က်ဳိင္းတံုစည္ပင္ ဝက္သားသတ္လုိင္စင္ က်ပ္သိန္းေထာင္ခ်ီကြာဟမႈေၾကာင့္ ေကာင္ေရစာရင္း ကြင္းဆင္းစစ္ေဆး ေကာက္ခံေန

က်ဳိင္းတံုစည္ပင္ ဝက္သားသတ္လုိင္စင္ က်ပ္သိန္းေထာင္ခ်ီကြာဟမႈေၾကာင့္ ေကာင္ေရစာရင္း ကြင္းဆင္းစစ္ေဆး ေကာက္ခံေန
စက်တင်ဘာ 1, 2018
By Tachileik News Agency
က်ဳိင္းတံုၿမိဳ႕နယ္ ဝက္သားသတ္လုိင္စင္မွ အခြန္ေငြရရိွမႈမွာ ေငြက်ပ္သိန္းေထာင္ႏွင့္ခ်ီ၍ ကြာဟမႈ ရိွေနေၾကာင္း က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီက ၂၀၁၇ ခုႏွစ္ ေမလ (၂၈)ရက္ေန႔တြင္ သမၼတထံ လိပ္မူတင္ျပထားသည့္ ကိစၥကို ခံုရံုးဖြဲ႔စစ္ေဆးၿပီးေနာက္ ျပည္နယ္အစိုးရ၏ ညႊန္ၾကားခ်က္အတုိင္း အေကာင္ေရကို ကြင္းဆင္းစစ္ေဆးကာ အခြန္ေကာက္ခံျခင္းကို ေဆာင္ရြက္ေနၿပီ ျဖစ္ေၾကာင္း စည္ပင္သာယာေရးဌာနမွ သိရသည္။

“လာစစ္ေဆးတဲ့ အဖြဲ႕က ေတြ႔ရိွခ်က္နဲ႔ အႀကံျပဳခ်က္ေတြ တင္လုိက္တဲ့အေပၚမွာ ျပည္နယ္အစိုးရက အေရးယူတာကိုး။ အဲဒီလို အေရးယူတဲ့ အခါမွာ အရင္ကြာဟတဲ့ ေငြနဲ႔ပတ္သက္လုိ႔ ျပန္သြင္းဖို႔ဆိုတာ မပါဘူး။ မပါဘဲနဲ႔ အဲဒီအမွန္တကယ္သတ္ျဖတ္ေနတဲ့ အေကာင္ေရကို ေဖၚထုတ္တင္ျပေဆာင္ရြက္ရန္ဆိုလို႔ အဲဒီအတုိင္း ေဆာင္ရြက္ၿပီးျဖစ္ပါတယ္။ အရင္ ေငြသိန္းေထာင္ခ်ီကြာဟတယ္ ဆိုတာကို ျပန္သြင္းဖို႔ဆိုတာ မပါဘူးခင္ဗ်။ ညႊန္ၾကားခ်က္ မပါတဲ့အတြက္ အဲဒီဟာကို ေဆာင္ရြက္ထားျခင္း မရိွပါဘူး။ လက္ရိွေျမျပင္မွာ သတ္တဲ့ေကာင္ေရကို အနီးစပ္ဆံုးျဖစ္ေအာင္ စိစစ္ၿပီး ေငြစာရင္းမွာ ဝင္ေအာင္ လက္ရိွမွာ ကၽြန္ေတာ္တုိ႔ ေဆာင္ရြက္ေနပါတယ္”ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးမ်ိဳးျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စည္ပင္ေကာ္မတီ၏ တင္ျပခ်က္အရ ဝက္သားသတ္လုိင္စင္မွ ေငြက်ပ္သိန္းေထာင္ခ်ီ ကြာဟေနသည့္ ကိစၥအား ခံုရံုးဖြဲ႕စစ္ေဆးရန္ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ(၂၂)ရက္ေန႔တြင္ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္က ညႊန္ၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ က်ဳိင္းတုံမွာက ဘတ္ဂ်တ္က အရမ္းနည္းတဲ့ အခ်ိန္မွာ အဲဒီပိုက္ဆံကြာဟေနတဲ့ ကိစၥကို ျပန္ယူမယ္ဆိုရင္ လမ္းတစ္လမ္းေတာ့ ရႏိုင္မယ္ေပါ့ေနာ္။ အဲဒီေတာ့ သမၼတဦးထင္ေက်ာ္လက္ထက္မွာ ကၽြန္ေတာ္တို႔ စာတင္ခဲ့ပါတယ္။ ဒီေတာ့ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ကေန ခုံရုံးဖြဲ႕ၿပီးစစ္ေဆးဖို႔  ခရိုင္မင္းႀကီးကို ညႊန္ၾကားခဲ့ပါတယ္။ စစ္ေဆးတဲ့အခါမွာ တစ္ကယ္လည္း ကြာဟေနတဲ့အတြက္ ၀န္ထမ္းကို အေရးယူတယ္လို႔ေတာ့ ၾကားတယ္”ဟု က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီဝင္ ဦးစိုင္းလံုခမ္းက ဆုိသည္။

စည္ပင္ဘတ္ဂ်က္ နည္းေနသျဖင့္ ဝက္သားသတ္ လိုင္စင္လုပ္ငန္းမွ ကြာဟေနသည့္ ေငြပမာဏကို စည္ပင္ဘတ္ဂ်က္တြင္ ျပန္လည္ ထည့္သြင္းႏို္င္ေရး အတြက္ ေရြးေကာက္တင္ေျမႇာက္ခံရသည့္ အဖြဲ႕ဝင္(၄)ဦး ပါသည့္ စည္ပင္သာယာေရးေကာ္မတီက တင္ျပခဲ့ျခင္းျဖစ္ေသာ္လည္း ကြာဟေနသည့္ ေငြပမာဏကို စည္ပင္ဘတ္ဂ်က္တြင္ ျပည္လည္ထည့္သြင္းရန္ ညႊန္ၾကားထားျခင္းမရိွေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ေငြေၾကးကြာဟမႈမွာ ယခင္က သားသတ္လုပ္ငန္းမ်ားက အမွန္တကယ္ထုတ္လုပ္သည့္ ေကာင္ေရ စာရင္းအတိုင္း ကြင္းဆင္း စိစစ္ေကာက္ခံခဲ့ျခင္း မဟုတ္ဘဲ အဆုိပါလုပ္ငန္းမ်ားက ထုတ္လုပ္မည္ဟု တင္ျပသည့္ အေကာင္ေရစာရင္းအတုိင္းသာ အခြန္ေကာက္ခံခဲ့ျခင္းေၾကာင့္ျဖစ္ေၾကာင္း သိရသည္။

“အဲဒီမွာ ကြာဟတယ္ဆိုတာ အရင္ကေတာ့ လိုင္စင္စီ သားသတ္လုပ္ငန္းရွင္ေတြကို  သူတုိ႔သတ္တဲ့ အေကာင္ေရ စာရင္း ေတာင္းတယ္။ အဲဒီအတုိင္းကို ကၽြန္ေတာ္တုိ႔က ျပည္နယ္အထိ တင္ျပအတည္ျပဳခ်က္ ယူတယ္။ အဲဒီအတုိင္းကို ကၽြန္ေတာ္တုိ႔ကို ေငြစာရင္းမွာဝင္ေအာင္ ေဆာင္ရြက္တယ္။ သူတုိ႔ အျပင္မွာ ခိုးသတ္ေနတာတို႔၊ ပိုသတ္ေနတာတုိ႔ ရိွတာေပါ့။ အဲဒီဟာေတြက ကၽြန္ေတာ္တုိ႔ဆီကို မဝင္ဘူး။ ကၽြန္ေတာ္တုိ႔ကလည္း ဝန္ထမ္း အင္အားအရ အဲဒီေလာက္အထိ လုိက္မစစ္ႏုိင္ဘူး။ စာရင္းအရ အေကာင္ေရအလုိက္ ေငြစာရင္းမွာ ဝင္ေအာင္ကို ႀကိဳးစားေဆာင္ရြက္ရတာပါ”ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးမ်ိဳးျမင့္ေအာင္က ယခင္က လုိင္စင္စီမ်ားထံမွ အခြန္ေကာက္ခံသည့္ အေျခအေနကို ရွင္းျပသည္။

အဆိုပါ ေငြေၾကး ကြာဟမႈေၾကာင့္ ဝက္သားသတ္လုပ္ငန္း လုိင္စင္တာဝန္ယူရသည့္ ဝန္ထမ္းကို အျခားရာထူး တာဝန္သို႔ ေျပာင္းေရႊ႕ျခင္း အျပင္ ျပည္နယ္သို႔တြဲ၍ တာဝန္ထမ္းေဆာင္ေစျခင္းျဖင့္ အေရးယူ ထားေၾကာင္း သိရသည္။

ယခင္က ဝက္သားသတ္လုပ္ငန္းက တစ္ရက္လွ်င္ ဝက္(၃၂)ေကာင္ႏႈန္းသာ စာရင္းဝင္ေသာ္လည္း စံုစမ္းစစ္ေဆးၿပီးေနာက္ပို္င္းတြင္ တစ္ရက္လွ်င္ ဝက္(၄၆)ေကာင္အထိ စာရင္းဝင္လာေၾကာင္း စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ကျိုင်းတုံမြို့နယ် ဝက်သားသတ်လိုင်စင်မှ အခွန်ငွေရရှိမှုမှာ ငွေကျပ်သိန်းထောင်နှင့်ချီ၍ ကွာဟမှု ရှိနေကြောင်း ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီက ၂၀၁၇ ခုနှစ် မေလ (၂၈)ရက်နေ့တွင် သမ္မတထံ လိပ်မူတင်ပြထားသည့် ကိစ္စကို ခုံရုံးဖွဲ့စစ်ဆေးပြီးနောက် ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အတိုင်း အကောင်ရေကို ကွင်းဆင်းစစ်ဆေးကာ အခွန်ကောက်ခံခြင်းကို ဆောင်ရွက်နပြေီ ဖြစ်ကြောင်း စည်ပင်သာယာရေးဌာနမှ သိရသည်။

“လာစစ်ဆေးတဲ့ အဖွဲ့က တွေ့ရှိချက်နဲ့ အကြံပြုချက်တွေ တင်လိုက်တဲ့အပေါ်မှာ ပြည်နယ်အစိုးရက အရေးယူတာကိုး။ အဲဒီလို အရေးယူတဲ့ အခါမှာ အရင်ကွာဟတဲ့ ငွေနဲ့ပတ်သက်လို့ ပြန်သွင်းဖို့ဆိုတာ မပါဘူး။ မပါဘဲနဲ့ အဲဒီအမှန်တကယ်သတ်ဖြတ်နေတဲ့ အကောင်ရေကို ဖော်ထုတ်တင်ပြဆောင်ရွက်ရန်ဆိုလို့ အဲဒီအတိုင်း ဆောင်ရွက်ပြီးဖြစ်ပါတယ်။ အရင် ငွေသိန်းထောင်ချီကွာဟတယ် ဆိုတာကို ပြန်သွင်းဖို့ဆိုတာ မပါဘူးခင်ဗျ။ ညွှန်ကြားချက် မပါတဲ့အတွက် အဲဒီဟာကို ဆောင်ရွက်ထားခြင်း မရှိပါဘူး။ လက်ရှိမြပြေင်မှာ သတ်တဲ့ကောင်ရေကို အနီးစပ်ဆုံးဖြစ်အောင် စိစစ်ပြီး ငွေစာရင်းမှာ ဝင်အောင် လက်ရှိမှာ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စည်ပင်ကော်မတီ၏ တင်ပြချက်အရ ဝက်သားသတ်လိုင်စင်မှ ငွေကျပ်သိန်းထောင်ချီ ကွာဟနေသည့် ကိစ္စအား ခုံရုံးဖွဲ့စစ်ဆေးရန် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ(၂၂)ရက်နေ့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကျိုင်းတုံမှာက ဘတ်ဂျတ်က အရမ်းနည်းတဲ့ အချိန်မှာ အဲဒီပိုက်ဆံကွာဟနေတဲ့ ကိစ္စကို ပြန်ယူမယ်ဆိုရင် လမ်းတစ်လမ်းတော့ ရနိုင်မယ်ပေါ့နော်။ အဲဒီတော့ သမ္မတဦးထင်ကျော်လက်ထက်မှာ ကျွန်တော်တို့ စာတင်ခဲ့ပါတယ်။ ဒီတော့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကနေ ခုံရုံးဖွဲ့ပြီးစစ်ဆေးဖို့ ခရိုင်မင်းကြီးကို ညွှန်ကြားခဲ့ပါတယ်။ စစ်ဆေးတဲ့အခါမှာ တစ်ကယ်လည်း ကွာဟနေတဲ့အတွက် ဝန်ထမ်းကို အရေးယူတယ်လို့တော့ ကြားတယ်”ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးစိုင်းလုံခမ်းက ဆိုသည်။

စည်ပင်ဘတ်ဂျက် နည်းနေသဖြင့် ဝက်သားသတ် လိုင်စင်လုပ်ငန်းမှ ကွာဟနေသည့် ငွေပမာဏကို စည်ပင်ဘတ်ဂျက်တွင် ပြန်လည် ထည့်သွင်းနို်င်ရေး အတွက် ရွေးကောက်တင်မြှောက်ခံရသည့် အဖွဲ့ဝင်(၄)ဦး ပါသည့် စည်ပင်သာယာရေးကော်မတီက တင်ပြခဲ့ခြင်းဖြစ်သော်လည်း ကွာဟနေသည့် ငွေပမာဏကို စည်ပင်ဘတ်ဂျက်တွင် ပြည်လည်ထည့်သွင်းရန် ညွှန်ကြားထားခြင်းမရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ငွေကြေးကွာဟမှုမှာ ယခင်က သားသတ်လုပ်ငန်းများက အမှန်တကယ်ထုတ်လုပ်သည့် ကောင်ရေ စာရင်းအတိုင်း ကွင်းဆင်း စိစစ်ကောက်ခံခဲ့ခြင်း မဟုတ်ဘဲ အဆိုပါလုပ်ငန်းများက ထုတ်လုပ်မည်ဟု တင်ပြသည့် အကောင်ရေစာရင်းအတိုင်းသာ အခွန်ကောက်ခံခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“အဲဒီမှာ ကွာဟတယ်ဆိုတာ အရင်ကတော့ လိုင်စင်စီ သားသတ်လုပ်ငန်းရှင်တွေကို သူတို့သတ်တဲ့ အကောင်ရေ စာရင်း တောင်းတယ်။ အဲဒီအတိုင်းကို ကျွန်တော်တို့က ပြည်နယ်အထိ တင်ပြအတည်ပြုချက် ယူတယ်။ အဲဒီအတိုင်းကို ကျွန်တော်တို့ကို ငွေစာရင်းမှာဝင်အောင် ဆောင်ရွက်တယ်။ သူတို့ အပြင်မှာ ခိုးသတ်နေတာတို့၊ ပိုသတ်နေတာတို့ ရှိတာပေါ့။ အဲဒီဟာတွေက ကျွန်တော်တို့ဆီကို မဝင်ဘူး။ ကျွန်တော်တို့ကလည်း ဝန်ထမ်း အင်အားအရ အဲဒီလောက်အထိ လိုက်မစစ်နိုင်ဘူး။ စာရင်းအရ အကောင်ရေအလိုက် ငွေစာရင်းမှာ ဝင်အောင်ကို ကြိုးစားဆောင်ရွက်ရတာပါ”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က ယခင်က လိုင်စင်စီများထံမှ အခွန်ကောက်ခံသည့် အခြေအနေကို ရှင်းပြသည်။

အဆိုပါ ငွေကြေး ကွာဟမှုကြောင့် ဝက်သားသတ်လုပ်ငန်း လိုင်စင်တာဝန်ယူရသည့် ဝန်ထမ်းကို အခြားရာထူး တာဝန်သို့ ပြောင်းရွှေ့ခြင်း အပြင် ပြည်နယ်သို့တွဲ၍ တာဝန်ထမ်းဆောင်စခြေင်းဖြင့် အရေးယူ ထားကြောင်း သိရသည်။

ယခင်က ဝက်သားသတ်လုပ်ငန်းက တစ်ရက်လျှင် ဝက်(၃၂)ကောင်နှုန်းသာ စာရင်းဝင်သော်လည်း စုံစမ်းစစ်ဆေးပြီးနောက်ပို်င်းတွင် တစ်ရက်လျှင် ဝက်(၄၆)ကောင်အထိ စာရင်းဝင်လာကြောင်း စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~