တာခ်ီလိတ္ၿမိဳ႕တြင္ စက္ဘီးစီးလာသည့္ ေက်ာင္းသားကို ယာဥ္တိုက္မိၿပီး နားရြက္ျပတ္ထြက္သြားကာ ဒဏ္ရာျပင္းထန္သျဖင့္ ခ်င္းရိုင္းေဆးရံုသို႔ ပို႔ထားရ

တာခ်ီလိတ္ၿမိဳ႕တြင္ စက္ဘီးစီးလာသည့္ ေက်ာင္းသားကို ယာဥ္တိုက္မိၿပီး နားရြက္ျပတ္ထြက္သြားကာ ဒဏ္ရာျပင္းထန္သျဖင့္ ခ်င္းရိုင္းေဆးရံုသို႔ ပို႔ထားရ
စက်တင်ဘာ 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ စက္ဘီးစီးလာသည့္ နဝမတန္းေက်ာင္းသားတစ္ဦးကို ကားမွ ခ်ိတ္ဆြဲမိသျဖင့္ ဒဏ္ရာ ျပင္းထန္စြာရသြားၿပီး ထုိင္းႏုိင္ငံ မယ္ဆုိင္ေဆးရံုမွ တစ္ဆင့္ ခ်င္းရိုင္းေဆးရံုသို႔ ပို႔ေဆာင္ကုသေနရကာ တုိက္မိယာဥ္မွာ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သိရသည္။

အေျခခံပညာအထက္တန္းေက်ာင္း(ေဟာင္လိတ္)မွ နဝမတန္းေက်ာင္းသား ေမာင္ေအာင္ဆန္းသည္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၅)ရက္ေန႔ ေန႔လယ္ (၁၂)နာရီေက်ာ္တြင္ ေနာင္ခမ္းေအာင္ဆုပန္ ပရဟိတ ဘုန္းေတာ္ႀကီးေက်ာင္းမွ ေန႔လယ္ထမင္းစားၿပီး ေက်ာင္းသို႔ စက္ဘီးျဖင့္ ျပန္လာစဥ္ အာခါေစ်း အေနာက္ဘက္၊ ရန္ေအာင္ေျမရပ္ကြက္၊ ပါလ်ံရိွ ေျမနီကြင္းသို႔ အေရာက္၌ ကားတစ္စီးက ခ်ိတ္ဆြဲမိခဲ့ကာ ေမာင္းႏွင္ထြက္ေျပးသြားေၾကာင္း သိရသည္။

ယာဥ္တုိက္မႈေၾကာင့္ ေမာင္ေအာင္ဆန္းမွာ ညာလက္တစ္ဖက္က်ိဳး၊ ညာနားရြက္ တစ္ဖက္ျပတ္ထြက္သြားကာ ပြန္းပဲ့ဒဏ္ရာမ်ား ျပင္းထန္စြ ာရသြားေသာ္လည္း အသက္အႏၱရာယ္ မစိုးရိမ္ရေၾကာင္း သိရသည္။

လက္ရိွတြင္ အဆိုပါ ကေလးအား မယ္ဆုိင္ေဆးရံုအထိ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ကူညီ ပို႔ေဆာင္ေပးထားၿပီး ယင္းမွတစ္ဆင့္ ခ်င္းရိုင္းေဆးရံုသို႔ လႊဲေျပာင္းကုသေပးေနရာ ေနာင္ခမ္းေအာင္ဆုပန္ ပရဟိတ ဘုန္းေတာ္ႀကီးေက်ာင္းမွ ဆရာေတာ္မ်ား လုိက္ပါေစာင့္ေရွာက္ေပးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စက်ဘီးစီးလာသည့် နဝမတန်းကျောင်းသားတစ်ဦးကို ကားမှ ချိတ်ဆွဲမိသဖြင့် ဒဏ်ရာ ပြင်းထန်စွာရသွားပြီး ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံမှ တစ်ဆင့် ချင်းရိုင်းဆေးရုံသို့ ပို့ဆောင်ကုသနေရကာ တိုက်မိယာဉ်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)မှ နဝမတန်းကျောင်းသား မောင်အောင်ဆန်းသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့ နေ့လယ် (၁၂)နာရီကျော်တွင် နောင်ခမ်းအောင်ဆုပန် ပရဟိတ ဘုန်းတော်ကြီးကျောင်းမှ နေ့လယ်ထမင်းစားပြီး ကျောင်းသို့ စက်ဘီးဖြင့် ပြန်လာစဉ် အာခါဈေး အနောက်ဘက်၊ ရန်အောင်မြေရပ်ကွက်၊ ပါလျံရှိ မြေနီကွင်းသို့ အရောက်၌ ကားတစ်စီးက ချိတ်ဆွဲမိခဲ့ကာ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် မောင်အောင်ဆန်းမှာ ညာလက်တစ်ဖက်ကျိုး၊ ညာနားရွက် တစ်ဖက်ပြတ်ထွက်သွားကာ ပွန်းပဲ့ဒဏ်ရာများ ပြင်းထန်စွာရသွားသော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ကလေးအား မယ်ဆိုင်ဆေးရုံအထိ တာချီလိတ်နာရေးကူညီမှုအသင်းက ကူညီ ပို့ဆောင်ပေးထားပြီး ယင်းမှတစ်ဆင့် ချင်းရိုင်းဆေးရုံသို့ လွှဲပြောင်းကုသပေးနေရာ နောင်ခမ်းအောင်ဆုပန် ပရဟိတ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်များ လိုက်ပါစောင့်ရှောက်ပေးနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~