မိုင္းတုံၿမိဳ႕တြင္ နမ့္တုံေခ်ာင္းေရလွ်ံမႈေၾကာင့္ (၅)နာရီဝန္းက်င္ၾကာ ေရႀကီးနစ္ျမဳပ္မႈျဖစ္ပြား

မိုင္းတုံၿမိဳ႕တြင္ နမ့္တုံေခ်ာင္းေရလွ်ံမႈေၾကာင့္ (၅)နာရီဝန္းက်င္ၾကာ ေရႀကီးနစ္ျမဳပ္မႈျဖစ္ပြား
သြဂုတ် 30, 2018
By 🌸
႐ွမ္းျပည္နယ္(အေ႐ွ႕ပိုင္း) မိုင္းတုံၿမိဳ႕၌ မိုးသည္းထန္စြာရြာသြန္းၿပီး နမ့္တုံေခ်ာင္း ေရႀကီးေရလွ်ံမႈေၾကာင့္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္ (၃၀) ရက္ေန႔ နံနက္ (၄) နာရီခဲြခန႔္က ေရႀကီးနစ္ျမဳပ္မႈျဖစ္ပြားၿပီး နံနက္(၉)နာရီခြဲအခ်ိန္တြင္ ေရျပန္က်သြားၿပီျဖစ္ေၾကာင္း သိရသည္။

နံနက္(၄)နာရီခြဲခန္႔က ေခ်ာင္းေရလွ်ံမႈေၾကာင့္ မိုင္းဆတ္-မိုင္းတုံ-မိုင္းပန္ကားလမ္းမေရေက်ာ္ၿပီး ေနာင္ပါရင္ရပ္ကြက္ အနိမ့္ပိုင္းရိွ လူေနအိမ္(၃၃)လုံးႏွင့္ ေတာင္သူ(၂၁၇)ဦး၏ လယ္ေျမ (၃၆၅ .၂၅) ဧက ေရနစ္ျမဳပ္သြားေၾကာင္း သိရသည္။

"ဒီေန႔ မနက္ (၂) နာရီေလာက္ကစၿပီး မိုးကသဲသဲမဲမဲရြာတာ။ မနက္ (၄) နာရီခဲြေလာက္က်ေတာ့ ေရေတြစတက္လာၿပီး မိုင္းဆတ္-မိုင္းတုံ-မိုင္းပန္ကားလမ္းမေပၚ ေနာင္ပါရင္ရပ္ကြက္နဲ႔ ၀မ္နားရြာနားမွာ ေရ(၁)ေပေလာက္ေက်ာ္ၿပီး ေနာင္ပါရင္ရပ္ကြက္အနိမ့္ပိုင္းက လူေနအိမ္ ေတြလည္း ေရ(၁)ေပေလာက္၀င္တယ္၊ ေတာင္က်ေရဆိုေတာ့ သစ္ကိုင္းေတြနဲ႔အမိႈက္ေတြေမ်ာပါလာတာ လမ္းမ ေပၚေတာင္ေရာက္တယ္။ မနက္(၉)နာရီခဲြေလာက္မွာ ေရေတြျပန္က်သြားပါၿပီ။ လယ္ေတြက ေရျမဳပ္ေနေသးေတာ့ ပ်က္စီးမႈအေျခအေနမသိရေသးဘူး" ဟု ၀မ္နားေက်းရြာေန ေတာင္သူ ဦးစုစိႏၲက ေျပာသည္။

ေရက်သြားၿပီးေနာက္ ေတာင္က်ေရမ်ားစီးဆင္းမႈေၾကာင့္ ကားလမ္းမေပၚႏွင့္တံတားတြင္ တင္ရိွေနေသာ သစ္ကိုင္းႏွင့္ အမိႈက္မ်ားအား ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာမူးလာ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေနေအာင္ႏွင့္ ၿမဳိ႕နယ္ ရဲတပ္ဖဲြ႔မွဴး ရဲမွဴးေသာမတ္ဦးေဆာင္ေသာ ရဲတပ္ဖဲြ႔၀င္မ်ားႏွင့္ မီးသတ္တပ္ဖဲြ႔၀င္မ်ား၊ နယ္ေျမခံတပ္မေတာ္သားမ်ားက ၀ိုင္း၀န္းရွင္းလင္းေဆာင္ရြက္ေပးထားေၾက၇ာင္း သိရသည္။

ယေန႔ နံနက္ပိုင္းရြာသြန္းသည့္မိုးေရခ်ိန္မွာ (၃. ၀၃)လက္မရိွေၾကာင္း သိရၿပီး ေရႀကီးေရလွ်ံမႈေၾကာင့္
လူ၊ တိရစၧာန္ႏွင့္ ေနအိမ္အေဆာက္အအုံမ်ား ထိခိုက္ပ်က္စီးဆုံး႐ႈံးမႈမရိွေၾကာင္း သိရသည္။

သတင္း #သန္းေဇာ္(ျပန္/ဆက္)
ဓါတ္ပံု - စိုင္းေအာင္ေထြး

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းတုံမြို့တွင် နမ့်တုံချောင်းရေလျှံမှုကြောင့် (၅)နာရီဝန်းကျင်ကြာ ရေကြီးနစ်မြုပ်မှုဖြစ်ပွား
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး နမ့်တုံချောင်း ရေကြီးရေလျှံမှုကြောင့် ၂၀၁၈ ခုနှစ်၊ သြဂုတ် (၃၀) ရက်နေ့ နံနက် (၄) နာရီခွဲခန့်က ရေကြီးနစ်မြုပ်မှုဖြစ်ပွားပြီး နံနက်(၉)နာရီခွဲအချိန်တွင် ရေပြန်ကျသွားပြီဖြစ်ကြောင်း သိရသည်။

နံနက်(၄)နာရီခွဲခန့်က ချောင်းရေလျှံမှုကြောင့် မိုင်းဆတ်-မိုင်းတုံ-မိုင်းပန်ကားလမ်းမရေကျော်ပြီး နောင်ပါရင်ရပ်ကွက် အနိမ့်ပိုင်းရှိ လူနေအိမ်(၃၃)လုံးနှင့် တောင်သူ(၂၁၇)ဦး၏ လယ်မြေ (၃၆၅ .၂၅) ဧက ရေနစ်မြုပ်သွားကြောင်း သိရသည်။

"ဒီနေ့ မနက် (၂) နာရီလောက်ကစပြီး မိုးကသဲသဲမဲမဲရွာတာ။ မနက် (၄) နာရီခွဲလောက်ကျတော့ ရေတွေစတက်လာပြီး မိုင်းဆတ်-မိုင်းတုံ-မိုင်းပန်ကားလမ်းမပေါ် နောင်ပါရင်ရပ်ကွက်နဲ့ ဝမ်နားရွာနားမှာ ရေ(၁)ပေလောက်ကျော်ပြီး နောင်ပါရင်ရပ်ကွက်အနိမ့်ပိုင်းက လူနေအိမ် တွေလည်း ရေ(၁)ပေလောက်ဝင်တယ်၊ တောင်ကျရေဆိုတော့ သစ်ကိုင်းတွေနဲ့အမှိုက်တွေမျောပါလာတာ လမ်းမ ပေါ်တောင်ရောက်တယ်။
မနက်(၉)နာရီခွဲလောက်မှာ ရေတွေပြန်ကျသွားပါပြီ။ လယ်တွေက ရေမြုပ်နေသေးတော့ ပျက်စီးမှုအခြေအနေမသိရသေးဘူး" ဟု ဝမ်နားကျေးရွာနေ တောင်သူ ဦးစုစိန္တက ပြောသည်။

ရေကျသွားပြီးနောက် တောင်ကျရေများစီးဆင်းမှုကြောင့် ကားလမ်းမပေါ်နှင့်တံတားတွင် တင်ရှိနေသော သစ်ကိုင်းနှင့် အမှိုက်များအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသောမတ်ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများက ဝိုင်းဝန်းရှင်းလင်းဆောင်ရွက်ပေးထားကြေရာင်း သိရသည်။

ယနေ့ နံနက်ပိုင်းရွာသွန်းသည့်မိုးရေချိန်မှာ (၃. ၀၃)လက်မရှိကြောင်း သိရပြီး ရေကြီးရေလျှံမှုကြောင့်
လူ၊ တိရစ္ဆာန်နှင့် နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
သတင်း #သန်းဇော်(ပြန်/ဆက်)
ဓါတ်ပုံ - စိုင်းအောင်ထွေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~