သံလြင္ျမစ္ကူးတံတားသစ္ စီမံကိန္း မၾကာမီ စတင္မည္

သံလြင္ျမစ္ကူးတံတားသစ္ စီမံကိန္း မၾကာမီ စတင္မည္
စက်တင်ဘာ 30, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕နယ္ႏွင့္ ရွမ္းျပည္(ေတာင္ပိုင္း) မိုင္းပန္ၿမိဳ႕နယ္ကို ဆက္သြယ္ထားသည့္ သံလြင္ျမစ္ကူး တာဆန္းႀကိဳးတံတား၏ ေျမထိန္း နံရံၿပိဳက်မႈေၾကာင့္ ကုန္ႏွင့္ယာဥ္ (၁၅)တန္ အထိသာ ျဖတ္သန္းခြင့္ျပဳထားသည့္ တစ္ႏွစ္နီးပါးအၾကာ၌ သံလြင္ျမစ္ကူးတံတားသစ္ စီမံကိန္းကို စတင္ေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။

“သူကအားလံုး လ်ာထားတာကေတာ့ သန္းေပါင္း (၅,၄၀၀)ပါ။ ဒီဘ႑ာႏွစ္မွာ သန္းေပါင္း (၁,၀၀၀) ခ်ထား ေပးတာ။ လက္ရိွ တံတားေအာက္ဘက္ ေပ(၃၀)ေလာက္အကြာမွာပဲ တည္ေဆာက္မယ္။ အခုလက္ရိွတံတားက (၁၅)တန္ပဲ ခြင့္ျပဳေတာ့ ကားက(၁၀)တန္ေလာက္ရိွေတာ့ ကုန္က(၅)တန္ေလာက္ပဲ သယ္လုိ႔ရတဲ့ အတြက္ သယ္ေဆာင္ စရိတ္တက္ေတာ့ ကုန္စည္ ေစ်းႏႈန္းႀကီးတဲ့ဒဏ္ကို ေဒသခံေတြ ခံစား ေနရတာေပါ့”ဟု မိုင္းတံုမဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၈ခုႏွစ္ စက္တင္ဘာလ(၃၀)ရက္ေန႔တြင္ ေျပာသည္။

လက္ရိွတြင္ တံတားတည္ေဆာက္ေရးအတြက္ လိုအပ္သည့္ ျပင္ဆင္မႈမ်ား ေဆာင္ရြက္ေနၿပီး တံတား တည္ေဆာက္ကာလမွာ အတိအက် မသိရေသးေၾကာင္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ထံမွ သိရသည္။

ရွမ္းျပည္နယ္ အေရွ႕ပိုင္းႏွင့္ ေတာင္ပိုင္းကို ဆက္သြယ္ထားသည့္ လင္းေခး - မိုင္းပန္ - မိုင္းတုံ - မိုင္းဆတ္ ကားလမ္းေပၚရိွ တာဆန္းႀကိဳးတံတား၏ တံတားဆိုင္းႀကိဳးခံုကို ထိန္းထားသည့္ ေက်ာက္စီနံရံမွာ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ (၁၁)ရက္ေန႔က မိုးေရတုိက္စားမႈေၾကာင့္ ၿပိဳက်ခဲ့ရာ အင္ဂ်င္နီယာမ်ားက တံတား သံမဏိဆုိင္းႀကိဳးမ်ား ေလ်ာ့က်ျခင္းရိွ၊ မရိွ စစ္ေဆးၿပီးေနာက္ တံတားႀကံ႕ခုိင္မႈ အေျခအေနအရ ေအာက္တိုဘာလ (၁၄)ရက္ေန႔ ညေနမွစ၍ (၁၅)တန္ အထိသာ ျဖတ္သန္းခြင့္ျပဳထားခဲ့ျခင္းျဖစ္သည္။

သံလြင္ျမစ္ကူးတံတား တာဆန္းႀကဳိးတံတားကုို ၁၉၉၁ ခုႏွစ္က တည္ေဆာက္ခ့ဲျခင္းျဖစ္ၿပီး အလ်ား (၉၀၀) ေပ၊ အနံ (၂၉) ေပ ရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Aung Kyaw Oo


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်နှင့် ရှမ်းပြည်(တောင်ပိုင်း) မိုင်းပန်မြို့နယ်ကို ဆက်သွယ်ထားသည့် သံလွင်မြစ်ကူး တာဆန်းကြိုးတံတား၏ မြေထိန်း နံရံပြိုကျမှုကြောင့် ကုန်နှင့်ယာဉ် (၁၅)တန် အထိသာ ဖြတ်သန်းခွင့်ပြုထားသည့် တစ်နှစ်နီးပါးအကြာ၌ သံလွင်မြစ်ကူးတံတားသစ် စီမံကိန်းကို စတင်တော့မည် ဖြစ်ကြောင်း သိရသည်။

“သူကအားလုံး လျာထားတာကတော့ သန်းပေါင်း (၅,၄၀၀)ပါ။ ဒီဘဏ္ဍာနှစ်မှာ သန်းပေါင်း (၁,ဝဝဝ) ချထား ပေးတာ။ လက်ရှိ တံတားအောက်ဘက် ပေ(၃၀)လောက်အကွာမှာပဲ တည်ဆောက်မယ်။ အခုလက်ရှိတံတားက (၁၅)တန်ပဲ ခွင့်ပြုတော့ ကားက(၁၀)တန်လောက်ရှိတော့ ကုန်က(၅)တန်လောက်ပဲ သယ်လို့ရတဲ့ အတွက် သယ်ဆောင် စရိတ်တက်တော့ ကုန်စည် ဈေးနှုန်းကြီးတဲ့ဒဏ်ကို ဒေသခံတွေ ခံစား နေရတာပေါ့”ဟု မိုင်းတုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၈ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့တွင် ပြောသည်။

လက်ရှိတွင် တံတားတည်ဆောက်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်နပြေီး တံတား တည်ဆောက်ကာလမှာ အတိအကျ မသိရသေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းကို ဆက်သွယ်ထားသည့် လင်းခေး - မိုင်းပန် - မိုင်းတုံ - မိုင်းဆတ် ကားလမ်းပေါ်ရှိ တာဆန်းကြိုးတံတား၏ တံတားဆိုင်းကြိုးခုံကို ထိန်းထားသည့် ကျောက်စီနံရံမှာ ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၁၁)ရက်နေ့က မိုးရေတိုက်စားမှုကြောင့် ပြိုကျခဲ့ရာ အင်ဂျင်နီယာများက တံတား သံမဏိဆိုင်းကြိုးများ လျော့ကျခြင်းရှိ၊ မရှိ စစ်ဆေးပြီးနောက် တံတားကြံ့ခိုင်မှု အခြေအနေအရ အောက်တိုဘာလ (၁၄)ရက်နေ့ ညနေမှစ၍ (၁၅)တန် အထိသာ ဖြတ်သန်းခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။

သံလွင်မြစ်ကူးတံတား တာဆန်းကြိုးတံတားကို ၁၉၉၁ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အလျား (၉၀၀) ပေ၊ အနံ (၂၉) ပေ ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Aung Kyaw Oo

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~