
သွဂုတျ 7, 2018
By 🌸




ဓါတ်ပုံ #ရဲတပ်ဖွဲ့

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့ ဝမ်ကုန်း(အာခါ)ရွာမှ သားအဖ(၃)ဦး စိတ်ကြွဆေးပြား (၁၉၀)ပြားနှင့်အတူ ဖမ်းဆီးခံရ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဝမ်ကုန်း(အာခါ)ရွာမှ နေအိမ်အား ဝင်ရောက်ရှာဖွေရာ သားအဖ(၃)ဦးနှင့်အတူ စိတ်ကြွဆေးပြား (၁၉၀)ပြား၊ စိတ်ကြွဆေးပြားသုံးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဝမ်ကုန်း(အာခါ)ကျေးရွာရှိ အာမဲ၏နေအိမ်အား မူယစ်ဆေးဝါးရှာဖွေခွင့်ဝရမ်းဖြင့် မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ၊ ကျိုင်းတုံမြို့မရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှု/ကူတို့သည် တပ်ဖွဲ့ဝင်များနှင့်အတူ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၆)ရက်နေ့ နေ့လယ်(၁)နာရီ (၅၀)မိနစ်တွင် ဝင်ရောက်ရှာဖွေရာ အာမဲ၊ သားဖြစ်သူ အားဖီနှင့် အာတီးတို့ (၃)ဦးကို နေအိမ်တွင် တွေ့ရကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အခန်းတွင်း ရှာဖွေရာ စိတ်ကြွဆေးပြား (၁၉၀)ပြားနှင့်အတူ မူးယစ်ဆေးအသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အာမဲ၊ အားဖီနှင့် အာတီးတို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၄၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရအမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~