တာလေမြို့တွင် ၂၀၁၈ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စိတ်ကြွဆေးပြား (၆၀) ဖမ်းဆီးရမိ

တာလေမြို့တွင် ၂၀၁၈ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စိတ်ကြွဆေးပြား (၆၀) ဖမ်းဆီးရမိ
စက်တင်ဘာ 9, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံးအကြိမ် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အဖြစ် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား (၆၀)ပြား ဖမ်းဆီး ရမိထားကြောင်း သိရသည်။



Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလမြေို့တွင် ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံးအကြိမ် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အဖြစ် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား (၆၀)ပြား ဖမ်းဆီး ရမိထားကြောင်း သိရသည်။

နားယောင်းကျေးရွာအုပ်စု၊ နောင်မွန်းကျေးရွာမှ အိုက်ခမ်းအောင် (ခ) အိုက်ရှူး၏ နေအိမ်ကို မူးယစ်ဆေးဝါး သတင်းအရ ရဲတပ်ဖွဲ့နှင့် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ အိုက်ခမ်းအောင် (ခ) အိုက်ရှူးအား နေအိမ်တွင် တွေ့ရပြီး စပါးအိတ်အောက်တွင် ဝှက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား (၆၀)ပြားကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အိုက်ခမ်းအောင်(ခ) အိုက်ရှူးအား တာလေနယ်မြေရဲစခန်းတွင် မယ(ပ) ၁/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ မူး/စိတ် ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~