တာခ်ီလိတ္တြင္ ေဝသႏၲရာဇာတ္ေတာ္ရြတ္ဖတ္ပူေဇာ္ပြဲအား ပထမဆံုးအျဖစ္ ရွမ္းရိုးရာ ယဥ္ေက်းမႈမ်ားျဖင့္ မယ္ေခါင္ရပ္ကြက္က ဖြင့္ပြဲ ျပဳလုပ္

တာခ်ီလိတ္တြင္ ေဝသႏၲရာဇာတ္ေတာ္ရြတ္ဖတ္ပူေဇာ္ပြဲအား ပထမဆံုးအျဖစ္ ရွမ္းရိုးရာ ယဥ္ေက်းမႈမ်ားျဖင့္ မယ္ေခါင္ရပ္ကြက္က ဖြင့္ပြဲ ျပဳလုပ္
စက်တင်ဘာ 24, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ေဝသႏၲရာဇာတ္ေတာ္ရြတ္ဖတ္ပူေဇာ္ပြဲအား ရွမ္းရိုးရာ ယဥ္ေက်းမႈမ်ားျဖင့္ ဖြင့္လွစ္ျခင္းကို ပထမဆံုးအျဖစ္ မယ္ေခါင္ရပ္ကြက္မွ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ (၂၄)ရက္ေန႔ ညေနပိုင္းက မယ္ေခါင္ဘုန္းေတာ္ႀကီးေက်ာင္း၏ ေဝသႏၲရာဇာတ္ေတာ္ရြတ္ဖတ္ပူေဇာ္ပြဲတြင္ စတင္လိုက္သည္။

အဆိုပါ ပူေဇာ္ပြဲစတင္သည့္ အခမ္းအနားအျဖစ္ မယ္ေခါင္ရပ္ကြက္သူ၊ရပ္ကြက္သားမ်ားက အသက္(၁၀)ႏွစ္အထက္ ကေလးမ်ားမွ အသက္(၆၀)ေက်ာ္အထိ အဖြဲ႕လုိက္ ပါဝင္ေဆာင္ရြက္ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ ရွမ္းတုိင္းရင္းသားရိုးရာယဥ္ေက်းမႈကို လူငယ္ေတြ လက္ဆင့္ကမ္းႏုိင္ေအာင္၊ မေပ်ာက္ပ်က္ေအာင္ ထုတ္ေဖၚခ်င္တဲ့ ရည္ရြယ္ခ်က္နဲ႔ အခုလို စတင္ လုပ္ေဆာင္လုိက္တာပါ။ ေဝသႏၲရာဇာတ္ေတာ္ရြတ္ဖတ္ပူေဇာ္ပြဲကေတာ့ ေရွးအစဥ္အဆက္ ကတည္းက က်င္းပလာတာျဖစ္ေပမဲ့ ဒီလိုမ်ိဳး ကိုယ့္ယဥ္ေက်းမႈ ရိုးရာေတြနဲ႔ ဖြင့္ပြဲလုပ္တာကေတာ့ ဒါက ပထမဆံုးပါ။ ဒီလိုလုပ္ႏုိင္တာကလည္း ရပ္ကြက္သူ၊ ရပ္ကြက္သားေတြ ညီညြတ္ၾကလုိ႔ စုေပါင္းအင္အားနဲ႔ လုပ္ႏုိင္ခဲ့တာပါ”ဟု မယ္ေခါင္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး၊ ရွမ္းတုိင္းရင္းသားယဥ္ေက်းမႈအဖြဲ႕(မယ္ေခါင္) ဥကၠဌ ဦးစိုင္းအြတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ဖြင့္ပြဲ အခမ္းအနားတြင္ မယ္ေခါင္ရပ္ကြက္မွ အမ်ိဳးသားအမ်ိဳးသမီး လူဦးေရ (၆၀)ဝန္းက်င္စီ ပါဝင္သည့္ အသက္(၆၀)ေက်ာ္မ်ား အကအဖြဲ႕၊ အသက္(၄၀)မွ (၅၀)ေက်ာ္မ်ားအကအဖြဲ႕၊ ဇနီးေမာင္ႏွံစံုတြဲမ်ား အကအဖြဲ႕၊ လူဦးေရ(၂၀)ဝန္းက်င္စီပါဝင္သည့္ လူပ်ိဳအကအဖြဲ႕ႏွင့္ အပ်ိဳအကအဖြဲ႕၊ အသက္(၁၀)ႏွစ္အထက္ ကေလးမ်ားအကအဖြဲ႕ စုစုေပါင္း(၆)ဖြဲ႕က ရိုးရာအိုးစည္(၅)မ်ိဳးျဖင့္တြဲဖက္၍ နဂါးႏွစ္ေကာင္ ဘုန္းေတာ္ႀကီးေက်ာင္းေရွ႕မွ မယ္ေခါင္ဘုန္းေတာ္ႀကီးေက်ာင္းအထိ ရိုးရာအကမ်ားျဖင့္ လွည့္လည္ခဲ့ျခင္းျဖစ္သည္။

“ကၽြန္ေတာ္တုိ႔ ရွမ္းတုိင္းရင္းသားရိုးရာမွာ အိုးစည္(၁၃)မ်ိဳးအထိ ရိွတယ္။ ဒီမွာေတာ့ ရိုးရာအိုးစည္ (၅)မ်ိဳးျဖစ္တဲ့ ေကာင္က်ိဳင္းလံု၊ ေကာင္က်ိဳင္းလိတ္၊ ရွမ္းအိုးစည္အရွည္ေပါ့၊ ေနာက္ အသက္ႀကီးသူေတြ တီးခတ္ေလ့ရိွတဲ့ ေကာင္ေမာင္းေဆ့၊ အိုးစည္အတိုေပါ့ ေကာင္ထိန္ ဒီ(၅)မ်ိဳးထည့္ထားပါတယ္”ဟု မယ္ေခါင္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး၊ ရွမ္းတုိင္းရင္းသားယဥ္ေက်းမႈအဖြဲ႕(မယ္ေခါင္) ဥကၠဌ ဦးစိုင္းအြတ္က ေျပာသည္။

ရွမ္းတုိင္းရင္းသားမ်ား၏ ဘာသာေရးအစဥ္အလာအရ က်င္းပသည့္ ေဝသႏၲရာဇာတ္ေတာ္အား ရွမ္းပါဠိ ဘာသာျဖင့္ ရြတ္ဖတ္ပူေဇာ္ပြဲမ်ားကို ရွမ္းျပည္နယ္အေရွ႕ပိုင္းနွင့္ ေတာင္ပိုင္းေဒသမ်ားတြင္ က်င္းပၾကၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသအခ်ိဳ႕တြင္လည္း က်င္းပေၾကာင္း သိရသည္။

ေဝသႏၲရာဇာတ္ေတာ္ရြတ္ဖတ္ပူေဇာ္ပြဲြဲ ေနာက္ဆံုးေန႔တြင္ ေရႊမိုးေငြမိုးရြာသြန္းသည့္ ဇာတ္ေတာ္ ရြတ္ဖတ္ရာ၌ ေပါက္ေပါက္မ်ား ႀကဲပက္ကာ ေရႊမိုးေငြမိုးသြန္းၿဖိဳးပူေဇာ္ေလ့ရိွၿပီး မီးရႈးမီးပန္းမ်ားေဖါက္ျခင္း၊ အဆိုပါ ရြတ္ဖတ္ပူေဇာ္ပြဲက်င္းပရာ ဘုန္းေတာ္ႀကီးေက်ာင္းဝင္းတြင္ စားေသာက္ဖြယ္ရာ ဆုိင္တန္းမ်ား၊ ေပ်ာ္ပြဲရႊင္ပြဲမ်ားလည္း ထည့္သြင္းက်င္းပေလ့ရိွသည္။

မယ္ေခါင္ဘုန္းေတာ္ႀကီးေက်ာင္း ေဝသႏၲရာဇာတ္ေတာ္ရြတ္ဖတ္ပူေဇာ္ပြဲကို ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ (၂၄)ရက္ေန႔မွ စတင္ကာ စက္တင္ဘာလ (၂၉)ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - #ခ်ယ္ရီထိုက္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဝေသန္တရာဇာတ်တော်ရွတ်ဖတ်ပူဇော်ပွဲအား ရှမ်းရိုးရာ ယဉ်ကျေးမှုများဖြင့် ဖွင့်လှစ်ခြင်းကို ပထမဆုံးအဖြစ် မယ်ခေါင်ရပ်ကွက်မှ ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့ ညနေပိုင်းက မယ်ခေါင်ဘုန်းတော်ကြီးကျောင်း၏ ဝေသန္တရာဇာတ်တော်ရွတ်ဖတ်ပူဇော်ပွဲတွင် စတင်လိုက်သည်။

အဆိုပါ ပူဇော်ပွဲစတင်သည့် အခမ်းအနားအဖြစ် မယ်ခေါင်ရပ်ကွက်သူ၊ရပ်ကွက်သားများက အသက်(၁၀)နှစ်အထက် ကလေးများမှ အသက်(၆၀)ကျော်အထိ အဖွဲ့လိုက် ပါဝင်ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုကို လူငယ်တွေ လက်ဆင့်ကမ်းနိုင်အောင်၊ မပျောက်ပျက်အောင် ထုတ်ဖော်ချင်တဲ့ ရည်ရွယ်ချက်နဲ့ အခုလို စတင် လုပ်ဆောင်လိုက်တာပါ။ ဝေသန္တရာဇာတ်တော်ရွတ်ဖတ်ပူဇော်ပွဲကတော့ ရှေးအစဉ်အဆက် ကတည်းက ကျင်းပလာတာဖြစ်ပေမဲ့ ဒီလိုမျိုး ကိုယ့်ယဉ်ကျေးမှု ရိုးရာတွေနဲ့ ဖွင့်ပွဲလုပ်တာကတော့ ဒါက ပထမဆုံးပါ။ ဒီလိုလုပ်နိုင်တာကလည်း ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ ညီညွတ်ကြလို့ စုပေါင်းအင်အားနဲ့ လုပ်နိုင်ခဲ့တာပါ”ဟု မယ်ခေါင်ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရှမ်းတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့(မယ်ခေါင်) ဥက္ကဌ ဦးစိုင်းအွတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားတွင် မယ်ခေါင်ရပ်ကွက်မှ အမျိုးသားအမျိုးသမီး လူဦးရေ (၆၀)ဝန်းကျင်စီ ပါဝင်သည့် အသက်(၆၀)ကျော်များ အကအဖွဲ့၊ အသက်(၄၀)မှ (၅၀)ကျော်များအကအဖွဲ့၊ ဇနီးမောင်နှံစုံတွဲများ အကအဖွဲ့၊ လူဦးရေ(၂၀)ဝန်းကျင်စီပါဝင်သည့် လူပျိုအကအဖွဲ့နှင့် အပျိုအကအဖွဲ့၊ အသက်(၁၀)နှစ်အထက် ကလေးများအကအဖွဲ့ စုစုပေါင်း(၆)ဖွဲ့က ရိုးရာအိုးစည်(၅)မျိုးဖြင့်တွဲဖက်၍ နဂါးနှစ်ကောင် ဘုန်းတော်ကြီးကျောင်းရှေ့မှ မယ်ခေါင်ဘုန်းတော်ကြီးကျောင်းအထိ ရိုးရာအကများဖြင့် လှည့်လည်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားရိုးရာမှာ အိုးစည်(၁၃)မျိုးအထိ ရှိတယ်။ ဒီမှာတော့ ရိုးရာအိုးစည် (၅)မျိုးဖြစ်တဲ့ ကောင်ကျိုင်းလုံ၊ ကောင်ကျိုင်းလိတ်၊ ရှမ်းအိုးစည်အရှည်ပေါ့၊ နောက် အသက်ကြီးသူတွေ တီးခတ်လေ့ရှိတဲ့ ကောင်မောင်းဆေ့၊ အိုးစည်အတိုပေါ့ ကောင်ထိန် ဒီ(၅)မျိုးထည့်ထားပါတယ်”ဟု မယ်ခေါင်ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရှမ်းတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့(မယ်ခေါင်) ဥက္ကဌ ဦးစိုင်းအွတ်က ပြောသည်။

ရှမ်းတိုင်းရင်းသားများ၏ ဘာသာရေးအစဉ်အလာအရ ကျင်းပသည့် ဝေသန္တရာဇာတ်တော်အား ရှမ်းပါဠိ ဘာသာဖြင့် ရွတ်ဖတ်ပူဇော်ပွဲများကို ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ကျင်းပကြပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့တွင်လည်း ကျင်းပကြောင်း သိရသည်။

ဝေသန္တရာဇာတ်တော်ရွတ်ဖတ်ပူဇော်ပွဲ နောက်ဆုံးနေ့တွင် ရွှေမိုးငွေမိုးရွာသွန်းသည့် ဇာတ်တော် ရွတ်ဖတ်ရာ၌ ပေါက်ပေါက်များ ကြဲပက်ကာ ရွှေမိုးငွေမိုးသွန်းဖြိုးပူဇော်လေ့ရှိပြီး မီးရှုးမီးပန်းများဖောက်ခြင်း၊ အဆိုပါ ရွတ်ဖတ်ပူဇော်ပွဲကျင်းပရာ ဘုန်းတော်ကြီးကျောင်းဝင်းတွင် စားသောက်ဖွယ်ရာ ဆိုင်တန်းများ၊ ပျော်ပွဲရွှင်ပွဲများလည်း ထည့်သွင်းကျင်းပလေ့ရှိသည်။

မယ်ခေါင်ဘုန်းတော်ကြီးကျောင်း ဝေသန္တရာဇာတ်တော်ရွတ်ဖတ်ပူဇော်ပွဲကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့မှ စတင်ကာ စက်တင်ဘာလ (၂၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - #ချယ်ရီထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~