းအရ ရဲတပ်ဖွဲ့ကသက်သေများပါဝင်သည့်အဖွဲ့ဖြင့် ရှာဖွေဖမ်းဆီးရာ တောင်ယာသွားလမ်းတွင် တွေ့ရသည့် အသက်(၂၀)အရွယ်များဖြစ်သည့် ထွန်းအောင်ထံမှ စိတ်ကြွဆေးပြား (၄)ပြားနှင့် သီဟအောင်တို့အား စစ်ဆေးရာ WY စိတ်ကြွဆေးပြား (၄၀)ပြား၊ မူးယစ်ဆေးသုံးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့မရဲစခန်းတွင် ထွန်းအောင်အား မယ(ပ)၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့်လည်းကောင်း၊ သီဟအောင်အား မယ(ပ)၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့်လည်းကောင်း အမှုဖွင့်ထားကြောင်း သိရသည်။
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~