Writen by
Cherry Htike
6:19:00 PM
-
0
Comments
အခင်းဖြစ်နေရာအား တာဝန်ရှိသူများက စစ်ဆေးပြီးနောက် ဒဏ်ရာရသူများကို မိုင်းဖြတ်မြို့ရှိ သင်္ဂဟလူမှုကူညီရေးအသင်းက မိုင်းဖြတ်ဆးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
သတင်း #ကိုသာ

~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
မိုင်းဖြတ်မြို့ ဆိုင်းလေရွာအနီး လမ်းအကွေ့တွင် အရှိန်လွန်ကားက တစ်ဖက်ယာဉ်ကြောမှ ရပ်ထားသည့်ကားကို ဝင်တိုက်၍ (၆)ဦး ဒဏ်ရာရ
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ ဆိုင်းလေရွာအနီးတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၉)ရက်နေ့ နေ့လယ်(၁၂)နာရီ (၄၅)မိနစ်ဝန်းကျင်က လမ်းအကွေ့တွင် အရှိန်လွန်လာသည့် မော်တော်ယာဉ်က တစ်ဖက်ယာဉ်ကြောမှ လမ်းဘေးချရပ်ပေးထားသည့် အငှားယာဉ်ကို ဝင်တိုက်မိ၍ လူ(၆)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။
ဆိုင်းလေရွာအနီး မိုင်တိုင်အမှတ် ၇၀၂/၇၀၃ ကီလိုမီတာကြားတွင် မိုင်းဖြတ်ဘက်မှ ကျိုင်းတုံဘက်သို့ မောင်းနှင်လာသည့် RANGER FORD ယာဉ်သည် အကွေ့တွင် အရှိန်လွန်ကာ တစ်ပတ်လည်လာသည်ကို မျက်နှာချင်းဆိုင်ယာဉ်ကြောတွင် ကျိုင်းတုံဘက်မှ မိုင်းဖြတ်ဘက်သို့ မောင်းနှင်လာသည့် HIACE ယာဉ်မှ ယာဉ်မောင်းက တွေ့ရသဖြင့် ယာဉ်အား လမ်းဘေးချရပ်ထားပေးစဉ် RANGER FORD ယာဉ်က ကားနောက်ပိုင်းဖြင့် ဝင်တိုက်မိသွားကာ လမ်းဘေးထိုးကျသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် HIACE ယာဉ်၏ ဦးခေါင်းပိုင်း ကြေမွပျက်စီးသွားကာ အဆိုပါယာဉ်ပေါ်ပါသည့် ခရီးသည် ဒေါ်နန်းဟွမ်နွမ်း၊ ဦးပေါကြွယ်၊ ဦးသိန်းတန်၊ မစိုးစိုး၊ ယာဉ်မောင်း ကျော်မျိုးသူနှင့် RANGER FORD မှ ယာဉ်မောင်း စိုင်းလုံတို့တွင် ဒဏ်ရာအသီးသီးရသွားကြောင်း သိရသည်။
အခင်းဖြစ်နေရာအား တာဝန်ရှိသူများက စစ်ဆေးပြီးနောက် ဒဏ်ရာရသူများကို မိုင်းဖြတ်မြို့ရှိ သင်္ဂဟလူမှုကူညီရေးအသင်းက မိုင်းဖြတ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
ယာဉ်မောင်း စိုင်းလုံအား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
သတင်း #ကိုသာ
ဓါတ်ပုံ -သင်္ဂဟလူမှုကူညီရေးအသင်း

No comments
Post a Comment
:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::