တာေလၿမိဳ႕တြင္ အမ်ိဳးသမီးႀကီးတစ္ဦးကို ေတာင္ယာတဲ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားမႈ၊ အဓမၼျပဳက်င့္မႈျဖင့္ ညီအစ္ကိုႏွစ္ဦးကို အမႈဖြင့္ တုိင္ၾကား

တာေလၿမိဳ႕တြင္ အမ်ိဳးသမီးႀကီးတစ္ဦးကို ေတာင္ယာတဲ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားမႈ၊ အဓမၼျပဳက်င့္မႈျဖင့္ ညီအစ္ကိုႏွစ္ဦးကို အမႈဖြင့္ တုိင္ၾကား
စက်တင်ဘာ 23, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ တာေလၿမိဳ႕၊ နားေယာင္းေက်းရြာအုပ္စု၊ မုိက္ဟိုဆန္ခါေက်းရြာ ေတာင္ယာတဲတြင္ အသက္(၄၂)ႏွစ္အရြယ္ အမ်ိဳးသမီးကို ညီအစ္ကို(၂)ဦးက ဖမ္းဆီး အဓမၼျပဳက်င့္မႈ၊ ဖမ္းဆီးရန္ကူညီမႈတုိ႔ျဖင့္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၂၃)ရက္ေန႔တြင္ အမႈဖြင့္တုိင္ၾကားထားေၾကာင္း သိရသည္။

အသက္(၃၅)ႏွစ္အရြယ္ လီယာႏွင့္ (၂၃)ႏွစ္အရြယ္ အားတုတုိ႔ကို တာေလနယ္ေျမရဲစခန္းတြင္ (ပ)၉/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၅၄/၃၇၆/၁၁၄ ျဖင့္ အမႈဖြင့္လွစ္ စစ္ေဆးေနေၾကာင္း သိရသည္။

မိုက္ဟိုဆန္ခါေက်းရြာမွ အမ်ိဳးသမီးသည္ စက္တင္ဘာလ(၂၁)ရက္ေန႔ ေန႔လယ္(၁)နာရီဝန္းက်င္က ေတာထဲတြင္ မိႆလင္ ရွာေဖြရန္ သြားေရာက္ၿပီး ညေန (၄)နာရီဝန္းက်င္တြင္ ရြာထဲသို႔ျပန္လာစဥ္ အားတု၏ ေတာင္ယာတဲေရွ႕အေရာက္ အားတုက ေတာင္ယာတဲတြင္ ဝက္ကူေမာင္းထုတ္ေပးရန္ႏွင့္ ငရုတ္သီးမ်ား ခူးသြားရန္ေျပာသျဖင့္ ကူညီေပးၿပီး ငရုတ္သီးခူးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ငရုတ္သီး ဝင္ခူးေနသည့္ အဆိုပါ အမ်ိဳးသမီးအား အားတုက ေနာက္မွေန၍ ဓါးျဖင့္ၿခိမ္းေျခာက္ကာ ႀကိဳးတုပ္ဖမ္းဆီးၿပီးေနာက္ ၎၏ အစ္ကိုျဖစ္သူထံ ဖုန္းဆက္လွမ္းေခၚရာ ညေန (၆)နာရီေက်ာ္တြင္ လီယာဆိုသူ ေရာက္လာၿပီး ၎အား အဓမၼျပဳက်င့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးအား မည္သူ႔ကိုမွ ျပန္မေျပာရန္ေျပာဆိုၿပီး လီယာႏွင့္အားတုတို႔က ေတာင္ယာတဲတြင္ အမ်ိဳးသမီးကို ထားခဲ့ၿပီးေနာက္ အမ်ဳိးသမီးမွာ ေနအိမ္သို႔ျပန္လာရာ ည(၇)နာရီေက်ာ္၌ ေနအိမ္သို႔ ေရာက္ရွိၿပီး ခင္ပြန္းျဖစ္သူကို ေျပာျပခဲ့ေၾကာင္း သိရသည္။

၎အား အဓမၼျပဳက်င့္သူႏွင့္ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားသူ ညီအစ္ကို(၂)ဦးကို အေရးယူေပးရန္ တာေလနယ္ေျမ ရဲစခန္းသို႔ စက္တင္ဘာလ (၂၃)ရက္ေန႔တြင္ အမႈဖြင့္တုိင္ၾကားျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာေလေထြအုပ္


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလမြေို့၊ နားယောင်းကျေးရွာအုပ်စု၊ မိုက်ဟိုဆန်ခါကျေးရွာ တောင်ယာတဲတွင် အသက်(၄၂)နှစ်အရွယ် အမျိုးသမီးကို ညီအစ်ကို(၂)ဦးက ဖမ်းဆီး အဓမ္မပြုကျင့်မှု၊ ဖမ်းဆီးရန်ကူညီမှုတို့ဖြင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့တွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

အသက်(၃၅)နှစ်အရွယ် လီယာနှင့် (၂၃)နှစ်အရွယ် အားတုတို့ကို တာလေနယ်မြေရဲစခန်းတွင် (ပ)၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၅၄/၃၇၆/၁၁၄ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးနေကြောင်း သိရသည်။

မိုက်ဟိုဆန်ခါကျေးရွာမှ အမျိုးသမီးသည် စက်တင်ဘာလ(၂၁)ရက်နေ့ နေ့လယ်(၁)နာရီဝန်းကျင်က တောထဲတွင် မိဿလင် ရှာဖွေရန် သွားရောက်ပြီး ညနေ (၄)နာရီဝန်းကျင်တွင် ရွာထဲသို့ပြန်လာစဉ် အားတု၏ တောင်ယာတဲရှေ့အရောက် အားတုက တောင်ယာတဲတွင် ဝက်ကူမောင်းထုတ်ပေးရန်နှင့် ငရုတ်သီးများ ခူးသွားရန်ပြောသဖြင့် ကူညီပေးပြီး ငရုတ်သီးခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငရုတ်သီး ဝင်ခူးနေသည့် အဆိုပါ အမျိုးသမီးအား အားတုက နောက်မှနေ၍ ဓားဖြင့်ခြိမ်းခြောက်ကာ ကြိုးတုပ်ဖမ်းဆီးပြီးနောက်၎င်း၏ အစ်ကိုဖြစ်သူထံ ဖုန်းဆက်လှမ်းခေါ်ရာ ညနေ (၆)နာရီကျော်တွင် လီယာဆိုသူ ရောက်လာပြီး၎င်းအား အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးအား မည်သူ့ကိုမှ ပြန်မပြောရန်ပြောဆိုပြီး လီယာနှင့်အားတုတို့က တောင်ယာတဲတွင် အမျိုးသမီးကို ထားခဲ့ပြီးနောက် အမျိုးသမီးမှာ နေအိမ်သို့ပြန်လာရာ ည(၇)နာရီကျော်၌ နေအိမ်သို့ ရောက်ရှိပြီး ခင်ပွန်းဖြစ်သူကို ပြောပြခဲ့ကြောင်း သိရသည်။

၎င်းအား အဓမ္မပြုကျင့်သူနှင့် ဖမ်းဆီးချုပ်နှောင်ထားသူ ညီအစ်ကို(၂)ဦးကို အရေးယူပေးရန် တာလေနယ်မြေ ရဲစခန်းသို့ စက်တင်ဘာလ (၂၃)ရက်နေ့တွင် အမှုဖွင့်တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာလေထွေအုပ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~