ဒူးယားၿမိဳ႕တြင္ ေဆးထိုးမွား၍ အမႈဖြင့္ခံထားရသည့္ ဆရာဝန္ တိမ္းေရွာင္ေန

ဒူးယားၿမိဳ႕တြင္ ေဆးထိုးမွား၍ အမႈဖြင့္ခံထားရသည့္ ဆရာဝန္ တိမ္းေရွာင္ေန
စက်တင်ဘာ 19, 2018
By Tachileik News Agency

ဧရာဝတီတုိင္းေဒသႀကီး ဟသၤာတၿမိဳ႕နယ္၊ ဒူးယားတုိက္နယ္ေဆးရံုသို႔ ေဆးထိုးမွား၍ ေသဆံုးသူတစ္ဦး ပို႔လာသျဖင့္ တုိက္နယ္ေဆးရံု ဆရာဝန္က ဒူးယားနယ္ေျမရဲစခန္းသို႔ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၈)ရက္ေန႔တြင္ အေၾကာင္းၾကားသျဖင့္ ေဆးထိုးေပးသည့္ ဆရာဝန္ကို အမႈဖြင့္ထားေၾကာင္း သိရသည္။

ဒူးယားၿမိဳ႕မွ အသက္(၄၁)ႏွစ္အရြယ္ ဦးသိန္းေဆြသည္ စက္တင္ဘာလ(၁၆)ရက္ေန႔ နံနက္(၉)နာရီခြဲခန္႔တြင္ ရင္ဘတ္ေအာင့္သျဖင့္ ေဒါက္တာ ေကာင္းထက္၏ ေဆးခန္းသြားျပရာ ဆရာဝန္က အေၾကာေဆး (၁)လံုးထိုးေပးၿပီး ပင္နယ္စလင္ ထပ္မံထိုးေပးခဲ့ရာ မိနစ္(၂၀)ခန္႔အၾကာတြင္ ဦးသိန္းေဆြမွာ သတိလစ္ ေမ့ေမ်ာသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဦးသိန္းေဆြအား ဒူးယားတုိက္နယ္ေဆးရံုသို႔ ပို႔ေဆာင္စဥ္ လမ္း၌ေသဆံုးသြားခဲ့သျဖင့္ ေန႔လယ္ (၁၁)နာရီအခ်ိန္တြင္ တုိက္နယ္ဆရာဝန္က အေလာင္းအား စစ္ေဆးရာ ေဆးထိုးမွား၍ ေသဆံုးျခင္းျဖစ္ေၾကာင္း စစ္ေဆး ေတြ႔ရိွရသျဖင့္ ဟသၤာတခရိုင္ျပည္သူ႔ေဆးရံုအုပ္ႀကီးသို႔ ဆက္လက္တင္ျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေသဆုံုးမႈႏွင့္ ပတ္သက္၍ ေဒါက္တာ ေကာင္းထက္အား ဒူးယားနယ္ေျမရဲစခန္းတြင္ (ပ) ၁၅၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄ -က(ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ)ျဖင့္ အမႈဖြင့္ထားၿပီး ေဒါက္တာေကာင္းထက္မွာ တိမ္းေရွာင္ေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၊ ဒူးယားတိုက်နယ်ဆေးရုံသို့ ဆေးထိုးမှား၍ သေဆုံးသူတစ်ဦး ပို့လာသဖြင့် တိုက်နယ်ဆေးရုံ ဆရာဝန်က ဒူးယားနယ်မြေရဲစခန်းသို့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့တွင် အကြောင်းကြားသဖြင့် ဆေးထိုးပေးသည့် ဆရာဝန်ကို အမှုဖွင့်ထားကြောင်း သိရသည်။

ဒူးယားမြို့မှ အသက်(၄၁)နှစ်အရွယ် ဦးသိန်းဆွေသည် စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်(၉)နာရီခွဲခန့်တွင် ရင်ဘတ်အောင့်သဖြင့် ဒေါက်တာ ကောင်းထက်၏ ဆေးခန်းသွားပြရာ ဆရာဝန်က အကြောဆေး (၁)လုံးထိုးပေးပြီး ပင်နယ်စလင် ထပ်မံထိုးပေးခဲ့ရာ မိနစ်(၂၀)ခန့်အကြာတွင် ဦးသိန်းဆွေမှာ သတိလစ် မေ့မျောသွားခြင်းဖြစ်ကြောင်း သိရသည်။

ဦးသိန်းဆွေအား ဒူးယားတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားခဲ့သဖြင့် နေ့လယ် (၁၁)နာရီအချိန်တွင် တိုက်နယ်ဆရာဝန်က အလောင်းအား စစ်ဆေးရာ ဆေးထိုးမှား၍ သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးသို့ ဆက်လက်တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ဒေါက်တာ ကောင်းထက်အား ဒူးယားနယ်မြေရဲစခန်းတွင် (ပ) ၁၅၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ -က(ပေါ့လျော့မှုကြောင့် လူသေမှု)ဖြင့် အမှုဖွင့်ထားပြီး ဒေါက်တာကောင်းထက်မှာ တိမ်းရှောင်နေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~