တာခ်ီလိတ္ၿမိဳ႕ သုႆန္တြင္ မွီခိုေနသူမ်ား ေနရပ္ျပန္ပို႔ေရး ဒုတိယေန႔ စာရင္းထပ္မံေကာက္ယူေန

တာခ်ီလိတ္ၿမိဳ႕ သုႆန္တြင္ မွီခိုေနသူမ်ား ေနရပ္ျပန္ပို႔ေရး ဒုတိယေန႔ စာရင္းထပ္မံေကာက္ယူေန
သြဂုတ် 17, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ သုႆန္တြင္ မွီခိုင္ေနထုိင္သည့္ အိမ္ေျခမဲ့မ်ားအနက္ ေနရပ္ျပန္လိုသူမ်ား စာရင္းေကာက္ယူျခင္းကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၇)ရက္ေန႔ နံနက္ပိုင္းက ထပ္မံေဆာင္ရြက္ေနေၾကာင္း သိရသည္။

မူးယစ္ေဆးသံုးစြဲသူမ်ားႏွင့္ ေရာင္းဝယ္မႈမ်ားရိွေနေၾကာင္း သတင္းမ်ားထြက္ေပၚေနသျဖင့္ အဆုိပါ သုႆန္အတြင္း တဲထိုး၍ေနထုိင္သည့္ အိမ္ေျခမဲ့မ်ားအား ေနရပ္ျပန္ပို႔ေရးကို ရဲတပ္ဖြဲ႕၊ မူးယစ္တပ္ဖြဲ႕ႏွင့္ အရပ္ဖက္အဖြဲ႕မ်ား ပူးေပါင္းၿပီး စာရင္းေကာက္ယူျခင္းကို ၾသဂုတ္လ(၁၆)ရက္ေန႔ ညေနပိုင္းက စတင္ေဆာင္ရြက္ျခင္းျဖစ္သည္။

“ဒီမနက္ေတာ့ လူေတြသိပ္မေတြ႕ေတာ့ဘူး။ ျပန္မယ့္သူေတြ စာရင္းေကာက္ယူၿပီး ျပန္ပို႔ေပးဖို႔ လုပ္ေနတယ္။ ကားလည္းေျပာထားၿပီးၿပီ။ ညေနေတာ့ စာရင္းထပ္ေကာက္မွာပါ”ဟု ေနရပ္ျပန္လုိသည့္ အိမ္ေျခမဲ့စာရင္းေကာက္ယူခဲ့သည့္ မဇၨ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ေနရပ္ျပန္လိုသူမ်ားအား ေတာင္ႀကီးအထိကားျဖင့္ပို႔ေဆာင္ၿပီးေနာက္ ေနရပ္အသီးသီးသို႔ ျပန္ႏုိင္ေရး လမ္းစရိတ္ေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း သိရၿပီး ၾသဂုတ္လ(၁၆)ရက္ေန႔က ေကာက္ယူရရိွထားသည့္ အိမ္ေျခမဲ့ေနထုိင္သူစာရင္းမွာ အမ်ိဳးသား(၁၂)ဦးႏွင့္ အမ်ိဳးသမီး(၄)ဦး စုစုေပါင္း (၁၆)ဦးရိွၿပီး ၾသဂုတ္လ(၁၇)ရက္ေန႔တြင္လည္း စာရင္းထပ္မံေကာက္ယူမည္ျဖစ္ေၾကာင္း သိရသည္။

အိမ္ေျခမဲ့မ်ားစာရင္းေကာက္ခံျခင္းအား မူးယစ္တပ္ဖြဲ႕၊ ရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕ႏွင့္ မဇၨ်ိမလူမႈကူညီေရးအသင္းတို႔က ပူးေပါင္းေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု -Nay Myo (Mizzima)

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ သုဿန်တွင် မှီခိုနေသူများ နေရပ်ပြန်ပို့ရေး ဒုတိယနေ့ စာရင်းထပ်မံကောက်ယူနေ
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ သုဿန်တွင် မှီခိုင်နေထိုင်သည့် အိမ်ခြေမဲ့များအနက် နေရပ်ပြန်လိုသူများ စာရင်းကောက်ယူခြင်းကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့ နံနက်ပိုင်းက ထပ်မံဆောင်ရွက်နေကြောင်း သိရသည်။

မူးယစ်ဆေးသုံးစွဲသူများနှင့် ရောင်းဝယ်မှုများရှိနေကြောင်း သတင်းများထွက်ပေါ်နေသဖြင့် အဆိုပါ သုဿန်အတွင်း တဲထိုး၍နေထိုင်သည့် အိမ်ခြေမဲ့များအား နေရပ်ပြန်ပို့ရေးကို ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့နှင့် အရပ်ဖက်အဖွဲ့များ ပူးပေါင်းပြီး စာရင်းကောက်ယူခြင်းကို သြဂုတ်လ(၁၆)ရက်နေ့ ညနေပိုင်းက စတင်ဆောင်ရွက်ခြင်းဖြစ်သည်။

“ဒီမနက်တော့ လူတွေသိပ်မတွေ့တော့ဘူး။ ပြန်မယ့်သူတွေ စာရင်းကောက်ယူပြီး ပြန်ပို့ပေးဖို့ လုပ်နေတယ်။ ကားလည်းပြောထားပြီးပြီ။ ညနေတော့ စာရင်းထပ်ကောက်မှာပါ”ဟု နေရပ်ပြန်လိုသည့် အိမ်ခြေမဲ့စာရင်းကောက်ယူခဲ့သည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

နေရပ်ပြန်လိုသူများအား တောင်ကြီးအထိကားဖြင့်ပို့ဆောင်ပြီးနောက် နေရပ်အသီးသီးသို့ ပြန်နိုင်ရေး လမ်းစရိတ်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရပြီး သြဂုတ်လ(၁၆)ရက်နေ့က ကောက်ယူရရှိထားသည့် အိမ်ခြေမဲ့နေထိုင်သူစာရင်းမှာ အမျိုးသား(၁၂)ဦးနှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း (၁၆)ဦးရှိပြီး သြဂုတ်လ(၁၇)ရက်နေ့တွင်လည်း စာရင်းထပ်မံကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

အိမ်ခြေမဲ့များစာရင်းကောက်ခံခြင်းအား မူးယစ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မဇ္ဇျိမလူမှုကူညီရေးအသင်းတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ -Nay Myo (Mizzima)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~