မုိင္းခတ္ၿမိဳ႕ဘက္မွ က်ိဳင္းတံုၿမိဳ႕တြင္းသို႔ သယ္လာသည့္ ဘိန္းျဖဴ (၁)ဂရမ္ ဖမ္းဆီးရမိ

မုိင္းခတ္ၿမိဳ႕ဘက္မွ က်ိဳင္းတံုၿမိဳ႕တြင္းသို႔ သယ္လာသည့္ ဘိန္းျဖဴ (၁)ဂရမ္ ဖမ္းဆီးရမိ
သြဂုတ် 30, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းခတ္ၿမိဳ႕ဘက္မွ က်ိဳင္းတံုၿမိဳ႕တြင္းသို႔ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသားတစ္ဦးထံမွ ဘိန္းျဖဴ (၁)ဂရမ္ကို က်ိဳင္းတံုၿမိဳ႕၊ ေနာင္ဖာရဲကင္းေရွ႕တြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေနာင္ဖာရဲကင္းေရွ႕တြင္ ရဲတပ္ဖြဲ႕ႏွင့္သက္ေသမ်ားပါသည့္ ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးေနစဥ္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၉)ရက္ေန႔ ေန႔လယ္ (၁၂)နာရီ (၁၅)မိနစ္က အသက္(၅၁)ႏွစ္အရြယ္ စိုင္းတစ္ဆိုသူထံမွ ဘိန္းျဖဴ (၁)ဂရမ္ကို ဖမ္းဆီးရမိသျဖင့္ က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၇၀/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံုမွ ဒုရဲအုပ္ေဇယ်ာသြင္ဦးစီးတပ္ဖြဲ႕ဝင္မ်ား၊ ေနာင္ဖာရဲကင္းမွ ရဲအုပ္ မင္းလြင္ေအးဦးစီးတပ္ဖြဲ႕ဝင္မ်ား၊ ခရိုင္ရဲတပ္ဖြဲ႕(မႈ/ႏွိမ္)မွ ရဲတပ္သား အားစို႔၊ အမွတ္(၁၁၆) ယာဥ္ထိန္းရဲတပ္ဖြဲ႕စုမွ ရဲတပ္ၾကပ္ႀကီး ကိုကိုႏုိင္၊ စရဖမွ တပ္ၾကပ္သိန္းတန္တို႔ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းခတ်မြို့ဘက်မှ ကျိုင်းတုံမြို့တွင်းသို့ သယ်လာသည့် ဘိန်းဖြူ (၁)ဂရမ် ဖမ်းဆီးရမိ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့ဘက်မှ ကျိုင်းတုံမြို့တွင်းသို့ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးထံမှ ဘိန်းဖြူ (၁)ဂရမ်ကို ကျိုင်းတုံမြို့၊ နောင်ဖာရဲကင်းရှေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

နောင်ဖာရဲကင်းရှေ့တွင် ရဲတပ်ဖွဲ့နှင့်သက်သေများပါသည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေစဉ် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်နေ့ နေ့လယ် (၁၂)နာရီ (၁၅)မိနစ်က အသက်(၅၁)နှစ်အရွယ် စိုင်းတစ်ဆိုသူထံမှ ဘိန်းဖြူ (၁)ဂရမ်ကို ဖမ်းဆီးရမိသဖြင့် ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၇၀/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ဒုရဲအုပ်ဇေယျာသွင်ဦးစီးတပ်ဖွဲ့ဝင်များ၊ နောင်ဖာရဲကင်းမှ ရဲအုပ် မင်းလွင်အေးဦးစီးတပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)မှ ရဲတပ်သား အားစို့၊ အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီး ကိုကိုနိုင်၊ စရဖမှ တပ်ကြပ်သိန်းတန်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~